7
ကိရယတ်ယာရိမ်မြို့သားတို့သည် ဆင်းလာ၍ ထာဝရဘုရား၏သေတ္တာတော်ကို ပင့်ဆောင် လျက် တောင်ပေါ်ရှိအဘိနဒပ်အိမ်တွင် သွင်းထားပြီးလျှင် သားဧလာဇာကို စောင့်ထိန်းရန် သီးသန့် ထားကြ၏။
ကိရယတ်ယာရိမ်မြို့တွင် နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင်၊ သေတ္တာတော်ကြာမြင့်စွာ တည်ရှိသည့်ကာလ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားကို လွမ်းဆွတ်ကြသည်ဖြစ်၍၊ ရှမွေလက၊ ထာဝရဘုရားအား စိတ်လုံးလုံးပြန်သည်မှန်က ထိုဘုရားကိုသာဝတ်ပြုရန် စိတ်နှလုံး ပြင်ဆင်လျက် အာရှတရက်နတ်မှစ၍ ထူးခြားသောဘုရားများကို စွန့်ပယ်ကြလော့။ ကိုယ်တော်သည် ဖိလိတ္တိလူမျိုးတို့လက်တွင်းမှ သင်တို့ကိုကယ်ဆယ်ပါလိမ့်မည်ဟု ဣသရေလတစ်မျိုးလုံးအား ဟောပြသည်နှင့်အညီ ဣသရေလအမျိုးသားတို့သည် ဗာလနတ်၊ အာရှတရက်နတ်တို့ကိုစွန့်ပယ်လျက် ထာဝရဘုရားကိုသာ ဝတ်ပြုကြသတည်း။
ထိုနောက်ရှမွေလက၊ သင်တို့အဖို့ထာဝရဘုရားထံ ငါအသနားတော်ခံရန် မိဇပါမြို့၌ ဣသရေလတစ်မျိုးလုံးစုရုံးကြစေဟု မိန့်ဆိုသည့်အတိုင်း ၎င်းမြို့၌ စုရုံးသောနေ့တွင် ရေခပ်၍ ထာဝရဘုရားရှေ့တော်မှာ သွန်းလောင်းခြင်း၊ အစာ ရှောင်ခြင်းများကိုပြုလျက် ထာဝရဘုရားကို အကျွန်ုပ်တို့ပြစ်မှားမိခဲ့ကြပြီဟု ဝန်ခံကြလေ၏။ ရှမွေလလည်း မိဇပါမြို့၌ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစီရင်လျက်နေလေ၏။ ဖိလိတ္တိလူမျိုးတို့သည် မိဇပါမြို့တွင် ဣသရေလအမျိုးသားတို့စုရုံးကြောင်း ကြားသိလျှင် ဣသရေလလူမျိုးထံ၊ ၎င်းမင်းတို့စစ်ချီရာ၊ ချီကြောင်း ဣသရေလအမျိုးသားတို့ကြားသိ၍ ကြောက် ရွံ့သဖြင့် ရှမွေလအား ကျွန်တော်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဖိလိတ္တိလူမျိုးတို့လက်တွင်းမှ ကယ်ဆယ်တော်မူပါမည့်အကြောင်း ကျွန်တော်တို့အဖို့ အစဉ်မပြတ်ပဌနာပြုပါဟု တောင်းပန်ကြ သည့်အတိုင်း၊ ရှမွေလသည်နို့စို့သိုးသားငယ်ကို ကောင်လုံးမီးရှို့ရာသက္ကာအဖြစ် ထာဝရဘုရားအား ပူဇော်လျက် ဣသရေလူမျိုးအဖို့ ပဌနာပြုလျှင် ထာဝရဘုရားနားညောင်းတော်မူ၏။ 10 ထိုသက္ကာကို ရှမွေလ ပူဇော်သည့်အခိုက်၊ ဖိလိတ္တိတပ်သည် ဣသရေလတပ်ကိုတိုက်ခိုက်ရန် ချဉ်းလာရာ၊ ထာဝရဘုရားမိုးခြုန်းစေတော်မူသဖြင့် ဖိလိတ္တိတပ်သားတို့အထိတ်တလန့်ဖြစ်လျက် ဣသရေလတပ်ရှေ့ရှုံးကြ၏။ 11 ဣသရေလရဲမက်တို့လည်း မိဇပါမြို့မှချီထွက်၍ ဗက်ကာမြို့အရောက် ဖိလိတ္တိတပ်ကို လိုက်လံ လုပ်ကြံလေ၏။ 12 ထိုအခါ ရှမွေလသည် မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ကျောက်တိုင်တစ်တိုင်စိုက်ထူးပြီးလျှင်၊ ငါတို့ ကိုယခုတိုင်အောင် ထာဝရဘုရားမစတော်မူပြီဟုဆိုလျက် 7.12 အနက်ကား၊ မစခြင်းကျောက်။ဧဗနေဇာဟူ၍ သမုတ်လေ၏။ 13 ဖိလိတ္တိလူမျိုးသည် ထိုသို့နိမ့်ကျသဖြင့် ဣသရေလပြည်နယ်အတွင်း နောက်တစ်ဖန်မနင်း မကျော်ဝံ့ချေ။ ရှမွေလလက်ထက်ပတ်လုံး၊ ဖိလိတ္တိလူမျိုးအပေါ် ထာဝရဘုရား၏လက်တော်တင်ဖိ လျက်ရှိ၏။ 14 ဖိလိတ္တိလူမျိုးတို့သိမ်းယူပြီး ဣသရေလပိုင် မြို့ရွာများကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်အပ်ရကြ၏။ ဣသရေလလူမျိုးသည် ဖိလိတ္တိလူမျိုးတို့လက်မှ ကိုယ့်နယ်ကိုအကုန်အစင်ပြန်သိမ်း လျက် အာမောရိပြည်သားတို့နှင့် မိတ်သဂဟအဖြစ်နေထိုင်ကြ၏။ 15 ရှမွေလသည် ဣသရေလလူမျိုးကိုအသက်ထက်ဆုံး အုပ်စိုးစီရင်လျက် 16 ဗေသလမြို့၊ ဂိလဂါလမြို့ မိဇပါမြို့များသို့ နှစ်စဉ်လှည့်ပတ်သွားရောက်သဖြင့် ၎င်းမြို့ရှိသမျှ တွင် စီရင်ဆုံးဖြတ်ခြင်းပြုပြီးလျှင် 17 ကိုယ့်အိမ်ရှိရာရာမမြို့သို့ ပြန်သွား၍ ဣသရေလလူမျိုးကိုအုပ်စိုးမြဲအုပ်စိုးစီရင်လေ၏။ ၎င်းမြို့တွင် ထာဝရဘုရားအား ပူဇော်ရာပလ္လင်တော်ကိုလည်း တည်လေသတည်း။