7
ထိုနောက် ထာဝရဘုရားသည် ဘုရင်မင်းကိုဝန်းဝိုင်းသော ရန်သူဟူသမျှ ကင်းငြိမ်းစေတော်မူ သည့်အတိုင်း နန်းတော်တွင်စံနေရသောအခါ ဘုရင်မင်းက ကြည့်လော့။ ငါသည်သစ်ကတိုး နန်းတော်၌စံနေရ၏။ ဘုရားသခင့်သေတ္တာတော် မူ တင်းတိမ်ရံအတွင်း၌ စံနေရသေးသည်တကားဟု ပရောဖက်နာသန်အား မိန့်ဆိုလျှင် သဘောတော်ရှိရာပြုတော်မူပါေတာ့၊ ထာ၀ရဘုရားသည်ဘုရင်မင်းနှင့် အတူရှိတော်မူသည်ဟု နာသန်ပြန်ပြောလေ၏။ ထိုညဉ့်တွင် နာသန်သို့ထာဝရဘုရား၏ ဗျာဒိတ်တော်ရောက်သည်မှာ ငါ့ကျွန်ရင်းဒါဝိဒ်ထံသွား၍ ထာဝရဘုရားက သင်သည်ငါစံနေရာဗိမာန်ကိုတည်ဆောက်ရ မည်လော။ ဣသရေလအမျိုးသားတို့ကို အိဂျစ်ပြည်မှထုတ်ဆောင်သောနေ့ကစ၍ ယနေ့တိုင်အောင်၊ ဗိမာန်နှင့်ငါမနေ။ စံရာယာယီတဲနှင့်သာကြွချီခဲ့၏။ ဣသရေလအမျိုးသားတို့နှင့်အတူ ငါကြွချီရာ အရပ်ရပ်၌ ငါစံနေရန်သစ်ကတိုးဗိမာန်ကို အဘယ်ကြောင့်မတည်မဆောက်သနည်းဟူ၍ ဣသရေလလူမျိုးတော်ကို အုပ်ထိန်းရန် ခန့်ထားသောဣသရေလတရားမင်းတစ်ဦးတစ်ယောက်အား မိန့်ဆိုဘူးသလောဟု မိန့်တော်မူကြောင်း ဆင့်ဆိုရမည့်ပြင်၊ ငါ့ကျွန်ရင်းဒါဝိဒ်အား ဆက်လက်ဆင့်ဆိုရမည်မှာ ဣသရေလလူမျိုးတော်အပေါ် တွင် မင်းဖြစ် စေရန် ထိန်းကျောင်းနေရာသိုးခြံထဲမှ သင့်ကိုငါရွေးထုတ်သည်နှင့်အညီ သွားလေရာရာငါပါရှိလျက် ရန်သူအပေါင်းတို့ကို သင့်ရှေ့မှငါပယ်ရှားလေပြီ။ ၎င်းပြင်၊ မြေပေါ် တွင် ကျော်စောကိတ္တိရှိသူတို့ကဲ့သို့ သင့်အားကျော်စောကိတ္တိရှိစေမည်။ 10-11 ဣသရေလလူမျိုးတော်အားလည်း နေရာကိုစီမံချထားလျက် နောင်မရွှေ့မပြောင်းရဘဲ ထိုနေရာတွင်တည်မြဲစေလိမ့်မည်။ ဣသရေလလူမျိုးတော့်အပေါ်မှာ တရားမင်းတို့ကို ငါခန့်ထားရာနေ့၊ ယမန်ကာလကဲ့သို့ မတရားသူတို့ညှဉ်းပန်းရကြတော့မည်မဟုတ်။ သင့်ရန်သူဟူ သမျှကင်းငြိမ်းစေ၍ သင့်အိမ်ထောင်ကိုအစဉ်အဆက်တည်ဆောက်လတံ့ဟု ငါထာဝရဘုရား ဖော်ပြ၏။ 12 သင့်အသက်တာစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်ပြီးနောက် သင်မှဆင်းသက်သော အနွယ်ကို ငါတင်မြှောက်လျက် အုပ်စိုးခွင့်ကိုတည်စေလိမ့်မည်။ 13 ထိုသူသည် ငါ့နာမအဖို့ ဗိမာန်ကိုတည်ဆောက်ရလိမ့်မည်။ ငါလည်း သူ့ရာဇပလ္လင်ကို ကာလအစဉ်တည်မြဲစေမည်။ 14 ငါနှင့်သူသည် သားအဘဖြစ်လတ္တံ့။ ဒုစရိုက်ကိုသူပြုမိလျှင် လူ့သားတို့ခံထိုက်သောကြိမ်ဒဏ် ချက်ဖြင့်သာ ငါဆုံးမ၍ 15 သင့်အရင်ငါပယ်ရှားသောရှောလုမှ ကရုဏာကိုရုပ်သိမ်းသည့်နည်းတူ သင့်အနွယ်မှရုပ်သိမ်း မည်မဟုတ်။ 16 သင့်အိမ်ထောင်နှင့်အုပ်စိုးခွင့်သည် သင့်နောက်အစဉ်တည်မြဲလိမ့်မည်။ ရာဇပလ္လင်လည်းတည် မြဲလိမ့်မည်ဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုလော့ဟူ၍တည်း။ 17 နာသန်လည်း ထိုဗျာဒိတ်ရူပါရုံဟူသမျှကို ဒါဝိဒ်မင်းအား ဆင့်ဆိုလေ၏။
