ရှမွေလအထ္ထုပ္ပတ္တိကျမ်းဒုတိယတွဲ
1
ရှောလုမင်းကွယ်လွန်ပြီးဖြစ်၏။ ဒါဝိဒ်မူကား၊ အာမလက်လူမျိုးတို့ကိုလုပ်ကြံရာမှပြန်လာ၍ ဇိကလတ်မြို့မှာနေလျက် နှစ်ရက်ရှိသော်၊ နောက်နေ့တွင် ရှောလုမင်းတပ်တွင်းက ပြေးလာသောလူတစ်ယောက်သည် ကိုယ့်အဝတ်ကို ဆုတ်လျက် ဦးခေါင်းထက်မြေမုန့်တင်လျက် ဒါဝိဒ်ထံရောက်၍ ပျပ်ဝပ်ရှိခိုးလေ၏။ မည်သည်အရပ်က လာခဲ့သနည်းဟု ဒါဝိဒ်မေးရာ ဣသရေလတပ်တွင်းမှ ပြေးခဲ့ရပါသည်ဟု လျှောက်လျှင် အရေးတော်ကား မည်သို့နည်း။ ငါ့အားပြန်ပြောလော့ဟု ဒါဝိဒ်မေးပြန်သော်၊ ဣသရေလတပ်ဆုတ်ပြေးရ၍ လူအများကျဆုံးလျက် ရှောလုမင်းနှင့်သားတော်ယောနသန်လည်း ကွယ်လွန်ကြပါပြီဟု ပြန်လျှောက်သည့်အတိုင်း၊ ဒါဝိဒ်က၊ ရှောလုမင်းနှင့် သားတော်ယောနသန်၊ ကွယ်လွန်သည်ကို မည်သို့သိသနည်းဟု သတင်းပေးလုလင်အားမေးမြန်းရာ၊ ထိုလုလင်က၊ ဂိလဗောတောင်ရိုးပေါ်သို့ ကျွန်တော်တက်မိသဖြင့်၊ ရှောလုမင်းသည် လှံတော် ကိုတံကဲပြုလျက် မြင်းစီးသူရဲ၊ ရဓားစီးသူရဲတို့ ထက်ကြပ်လိုက်လံလျက်ရှိသည်ကို တွေ့မြင်သော အခါ၊ ရှောလုမင်းလှည့်ကြည့်၍ ကျွန်တော်မြင်လျှင် ခေါ်တော်မူပါ၏။ ကျွန်တော်ကလည်း၊ ရောက်ပါ ပြီဘုရားဟု တင်လျှောက်ရာ သင်ကား မည်သူနည်းဟုမေးတော်မူသော် ကျွန်တော်အာမလက်လူမျိုးဖြစ်ပါသည်ဟု ပြန် လျှောက်ရာတွင် ငါ၌အသက်အန္တရာယ်မဖြစ်သေးသော်လည်း မူးမော်သောဝေဒနာရောက်သောကြောင့် ချဉ်းကပ်၍သတ်ပါလော့ဟု မိန့်ဆိုတော်မူသည့်အတိုင်း 10 လဲပြိုလျှင် အသက်မရှင်မည်ကို ကျွန်တော်သိသဖြင့် အပါးတော်သို့ချဉ်း၍ သတ်ပါ၏။ ဦးခေါင်းတော်မှ မကိုဋ်ကိုလည်းေကာင်း၊ လက်ေမာင်းေတာ်မှေမာင်းလက်စွပ်ကိုလည်းေကာင်း၊ သိမ်းယူပြီးလျှင် အရှင်ဘုရားထံဆောင်ယူခဲ့ပါသည်ဟု လျှောက်လေ၏။ 11 ထိုအခါ ဒါဝိဒ်သည် အပေါင်းပါတို့နှင့်တကွ အသီးအသီးကိုယ့်အဝတ်ကိုဆုတ်ကြပြီးလျှင် 12 ဓားဘေးဖြင့်ကျဆုံးသော ရှောလုမင်းနှင့်သားတော် ယောနသန်မှစ၍ ထာဝရဘုရား၏ရဲမက်၊ ဣသရေလအမျိုးသားတို့အတွက် ညဉ့်ဦးတိုင်အောင် အစာမစားဘဲ မြည်တမ်းငိုကြွေးလျက်နေ ကြ၏။ 13 ထိုနောက် ဒါဝိဒ်က မည်သည့်အရပ်သားနည်းဟု သတင်းပေးလုလင်အားမေးလျှင် ကျွန်တော် သည် တစ်ပါးအမျိုးသား၊ အာမလက်လူမျိုးဖြစ်ပါသည်ဟု