6
နောက်တစ်ဖန် ဒါဝိဒ်မင်းသည် ဣသရေလလက်ရွေးဟူသမျှ ရဲမက်သုံးသောင်းတို့ကိုစုဝေးစေ ပြီးလျှင် ခေရုဗတို့အထက်စံတော်မူသော ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏နာမတော်ဖြင့် သမုတ်ခံရာ ဘုရားသခင့်သေတ္တာတော်ကို ယုဒနယ်၊ ဗာလာမြို့မှ၊ ပင့်ဆောင်ခြင်းငှါ၊ နောက်ပါသူအပေါင်းတို့နှင့် တကွ ချီသွားလေ၏။ ကုန်းပေါ်ရှိအဘိနဒပ်အိမ်ထဲမှ ဘုရားသခင့်သေတ္တာတော်ကို လှည်းသစ်ပေါ်တွင် တင်၍ ပင့်ဆောင်ရာ အဘိနဒပ်၏သား၊ သြဇနှင့်အဟိသြတို့သည် ထိုလှည်းကိုမောင်းနှင်ရကြ၏။ ထိုသို့ကုန်းပေါ်ရှိအဘိနဒပ်အိမ်မှ ဘုရားသခင့်သေတ္တာတော်တင်လှည်းကို ထုတ်ယူသောအခါ သေတ္တာတော်ရှေ့အဟိသြဦးစီးလျက် ဒါဝိဒ်မင်းနှင့်တကွ ဣသရေလအမျိုးသားအပေါင်းတို့သည် ထင်းရူးသားဖြင့် လုပ်သော စောင်း၊ တယော၊ ပတ်သာ၊ လှုပ်ချူနှင့် လက်ကွင်းစသော တူရိယာများကို၊ ထာဝရဘုရားရှေ့တော်၌ တီးမှုတ် ကြကုန်၏။ နာခုန်၏တလင်းသို့ရောက်သော် နွားတိုက်လဲသည်နှင့် သြဇသည် ဘုရားသခင့်သေတ္တာတော်ကို ကိုင်ဆွဲမိသောကြောင့် ထာဝရဘုရားအမျက်တော်ထား၍ မှောက်မှားခြင်းအတွက် ခတ်တော်မူသောဘုရားသခင့် ဒဏ်ချက်ဖြင့် သေတ္တာတော်အနီး၌ပင် သြဇာသေလေ၏။ သြဇကိုထာဝရဘုရား ထိုသို့ခွင်းဖောက်တော်မူသောကြောင့် ဒါဝိဒ်မင်းသည် စိတ်နာ၍ ထိုအရပ် ကိုယနေ့တိုင်အောင် 6.8 အနက်ကား၊ သြဇကိုခွင်းဖောက်ခြင်း။​ပေရဇောဇအမည်တွင်စေသတည်း။ ဒါဝိဒ်မင်းကလည်း၊ ထာဝရဘုရား၏ သေတ္တာတော်သည် ငါ့ထံမည်သို့ရောက်နိုင်အံ့နည်းဟု အောက်မေ့လျက် ထိုကာလထာဝရဘုရားကို ကြောက်ရွံ့၍ 10 ကိုယ့်နေရာမြို့တော်တွင်းသို့ ထာဝရဘုရား၏သေတ္တာတော်ကို မပင့်မသွင်းဝံ့ဘဲ ဂါသမြို့သား သြဗဒေဒုံ့အိမ်တွင် လွှဲတင်ထားရာ 11 ထိုဂါသမြို့သား သြဗဒေဒုံ့အိမ်၌ ထာဝရဘုရား၏သေတ္တာတော် ထားသမျှသုံးလပတ်လုံး၊ ထာဝရဘုရားသည် သြဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို အကျိုးထူးပေးတော်မူ၏။ 12 ဘုရားသခင့်သေတ္တာတော်ကြောင့် သြဗဒေဒုံနှင့် ပိုင်သမျှကို ထာဝရဘုရားအကျိုးထူးပေးတော် မူကြောင်း ဒါဝိဒ်မင်းကြားသိသောအခါ တစ်ဖန်ထွက်၍ သြဗဒေဒုံ့အိမ်မှ ကိုယ့်မြို့တော်သို့ ဘုရားသခင် သေတ္တာတော်ကို ဝမ်းမြောက်စွာပင့်ဆောင်စဉ် 13 သေတ္တာတော်ထမ်းသူတို့သည် ခြေခြောက်လှမ်းသွားပြီးမှ ဆူဖြိုးသောနွားများကို ဆက်ကပ် ပူဇော်လေ၏။ 14 ဒါဝိဒ်မင်းလည်း ပိတ်ကိုယ်ဝတ်ကို ဝတ်ဆည်းလျက် ထာဝရဘုရားရှေ့တော်၌ ကြိုးပန်းစွာ ကခုန်လေ၏။ 15 ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသို့ကြွေးကြော်လျက် တံပိုးမှုတ်လျက် ထာဝရဘုရား၏ သေတ္တာတော်ကိုပင့်ဆောင်ကြရာ 16 ဒါဝိဒ်မြို့တော်တွင်းသို့ ထာဝရဘုရား၏သေတ္တာတော်ဝင်ရောက်ဆဲအခါ ရှောလုမင်းသမီးတော်မိခါလသည် ပြူတင်းပေါက်မှစီးကြည့်၍ ထာဝရဘုရားရှေ့ ဒါဝိဒ်မင်း ကခုန် လျက်လာသည်ကိုမြင်သော် 17 မခန့်မညားနှလုံးသွင်းလေ၏။ ထာဝရဘုရား၏သေတ္တောတော်ကိုသွင်း၍ ဒါဝိဒ်မင်းစိုက်ထား ပြီးသောတဲတော်ဗဟိုတွင် သင့်မြတ်စွာထားပြီးမှ မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို ထာဝရ ဘုရားရှေ့တော်၌ ဒါဝိဒ်မင်းဆက်ကပ်ပူဇော်လေ၏။ 18 မီးရှို့ရာသက္ကာနှင့်မိတ်သဟာယသက္ကာပူဇော်ခြင်းကိစ္စကို ဆောင်ရွက်ပြီးလျှင် ဗိုလ်ခြေတို့ အရှင်ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ လူပရိသတ်အား ကောင်းကြီးပေးလျက် 19 ဣသရေလတစ်မျိုးလုံးတည်းဟူသော ထိုပရိသတ်၊ ယောက်ျား၊ မိန်းမတို့အား တစ်ယောက် လျှင်မုန့်ပေါက်တစ်လုံး၊ အမဲတစ်တုံး၊ စပျစ်ပြဉ်တစ်ပြားစီဝေငှပြီးနောက် အသီးအသီးကိုယ့်အိမ်သို့ ပြန်သွားရကြ၏။
20 နန်းတော်သားတို့ကို ကောင်းကြီးပေးအံ့သောငှါ ဒါဝိဒ်မင်းဝင်ရောက်သောအခါ ရှောလုမင်း သမီးတော်မိခါလသည် ကြိုဆိုလျက် တင်လျှောက်သည်မှာ ပေါ့ပျက်သူအရှက်မဲ့အဝတ်လစ်သည့် နည်းတူ၊ ကျေးကျွန်သင်းပင်းတို့၏ ကျွန်မိန်းမများရှေ့တွင်ပင် အဝတ်လစ်သောဣသရေလဘုရင် သည် ယနေ့အလွန်ဘုန်းတော်ကြီးပါသည်တကားဟု လျှောက်ဆိုသော် 21-22 ဒါဝိဒ်မင်းက ထာဝရဘုရား၏လူမျိုးတော်ဖြစ်သော ဣသရေလအပေါ်တွင်မင်းအဖြစ် ဖြင့်သင့်ခမည်းတော်နှင့် ဆွေတော်မျိုးတော်တို့အစား ငါ့ကိုရွေးချယ်တော်မူသော ထာဝရဘုရားရှေ့ တော်တွင် ငါကခုန်ပေ၏။ ထိုထက်မက၊ မခန့်မညားခံသင့်အောင် ထာဝရဘုရားရှေ့တော်တွင် တီးမှုတ်ဦးမည်။ ငါ့စိတ်ရင်းအတိုင်း ယုတ်မာသော်လည်း သင်ပြောသောကျွန်မိန်းမတို့ကား ငါ့ကိုချီး မွမ်းကြလိမ့်မည်ဟု မိခါလအား ပြန်ဆို၏။ 23 ရှောလုမင်းသမီးတော်မိခါလလည်း အသက်ထက်ဆုံး သားသမီးမဖွားမမြင်ရချေ။