23
ဒါဝိဒ်မင်းနောက်ဆုံးဖွဲ့ဆိုခြင်းကား ချီးမြှောက်ခံရသူ ယာကုပ်၏ဘုရားသခင့်ထံဘိသိက်တော် ခံမင်း ဣသရေလလူမျိုး၌ သာယာစွာဖွဲ့ဆိုသော ယေရှဲသားဒါဝိဒ်က ထာဝရဘုရား၏ဗျာဒိတ်တော်သည် ငါ့နှုတ်တွင်ရှိလျက် ဝိညာဉ်တော်သည် ငါ့အားဖြင့် မိန့်တော်မူ၍ ဣသရေလလူမျိုး၏ဘုရားသခင်၊ ဣသရေလလူမျိုး၏ကျောက်တောင်တော်ကလည်း၊ ငါဘုရားကို ခန့်ညားလျက် လူတို့အပေါ်တွင် ဖြောင့်မတ်စွာအုပ်စိုးစီရင်သူသည် နေဝန်းပေါ်လာ၊ အရှိန်များဖြာသကဲ့သို့လည်းေကာင်း၊ မိုးတိမ်မသန်း၊ နေအရောင်လျှမ်းသကဲ့သို့လည်းေကာင်း၊ မိုးရွာပြီးနောက် အလင်းဆိုက်ရောက်၊ မြက်နုပေါက်သကဲ့သို့လည်းေကာင်း၊ ဖြစ်လိမ့်သတည်းဟု ငါ့အားမိန့် တော်မူပြီ။ ငါ့အမျိုးအနွယ်သည် ဘုရားသခင့်ရှေ့ ထိုသို့ပင်မဟုတ်လော။ သေချာစွာစီမံ၍ စောင့်ရှောက်တော်မူအံ့သော ထာဝရပဋိညာဉ်ကို ငါနှင့်ဖွဲ့တော်မူပြီ။ အောင်မြင်ခွင့်မှစ၍ ငါလိုသမျှကို ဖြစ်ပွားစေတော်မူပြီမဟုတ်လော။ တရားမဲ့သူတို့မူကား လက်ကိုင်မရ၊ ထိုးပစ်၍ချရသောဆူးလေပင်သဖွယ်ဖြစ်၏။ ထိလိုသောသူသည် သံတုတ်၊ လှံတံကိုင်စွဲရမည်။ ပေါက်ရာအရပ်၌ပင် မီးရှို့ခံရသတည်းဟု မြွက် ဆိုလေ၏။
ဒါဝိဒ်မင်း၏သူရဲကောင်းတို့အမည်များကား 23.8 ဤအချက်ကို၊ ၁ ရာဇ၀ံသ ၁၁း၁၀ အလိုက်ပြင်ဆင်ခဲ့ပြီ။ဗိုလ်မှူးတို့တွင် အကြီးဆုံးဖြစ်သူ၊ လူရှစ်ရာကို လှံဖြင့်တစ်ခါတည်းလုပ်ကြံသော ဟခမောနိသား ယာရှောဗံတည်း။ ဒုတိယဗိုလ်ကား ဣသရေလသူရဲတို့ ဆုတ်ပြေးကြသည့်နောက် စစ်တိုက်ရန်စုရုံးပြီး ဖိလိတ္တိသူရဲ တို့ကို ဒါဝိဒ်မင်းနှင့်တကွ မထီလေးစားပြုသူရဲဗိုလ်သုံးဦးတို့အပါ အာဟော့အနွယ်၊ ဒေါဒေါ့သားဧလာ ဇာတည်း။ 10 ထိုသူထွက်သွားလျက် လက်ညောင်း၍ဓားကိုမလွှတ်မခွာနိုင်သည့်တိုင်အောင် ဖိလိတ္တိသူရဲတို့ ကိုလုပ်ကြံရာ ထိုနေ့ချင်းတွင် ကြီးစွာသောအောင်မြင်ခွင့်ကို ထာဝရဘုရားပေးတော်မူသည်နှင့် တပ်တော်သားတို့သည် လုယူရုံမျှသာလှည့်ပြန်ရကြသတည်း။ 11 တတိယဗိုလ်ကား ဟာရာမြို့နေ၊ အာဂိသားရှမ္မတည်း။ ပဲမြေကွက်၌ ဖိလိတ္တိသူရဲတို့စုရုံးစဉ်၊ တပ်တော်သားတို့ဆုတ်ပြေးကြသည့်ကာလ 12 ထိုသူသည် မြေကွက်အလယ်တွင် ရပ်တန့်ခုခံလျက် ဖိလိတ္တိသူရဲတို့ကို လုပ်ကြံသဖြင့် ကြီးစွာသောအောင်မြင်ခွင့်ကို ထာဝရဘုရားပေးတော်မူ၏။ 13 ဦးဆောင်ဗိုလ်သုံးကျိပ်အနက် သုံးယောက်တို့သည် စပါးရိတ်သိမ်းရာကာလတွင် ရေဖိမ်ချိုင့်၌ ဖိလိတ္တိတပ်သားတို့စွဲရပ်လျက်နေကြစဉ် ဒါဝိဒ်ရှိရာအဒုလံဥမင်သို့ ဆင်းသွားကြ၏။ 14 ဒါဝိဒ်သည် ခိုင်လုံသောဥမင်တွင်နေ၍ ဖိလိတ္တိကင်းတပ်လည်း ဗက်လင်မြို့မှာစွဲခိုက် 15 ဗက်လင်မြို့တံခါးအနီးရှိ တွင်းရေကို ငါသောက်ပါရစေဟု