4
ဣသရေလတစ်မျိုးလုံးသို့ ရှမွေလစကားရောက်လာသတည်း။
တစ်ဖန်ဣသရေလတပ်သည် ဖိလိတ္တိတပ်ကို ဆီးကြိုတိုက်ခိုက်ခြင်းငှါ ချီသွား၍ ဧဗနေဇာမြို့ အနီးစွဲရပ်လျှင် ဖိလိတ္တိတပ်လည်း အာဖက်မြို့၌ စွဲရပ်လျက်နေကြ၏။ ဖိလိတ္တိတပ်သည် စစ်ခင်းကျင်းပြီးနောက် ဣသရေလတပ်ကိုဆီးကြိုတိုက်ခိုက်သောအခါ ဣသရေလတပ်ရှုံး၍ စစ်မြေပြင်တွင် ရဲမက်လေးထောင်ခန့်ဆုံးပါးကြ၏။ တပ်စခန်းသို့စစ်သားတို့ပြန်ရောက်လျှင် ဣသရေလူကြီးတို့က ထာဝရဘုရားသည် ဖိလိတ္တိ တို့ရှေ့ ငါတို့ကိုယနေ့အဘယ်ကြောင့် ရှုံးနိမ့်စေတော်မူသနည်း။ ငါ့တို့ထံရောက်လာ၍ ရန်သူတို့လက် တွင်းမှ ကယ်ဆယ်ရန် ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကို ရှိလောမြို့မှ ပင့်ဆောင်ခဲ့ကြကုန် အံ့ဟူ၍ နှီးနှောပြီးသည့်အတိုင်း၊ ရှိလောမြို့သို့စေလွှတ်လျက် ခေရုဗတို့အထက်စံတော်မူသော ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏ ပဋိညာဉ်တော်သေတ္တာကို ပင့်ဆောင်ကြရာ၊ ဧလိသားဟောဖနိနှင့် ဖိနဟတ်နှစ်ပါးတို့သည် ဘုရားသခင့်ပဋိညာဉ်တော်သေတ္တာနှင့်အတူပါလာကြ၏။ တပ်စားခန်းသို့ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာရောက်သောအခါ ဣသရေလတစ်တပ်လုံးသည် သည်းစွာကြွေးကြော်သဖြင့် မြေပထဝီပဲ့တင်ခတ်လေ၏။ ကြွေးကြော်သံကို ဖိလိတ္တိတပ်သားတို့ကြားလျှင် ဟေဗြဲတပ်စားခန်းက သည်းစွာကြွေး ကြော်သံကား မည်သို့နည်းဟု မေးမြန်းသဖြင့် ထာဝရဘုရား၏သေတ္တာတော်သည် ထိုတပ်စခန်းသို့ ရောက်ကြောင်းသိကြလျှင် ဖိလိတ္တိတပ်သားတို့က ဘုရားသခင် ထိုတပ်စခန်းသို့ကြွတော်မူပြီတကားဟုဆိုလျက် ကြောက် ရွံ့ကြကုန်၏။ သူတို့ကလည်း၊ ငါတို့၌အမင်္ဂလာရှိ၏။ အထက်က ထိုသို့တစ်ကြိမ်မျှမဖြစ်ဘူးသေး။ ငါတို့သည် အမင်္ဂလာရှိ၏။ တန်ခိုးကြီးသောထိုဘုရားများလက်တွင်းမှ ငါတို့ကိုမည်သူကယ်ပါ အံ့နည်း။ ထိုဘုရားများကား အိဂျစ်လူမျိုးတို့ကိုသဲတောတွင် ဒဏ်အမျိုးမျိုးခတ်တော်မူသော ဘုရားပေတည်း။ အချင်းဖိလိတ္တိတို့၊ ဟေဗြဲလူမျိုးတို့သည် လူတို့ထံကျွန်ခံရသည့်နည်းတူ သူတို့ထံအချင်းတို့မခံ ရစေခြင်းငှါ၊ ယောက်ျားဘာဝအား ဆည်းကြကုန်အံ့။ ယောက်ျားဘာဝစစ်တိုက်ကြကုန်အံ့ဟု အချင်းချင်းအားပေးကြပြီးလျှင် 10 စစ်တိုက်သောအခါ ဣသရေလတပ်ရှုံးပြန်သဖြင့် ကိုယ့်အိမ်သို့အသီးအသီးပြေးဝင်ကြလေ၏။ ဣသရေလခြေသည် သူရဲသုံးသောင်းသေသည့်အလျောက် အလုပ်အကြံပြင်းထန်လှသည်တကား။ 