2
ကျွန်မသည် ရှာရုန်နှင်းဆီပန်း၊ ကွင်းပြင်၌ ပေါက်သောနှင်းပန်းဖြစ်ပါ၏။ ငါချစ်ဆွေလည်း၊ သတို့သမီးစုထဲမှာ၊ ဆူးကြားတွင် နှင်းပန်းကဲ့သို့ဖြစ်၏။
ကျွန်မ၏ချစ်သူသည်၊ သတို့သားစုထဲမှာ၊ တောပင်စုတွင် သစ်သော့ပင်ကဲ့သို့ဖြစ်၏။ ကျွန်မသည် သူ၏အရိပ်၌၊ နှစ်သက်ခိုဝင်၍၊ အသီးကိုမြိန်ရှက်စွာစားရ၏။ ပျော်ပွဲအိမ်သို့ ကျွန်မကိုဆောင်သွား၍၊ ကျွန်မအပေါ်၌ မေတ္တာတော်အောင်လံကို စိုက်ထူတော်မူခဲ့ပြီ။ ကျွန်မသည် ဝေဒနာကပ်အောင်ချစ်သည်ဖြစ်၍၊ စပျစ်ပျဉ်နှင့် အားဖြည့်လျက်၊ သစ်သော့သီးနှင့် သက်သာခွင့်ရပါစေ။ အရှင်၏လက်ဝဲလက်သည် ကျွန်မဦးခေါင်းကို ထူမလျက်၊ လက်ျာလက်လည်းပိုက်ဖက်ပါစေ။
အချင်း ယေရုရှလင်မြို့သူတို့၊ ချစ်ခြင်းမေတ္တာအလိုအလျောက် မဖြစ်ပွားမီ၊ မထကြွမနှိုးဆော်စေခြင်းငှာ၊ တောရှိသမင်ဒရယ်မတို့ကို တိုင်တည်၍ ကျွန်မတောင်းပန်ပါ၏။
ကျန်မချစ်သူ၏အသံတကား၊ ကြည့်လော့။ တောင်ကြီးတောင်ငယ်တို့အပေါ်၌ ခုန်ပေါက်လျက်လာပြီ။ ကျွန်မချစ်သူသည်၊ ပျိုရွယ်သောသမင်ဒရယ်နှင့်တူ၏။ ကြည့်လော့။ ထရံပြင်မှာရပ်လျက်၊ ပြၗၗူတင်းဝကကြည့်လျက်၊ အခန်းဆီးကြားမှာ ချောင်းလျက်နေ၏။ 10 ချစ်သူသည်၊ ကျွန်မအား ပြောဆိုသည်မှာ၊ ငါ၏ချစ်ဆွေအလှ၊ ထ၍ထွက်လာခဲ့ပါ။ 11 ဝသန္တကုန်လွန်၍၊ မိုးလည်းကင်းခဲ့ပြီ။ 12 မြေပေါ်မှာ ပန်းများပွင့်၍၊ ကြွေးကြော်ချိန်ရောက်လေပြီ။ နေပြည်၌ ချိုးငှက်တို့တွန်ကူသံကိုလည်း ကြားရ၏။ 13 သဖန်းပင်သည်၊ အသီးစိမ်းကိုမှည့်ဝင်းစေ၍၊ စပျစ်ပင်လည်း ပွင့်လျက်မွှေးကြိုင်ပြီ။ ငါ့ချစ်ဆွေအလှ၊ ထ၍လာခဲ့ပါ။ 14 ကမ်းပါးရံကွယ်ရာကျောက်တွင်း၌ ခိုနေသောငါ့ချိုးငှက်၊ သင်၏မျက်နှာလှ၍ စကားချိုသောကြောင့်၊ မျက်နှာကို မြင်လျက် စကားကိုကြားပါရစေ။ 15 ငါတို့၏စပျစ်ဥယျာဉ်သည်၊ ပွင့်လျက်ရှိသည်ဖြစ်၍၊ ထိုစပျစ်ပင်များကို ဖျက်တတ်သောမြေခွေးများနှင့် မြေခွေးငယ်တို့ကို ဖမ်းဆီးကြလော့။
16 ချစ်သူသည်ကျွန်မပိုင်၊ ကျွန်မလည်း အရှင်ပိုင်ဖြစ်ပါ၏။ နှင်းတောတွင် ထိန်းကျောင်းလေ့ရှိ၏။ 17 ကျွန်မ၏ချစ်သူ၊ ညနေချမ်းတိုင်၍အရိပ်မပျောက်မီ၊ ဗေသာတောင်ပေါ်မှာ ပျိုရွယ်သောသမင်ဒရယ်ကဲ့သို့ပြန်ကြွတော်မူပါ။