ဒါဝိဒ်တောင့်တပြောဆိုမိရာ ထိုရဲဗိုလ်သုံးယောက်တို့သည် 16-17 ဖိလိတ္တိတပ်ကို ဖောက်ထွင်းပြီးလျှင် ဗက်လင်မြို့တံခါးအနီးရှိ တွင်းရေကိုခပ်ယူလျက် ဒါဝိဒ်အား ပေးကြ သော် ဒါဝိဒ်က၊ အိုထာဝရဘုရား ကိုယ့်အသက်ကိုစွန့်စား၍ သွားခပ်သောထိုသူတို့ အသွေးကို သောက်ခြင်းအမှုသည် အကျွန်ုပ်နှင့်ကင်းဝေးပါစေသောဟုဆိုလျက် မသောက်ဘဲ ထာဝရဘုရား ရှေ့တော်၌ သွန်းလောင်းလေ၏။ ဆိုခဲ့သောရဲဗိုလ်သုံးယောက်တို့သည် ထိုအမှုများကိုပြုကြသတည်း။ 18 ဇေရုယာ့သား၊ ယွာဘညီ၊ အဘိရှဲသည် ဆိုခဲ့သောဗိုလ်သုံးယောက်တို့တွင် ဦးဆောင်ဖြစ်လျက် ရန်သူသုံးရာကို လှံဖြင့် လုပ်ကြံသည်နှင့်အညီ ရဲဗိုလ်သုံးဦးတို့နှင့်အတူ ကျော်စောကိတ္တိရှိ၏။ 19 သုံးယောက်တို့အနက် အသရေရှိသောကြောင့် ဗိုလ်မှူးဖြစ်သော်လည်း ရဲဗိုလ်သုံးဦးတို့ဘွဲ့ကို မရချေ။ 20 မြောက်မြားစွာပြုဘူးသော ကပ်ဇေလမြို့နေ သူရဲယောယုဒသား၊ ဗေနာယလည်း၊ မောဘ လူမျိုးအရေလသားနှစ်ယောက်ကို သတ်သည့်ပြင် မြေတွင်း၌အောင်းနေသောခြင်္သေ့ကို မိုးပွင့် ကျရာကာလတွင် ဆင်းဝင်သတ်လေ၏။ 21 လှံလက်နက်စွဲကိုင်သော စွမ်းရည်ကောင်းသူ အိဂျစ်လူမျိုးတစ်ယောက်ထံ တုတ်နှင့်သာ ချဉ်းဝင်၍ ထိုအိဂျစ်လူမျိုးလက်မှ လှံကိုလုယူပြီးလျှင် ၎င်းလှံဖြင့် ထိုးသတ်လေ၏။ 22 ယောယဒသား ဗေနာယထိုသို့ပြုသဖြင့် ရဲဗိုလ်သုံးဦးတို့နှင့်အတူ ကျော်စောကိတ္တိရှိ၏။ 23 ဗိုလ်သုံးကျိပ်တို့ထက် အသရေရှိသော်လည်း ရဲဗိုလ်သုံးဦးတို့ဘွဲ့ကိုမရချေ။ ဒါဝိဒ်မင်းသည် ကိုယ်ရံတော်မှူးရာထူးကို ခန့်ထားသတည်း။
24 ဗိုလ်သုံးကျိပ်အပါအဝင်များကား ယွာဘညီအာသဟေလ ဗက်လင်မြို့နေ ဒေါဒေါ့သားဧလ ဟာနန် 25 ဟာရုတ်မြို့သားရှမ္မ။ ဟာရုတ်မြို့သား ဧလိက 26 ပါလက်မြို့သား ဟေလက် တေကောမြို့နေ ဣကေရှ 27 သားဣရ။ အာနသုတ်မြို့သားအဗျေဇာ။ ဟုရှမြို့သား မေဗုန္နဲ။ 28 အာဟော့အနွယ်ဇာလမုန်၊ နေတောဖမြို့သား မဟာရဲ 29 နေတောဖမြို့နေ၊ ဗာနာ့သားဟေလက် 30 ဗင်္ယာမိန်နယ်၊ ဂိဗာမြို့နေ၊ ရိဘဲသား အိတ္တဲ။ ပိရသုန်မြို့သား ဗေနာယ 31 ဂါရှချိုင့်သားဟိဒ္ဒဲ။ အရာဗမြို့သားအဗျာလဗုန်။ 32 ဗာရုဟိမ်မြို့သား အာဇမာဝက်။ ရှာလဗိမ်မြို့သားဧလျာဘ ယာရှင်၏သားတို့ ယောနသန် 33 ဟာရာမြို့သားရှမ္မ။ အာရာမြို့နေ ရှာရသားအဟိအံ။ 34 မာခါမြို့နေ အဟသဘဲသားဧလိဖလက် ဂိလောမြို့နေ 35 အဟိသောဖေလသားဧလျံ ကရမေလမြို့သား ဟေဇရဲ 36 အာရပ်မြို့သားဖာရဲ ဇောဘမြို့နေ နာသန့်သား ဣဂါလ 37 ဂဒ်နယ်သားဗာနိ အမ္မုန်မျိုးဇေလက်။ ဇေရုယာ့သား ယွာဘ၏လက်နက်ကိုင် ဗေရုတ်မြို့နေနဟာရဲ 38 ဣသရိအနွယ်ဣရ။ ဣသရိအနွယ်ဂါရက် 39 ဟိတ္တိမျိုးဥရိယ ပေါင်းသုံးကျိပ်ခုနစ်ယောက်တို့တည်း။