ပြန်လျှောက်သော်၊ 14 ဒါဝိဒ်က၊ ထာဝရဘုရား၏သိဘိက်တော်ခံမင်းအား လက်ရောက်မှုကို မည်သို့ပြုဝံ့သနည်းဟုဆို ပြီးလျှင် ငယ်သားတစ်ယောက်ကို ခေါ်လျက် 15 သူ့ကိုချဉ်းဝင်ကွပ်မျက်လော့ဟု မိန့်ဆိုသည့်အတိုင်း အသေသတ်လေ၏။ 16 ဒါဝိဒ်ကလည်း၊ ထာဝရဘုရား၏ဘိသိက်တော်ခံမင်းကို ကျွန်တော်သတ်ပါသည်ဟူ၍ နှုတ် ဖြင့်ဝန်ခံသည်နှင့်အညီ ချင့်အသွေးသည် ချင့်ဦးထိပ်ထက်တည်စေဟု ဆိုလေ၏။
17-18 သို့ပြီးမှ ဒါဝိဒ်သည် ရှောလုမင်းနှင့်သားတော်ယောနသန်အတွက် ယာရှာဧချင်းတွင် ပါရှိသည့်အတိုင်း ငိုချင်းဖွဲ့ဆိုသည်မှာ 19 အိုဣသရေလလူမျိုး သင့်စစ်မြေပြင်တွင် သင့်တင့်တယ်ခြင်းကျဆုံးလေစွ။ စွမ်းရည်ကောင်း သူတို့ကျကြပြီတကား။ 20 ဖိလိတ္တိအမျိုးသမီးတို့ ရွှင်လန်းခွင့်ကိုလည်းေကာင်း၊ လှီးဖြတ်ခြင်းမင်္ဂလာမဲ့သော အမျိုး၏သမီးတို့ အောင်ပွဲခံခွင့်ကိုလည်းေကာင်း၊ မရစေရန် ဂါသမြို့နှင့်အာရှကေလုန်လမ်းဆုံများတွင် ထိုသတင်းကို မကြော်ငြာကြလင့်။ 21 အချင်းဂိလဗောတောင်ရိုး သင့်အပေါ်တွင်စွမ်းရည်ကောင်းသူတို့ ဒိုင်းလွှား၊ ရှောလုမင်း၏ ဒိုင်းလွှားသည် စွန့်ပစ်ခြင်းခံလျက်ဆီလူးခြင်းမဲ့သောကြောင့် နှင်းလည်းမကျ၊ မိုးလည်းမရွာ၊ မြေထွက်အလှူလည်းမပေါစေရ။ 22 ကျဆုံးသူတို့အသွေး၊ စွမ်းရည်ကောင်းသူတို့အဆီကို မသောက်ဘဲ ယောနသန်၏လေးတော် သည် မတွန့်မဆုတ်။ ရှောလုမင်း၏ဓားတော်လည်း မပြန်ချေ။ 23 မေတ္တာကြွယ်ဝလျက် နှစ်သက်ဖွယ်ကောင်းသောရှောလုမင်းနှင့် ယောနသန်တို့သည် ရှင်အတူ၊ သေမကွဲဘဲ ရွှေလင်းတထက်မြန်၍ ခြင်္သေ့ထက်သန်ကြလေစွတကား၊ 24 အိုဣသရေလအမျိုးသမီးတို့ ရဲထည်ကိုဝတ်စေသည့်ပြင် ရွှေရတနာဆင်ယင်ပေးတတ်သော ရှောလုမင်းအတွက် ငိုကြွေးကြလော့။ 25 စွမ်းရည်ကောင်းသူတို့သည် စစ်ပွဲတွင်ကျ၍ ယောနသန်လည်း သင့်စစ်မြေပြင်တွင် ဆုံးလေစွ တကား။ 26 အိုအစ်ကို ယောနသန်၊ သင့်အတွက်ငါစိတ်ငြိုးငယ်ရလေပြီ။ ငါအလွန်နှစ်သက်ဖွယ်ဖြစ်၏။ သင့်မေတ္တာလည်း မိန်းမတို့မေတ္တာထက် ငါ့အပေါ်တွင် လွန်ကဲ၍ အံ့သြဖွယ်ဖြစ်ပါ၏။ 27 စွမ်းရည်ကောင်းသူတို့ကျ၍ စစ်လက်နက်များလည်း ဆုံးပါးပြီတကားဟု ယုဒအမျိုးသားတို့ အားသွန်သင်အပ်သောလေးတော်သီချင်းကို ဖွဲ့ဆိုလေ၏။