16
ဒါဝိဒ်မင်းသည် တောင်ထိပ်ကိုကျော်ရုံမျှသာရှိသောအခါ မေဖိဗောရှက်၏ကျွန်ဇိဘသည် မုန့်လုံး နှစ်ရာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ အသီးမှည့်လုံးရေတစ်ရာ၊ စပျစ်ရည်တစ်ပုံးများကို ကုန်းကပြီး မြည်းနှစ်စီးပေါ်တွင် တင်ဆောင်လျက် ခရီးဦးကြိုဆိုလာရာ ဘုရင်မင်းက ထိုလက်ဆောင်ကား အသို့နည်;ဟု ဇိဘအားမေးလျှင် မြည်းများမှာ နန်းတော်သားတို့စီးစေရန် မုန့်နှင့်အသီးများမှာ ငယ်သားတို့စားစေရန် စပျစ်ရည်မှာ တော၌မောပန်းသူတို့သောက်စေရန် ဖြစ်ပါသည်ဟု တင်လျှောက်သော် ဘုရင်မင်းက၊ သင့်အရှင့်သားတော်ကား၊ အဘယ်မှာနည်းဟု မေးပြန်လျှင် ဣသရေလအမျိုး သားတို့သည် ခမည်းတော်၏နိုင်ငံကို ငါ့အားယနေ့ပြန်အပ်မည်ဟုထင်မှတ်လျက် ယေရုရှလင်မြို့၌ နေရစ်ပါသည်ဟု ဇိဘတင်လျှောက်သည်နှင့် သို့ဖြစ်လျှင် မေဖိဗောရှက်ပိုင်သမျှသည် သင်ပိုင်ဖြစ်ပါ၏ဟု ဘုရင်မင်းမိန့်ဆိုရာ ဇိဘက ဦးထိပ်ထက်ဆင်ရွက်ပါပြီ။ အရှင်မင်းမြတ်ရှေ့တော်တွင် မျက်နှာသာရပါစေသောဟု တင်လျှောက်လေ၏။
5-6 ဗာဟုရိမ်မြို့သို့ ဒါဝိဒ်မင်းရောက်သောအခါ ရှောလုမင်းဆွေတော်မျိုးတော်၊ ဂေရသား၊ ရှိမိအမည်ရှိသူသည် မြို့တွင်းမှထွက်လာလျက် သူရဲကောင်းတို့နှင့် တပ်တော်သားအလုံးအရင်းကို ဝဲယာခင်းချီစေသောဒါဝိဒ်မင်းမှစ၍ ကျေးကျွန်သင်းပင်းအပေါင်းတို့အား ခဲပစ်ဆဲဆိုလိုက်လျှောက်စဉ် 7-8 ဟယ်လူသတ်လူဆိုး ထွက်သွားလော့။ ထွက်သွားလော့။ ရှောလုမင်းအရိုက်အရာ၌မင်းမူသောသင့်အပေါ်တွင် ထိုမင်း၏ဆွေတော်မျိုးတော်တို့အသွေးဟူသမျှကို ထာဝရဘုရားသင့်ရောက် စေလျက် သင့်သားအဗရှလုံ့လက်တွင်းသို့ နိုင်ငံကိုအပ်နှင်းတော်မူပြီ။ သင်သည် လူသတ်ဖြစ်သည့် အတိုင်း ကိုယ်ပြုသောအမှုတွင်းသို့ ကျဆင်းရလေပြီတကားဟု ဆဲဆိုလေ၏။ ထိုအခါ ဇေရုယာ့သားအဘိရှဲက၊ ဤခွေးသေကောင်သည် အရှင်မင်းမြတ်ကိုဆဲဆိုသည်မှာ အသို့နည်း။ ကျွန်တော်လိုက်၍ ချင့်ခေါင်းကိုဖြတ်ပါရစေဟု အခွင့်တောင်းလျှင် ဘုရင်မင်းက 10 အိုဇေရုယာ့သားတို့၊ သင်တို့သည် ငါနှင့်မည်သို့ဆိုင်သနည်း။ ဆဲပါလေစေ။ ဒါဝိဒ်ကိုဆဲလော့ဟု ထာဝရဘုရားခွင့်ပြုသည်မှန်က အဘယ်ကြောင့်ဆဲသနည်းဟူ၍ ဆိုဝံ့သူကား မည်သူနည်းဟုမိန့်ဆိုပြီး လျှင် ဆင်ခြင်ဦးလော့။ 11 ကိုယ့်ရင်သွေးဖြစ်သောသားတော်ပင် ငါ့အသက်အန္တရာယ်ကိုရှာကြံလေစွ။ ဗင်္ယာမိန့်အနွယ် ထိုသူသည် သာ၍ဆဲဆိုမည်မဟုတ်လော။ ရှိစေတော့။ ဆဲဆိုပါစေ။ ထာဝရဘုရားခိုင်းတော်မူပြီ။ 12 ထာဝရဘုရားသည် ငါ့ဒုက္ခကိုထောက်ရှု၍ ယနေ့ခံရသောဆဲဆိုခြင်းအမင်္ဂလာအစား ကောင်းသော မင်္ဂလာကိုပေးကောင်းပေးတော်မူလိမ့်မည်ဟု အဘိရှဲနှင့်ကျေးကျွန်သင်းပင်းတို့အား မိန့်ဆိုလေ၏။ 13 ဒါဝိဒ်မင်းသည် နောက်တော်ပါတို့နှင့်ချီမြဲချီစဉ် ရှိမိလည်း ခဲမြေစိုင်ဖြင့် ပစ်ခတ်လျက် ဆဲဆိုလျက် တောင်နံရံတွင် ယှဉ်ပြိုင်လျှောက်လိုက်လေ၏။ 14 ဘုရင်မင်းနှင့်နောက်တော်ပါအပေါင်းတို့လည်း မောပန်းစွာစားခန်းသို့ရောက်လျှင် အပန်း ဖြေကြကုန်၏။
15 အဗရှလုံနှင့် အဟိသောဖေလတို့သည် ဣသရေလလူအပေါင်းတို့ပါ ယေရုရှလင်မြို့သို့ဝင် ရောက်လျှင် 16 ဒါဝိဒ်မင်း၏အဆွေခင်ပွန်း၊ အာခိလူမျိုးဟုရှဲလည်း အဗရှလုံ့ထံတိုးဝင်၍ ဘုရင်မင်းမြတ်သက်တော်ရှည်ပါစေသော၊ ရှည်ပါစေသောဟု သြဘာဆက်လေရာ 17 အဗရှလုံက၊ သင့်အဆွေခင်ပွန်းအား ပြုသောမေတ္တာကျေးဇူးကား၊ ထိုသို့ပင်လော။ အဆွေခင်ပွန်းနောက်သို့မလိုက်သည်မှာ မည်သို့နည်းဟုဆိုလျှင် 18 ဟုရှဲက၊ မဟုတ်ပါ။ ထာဝရဘုရားမှစ၍ ဤပရိသတ်နှင့်ဣသရေလလူအပေါင်းတို့ရွေးချယ်သော မင်း၏ဘက်သားကျွန်တော်မှန်ပါသည်။ ထိုမင်း၌ခစားပါမည်။ 19 ၎င်းပြင်၊ မည်သူ့ထံကျွန်ခံ၌ပါမည်နည်း။ သားတော့်ထံမဟုတ်လော။ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံခဲ့သည့်နည်းတူ ကိုယ်တော့်ထံကျွန်ခံပါမည်ဟု အဗရှလုံအား ဝန်ခံလေ၏။ 20 ထိုနောက် မည်သို့ပြုရမည့်အရေးကို အကြံပေးလော့ဟု အဟိသောဖေလအား အဗရှလုံမေးလျှင် 21 အဟိသောဖေလက၊ နန်းတော်စောင့်ထားခဲ့သောခမည်းတော်၏ မောင်းမကိုယ်လုပ်တို့ထံဝင် တော်မူပါ။ သို့ပြုလျှင် သားတော်သည် ခမည်းတော်ရွံရှာဖွယ်ဖြစ်ကြောင်းကို ဣသရေလတစ်မျိုးလုံးကြား၍ ကိုယ်တော့်ဘက်ပါအပေါင်းတို့သည် လက်ရုံးရည်တိုးတက်ကြလိမ့်မည်ဟု အကြံပေးသည့်အတိုင်း 22 နန်းတော်အမိုးပြင်တွင် အဗရှလုံအဖို့ပိတာန်ကြက်စေ၍ ဣသရေလတစ်မျိုးလုံးမျက်မှောက် တွင် ခမည်းတော်၏မောင်းမကိုယ်လုပ်တို့ထံ အဗရှလုံဝင်လေ၏။ 23 ထိုကာလအဟိသောဖေလပေးသောအကြံသာမဟုတ်။ ဒါဝိဒ်မင်းအားဖြစ်စေ၊ သူပေးသမျှသောအကြံသည် ဘုရားသခင်ထံမေးလျှောက်ခံ ရသောဗျာဒိတ်တော်နှင့်တူ၏။