18 ထိုအခါ ဒါဝိဒ်မင်းသည် ထာဝရဘုရားရှေ့တော်သို့ တိုးဝင်ပျပ်ဝပ်လျက် အိုအရှင်ထာဝရဘုရား အကျွန်ုပ်နှင့်ဆွေမျိုးသားချင်းတို့သည် မည်သို့သောသူဖြစ်၍ ဤအဖြစ်အနေသို့ပို့ဆောင်ခြင်းကျေးဇူး တော်ကိုခံရပါသနည်း။ 19 အိုအရှင်ထာဝရဘုရား ထိုကျေးဇူးတော်ကို သာမညသဖွယ် မှတ်ယူတော်မူလျက် ရှည်လျား သောနောင်ကာလတိုင်အောင် ကျွန်တော်မျိုး၏အိမ်ထောင်ကို ရည်၍ လူတို့ဘာဝအလိုက်မိန့်တော် မူပါပြီတကား၊ အိုအရှင်ထာဝရဘုရား 20 ကျွန်တော်ကိုသိမှတ်တော်မူသည့်အတိုင်း အကျွန်ုပ်ဒါဝိဒ်ကမည်သို့တောင်းလျှောက်ရပါဦးမည် နည်း၊ အိုအရှင်ထာဝရဘုရား။ 21 ဤကြီးမြတ်သောကျေးဇူးအလုံးစုံကို ကျွန်တော်မျိုးသိခွင့်ရစေရန် ဗျာဒိတ်တော်ကိုထောက်၍ သဘောတော်မြတ်ရာပြုတော်မူပါပြီ။ 22 သို့နှင့်အညီ၊ အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အကျွန်ုပ်တို့ ကြားသိသမျှတွင် ကိုယ်တော်နှင့်တူသောဘုရား ကိုယ်တော်မှတစ်ပါးအခြားသောဘုရားမရှိပါ။ 23 အိဂျစ်ပြည်မှစ၍ အခြားပြည်များနှင့် ချင်းတို့ဘုရားများအတွင်းမှ ရွေးနုတ်တော်မူခဲ့သော လူမျိုးတော့်အဖို့လည်းေကာင်း၊ ပြည်တော့်အဖို့လည်းေကာင်း၊ ထိုလူမျိုးတော့်ရှေ့တွင် ကြောက်မက်ဖွယ်အမှုကြီးများ ကို စီရင်လျက် ကျော်စောကိတ္တိရအံ့သောငှါ ကိုယ်တော်တိုင်ကြွ၍ ပိုင်ရာတော်အဖြစ်ရွေးနုတ်တော်မူ သော ဣသရေလလူမျိုးကဲ့သို့ မြေကြီးပေါ်တွင်လူမျိုးရှိသေးသလော။ 24 ကိုယ်တော်သည် ပိုင်ရာတော်အဖြစ် ဣသရေလလူမျိုးတော်ကို အစဉ်တည်မြဲစေတော်မူသည် နှင့်အညီ ထိုလူမျိုး၏ဘုရားဖြစ်တော်မူပါပြီ။ 25 အိုထာဝရဘုရား၊ ကျွန်တော်မျိုးနှင့်အိမ်ထောင်ပါရည်၍ မိန့်တော်မူချက်ကို ယခုအမြဲအတည် ပြုလျက်အမိန့်တော်အတိုင်းပြုတော်မူပါ။ အိုထာဝရဘုရားသခင် 26 ဗိုလ်ခြေတို့အရှင် ထာဝရဘုရားသည် ဣသရေလလူမျိုးအပေါ်တွင် ဘုရားသခင်ဖြစ်တော်မူ သည်ဟူ၍ နာမတော်ကို အစဉ်အမြဲချီးမြှောက်ကြပါစေသော၊ ကိုယ်တော့်ကျွန် ဒါဝိဒ်၏အိမ်ထောင် လည်း မျက်မှောက်တော်တွင် တည်မြဲပါလိမ့်မည်။ 27 အိုဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလူမျိုး၏ဘုရားသခင် ကိုယ်တော်ပင် သင့်အိမ် ထောင်ကိုအစဉ်အဆက်ငါတည်ဆောက်မည်ဟု ကျွန်တော်မျိုးအား ဗျာဒိတ်ပေးတော်မူသောကြောင့် သာ ရှေ့တော်တွင် ဤပဌနာကို ကျွန်တော်မျိုးပြုဝံ့ပါ၏။ 28 အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မှန်သောဘုရားဖြစ်တော်မူပါ၏။ ဗျာဒိတ်တော်လည်း ဟုတ်မှန်ပါ၏။ ဤကျေးဇူးတော်ကို ကျွန်တော်မျိုးအား သနားမည်ဟု သစ္စာဆိုတော်မူပါပြီ။ 29 သို့ဖြစ်၍ အိုအရှင်ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း ကျွန်တော်မျိုး၏အိမ်ထောင်သည် စဉ်ဆက်မပြတ် ရှေ့တော်တွင်တည်ခွင့်ရစေရန် ကောင်းကြီးပေးသနားတော်မူပါ။ စဉ်ဆက်မပြတ် ကျွန်တော်မျိုး၏အိမ်ထောင်၌ ကောင်းကြီးမင်္ဂလာတော်တည်ရှိပါစေသောဟူ၍ တောင်းလျှောက် သတည်း။