11 ဘုရားသခင့်သေတ္တာတော်ကို ရန်သူတို့သုံ့ရသည့်ပြင် ဧလိသားဟောဖနိနှင့် ဖိနဟတ်နှစ်ပါးတို့ ကိုလည်း အသေသတ်ကြလေ၏။ 12 ဗင်္ယာမိန်အနွယ်သားတစ်ယောက်သည် စစ်မြေပြင်မှပြေးလာ၍ ကိုယ့်အဝတ်ဆုတ်လျက် ဦးခေါင်းထက်မြေမုန့်တင်လျက် ရှိလောမြို့သို့ တစ်နေ့ချင်းဆိုက်ရောက်သည့်ကာလ 13 ဘုရားသခင့်သေတ္တာတော်အတွက် စိတ်ပူဆွေးသော ဧလိသည် လမ်းအနီးရှိ ဖတိုင်ပေါ်တွင် မေျှာ်ကြည့်၍ထိုင်နေ၏။ ပြေးလာသူသည် မြို့တွင်းဝင်ရောက်ကြားပြောလျှင် 14 တစ်မြို့လုံးအော်ဟစ်ကြရာ အော်ဟစ်သံကိုဧလိကြားသည်နှင့် ဤအုတ်အုတ်သဲသဲအသံကား မည်သို့နည်းဟုမေးစေသော်၊ ထိုသူလျင်မြန်စွာလာရောက်၍ ဧလိကိုပြောကြားလေ၏။ 15 ထိုအခါ ဧလိသည် အသက်ကိုးဆယ်ရှစ်နှစ်ရှိ၍ မျက်ပျဉ်းကျသဖြင့် မမြင်နိုင်ချေ။ 16 ပြေးလာသောသူက၊ ကျွန်တော်သည် ယနေ့တွင် စစ်ရေးမှပြေးလာ၍ ဆိုက်ရောက်သူ ဖြစ်ပါသည်ဟု လျှောက်လျှင် ဧလိက၊ ငါ့သား၊ အရေးကား မည်သို့နည်းဟုမေးလေသော်၊ 17 ထိုတမန်က၊ ဣသရေလတပ်သည် ဖိလိတ္တိတပ်ရှေ့ဆုတ်ပြေးရ၍ အလုပ်အကြံပြင်းထန် လှပါသည်။ အရှင့်သား ဟောဖနိနှင့် ဖိနဟတ်နှစ်ပါးတို့ သေဆုံးကြပါပြီ။ ဘုရားသခင့်သေတ္တာ တော်လည်း သုံ့ရပါသွားပြီဟုလျှောက်ထားလေ၏။ 18 ဘုရားသခင့်သေတ္တာတော်အကြောင်းကြားသိလျှင် ဧလိသည် တံခါးအနီး ဖတိုင်ပေါ်က နောက်ပြန်လဲသဖြင့် လေးလံသောသူအိုဖြစ်သည့်အတိုင်း လည်ဆစ်ကျိုး၍သေလေ၏။ ထိုသူ သည် ဣသရေလလူမျိုးကို နှစ်ပေါင်းလေးဆယ်အုပ်စိုးစီရင်သည်ဖြစ်၏။ 19 ၎င်းချွေးမဖြစ်သူ ဖိနဟတ်၏မယားသည် သန္ဓေရင့်မာသဖြင့် ဘုရားသခင့်သေတ္တာတော်သုံ့ရ ပါသွားကြောင်းကိုလည်းကောင်း၊ ယောက္ခမနှင့် လင်ပါသေဆုံးကြောင်းကိုလည်းကောင်း၊ ကြားသောအခါ ဝမ်းနာခြင်း ဝေဒနာဆိုက်၍ ခါးကုန်းလျက် မွေးဖွားလေ၏။ 20 သေလုဆဲတွင် အနီးရှိမိန်းမတို့က မကြောက်ပါနှင့်။ သားယောက်ျားဖွားမြင်ပြီဟု ဆိုကြသော် လည်း အရေးမယူ၊ စကားမဆိုနေလေ၏။ 21 နောက်ဘုရားသခင့်သေတ္တာတော်သုံ့ရပါသွားသည်ကိုလည်းကောင်း၊ ယောက္ခမနှင့်လင်ပါဆုံးကြသည်ကို လည်းကောင်း အကြောင်းပြု၍ ဣသရေလလူမျိုး၏ ဘုန်းအသရေကွယ်ပျောက်ပြီဟုဆိုလျက် ထိုသားကို 4.21 အနက်ကား၊ ဘုန်းအသရေမရှိ။ဣခဗုဒ်အမည်ဖြင့် မှည့်လေ၏။ 22 ဘုရားသခင့်သေတ္တာတော်သုံ့ရပါသွားသောကြောင့် ဣသရေလလူမျိုး၏ဘုန်းအသရေကွယ် ပျောက်ပြီဟု ဆိုပြန်၏။