3
သူငယ်ရှမွေလသည် ဧလိရှေ့၊ ထာဝရဘုရားအမှုတော်ကိုဆောင်ရွက်နေသည့်ကာလ၊ ထာဝရဘုရား၏ဗျာဒိတ်တော်ပါးရှား၍ ရူပါရုံနိမိတ်နည်းလှ၏။ 2-3 အခါတစ်ပါး၊ ဘုရားသခင်၏ဆီးမီးမငြိမ်းမီ မျက်စိမှုန်လျက် မမြင်နိုင်သောဧလိသည် ကိုယ့်အိပ်ရာတွင်လျောင်းနေစဉ် ဘုရားသခင့်သေတ္တာတော်ရှိရာ ထာဝရဘုရား၏ဗိမာန်အတွင်း ရှမွေလလည်း လျောင်းနေသော်၊ ထာဝရဘုရားသည် ရှမွေလဟု ခေါ်တော်မူလျှင် ရှမွေလက၊ ကျွန်တော်ရှိပါသည်ဟု ပြန်ထူး၍ ဧလိထံအမြန်သွားပြီးလျှင် အရှင်ခေါ်သောကြောင့် ကျွန်တော်လာပါသည်ဟု လျှောက်ရာ ဧလိက၊ ငါမခေါ် အိပ်ချေတော့ဟုဆိုသည့်အတိုင်း ရှမွေလသွား၍ လျောင်းပြန်၏။ တစ်ဖန်ထာဝရဘုရားသည် ရှမွေလဟုခေါ်တော်မူပြန်သော်၊ ရှမွေလထ၍ ဧလိထံသွားပြီးလျှင်၊ အရှင်ခေါ်သောကြောင့် ကျွန်တော်လာပါသည်ဟု လျှောက်ရာ ဧလိက၊ ငါ့သား၊ ငါမခေါ်၊ အိပ်ချေတော့ ဟုပြန်ဆိုလေ၏။ ထိုအခါ ရှမွေလလသည် ထာဝရဘုရားကိုမသိမကျွမ်း၊ ဗျာဒိတ်တော်ကိုလည်း မခံရဖူးသေး။ သုံးကြိမ်မြောက်ရှမွေလဟုခေါ်တော်မူသော် ရှမွေလထ၍ ဧလိထံသွားပြန်ပြီးလျှင် အရှင်ခေါ် သောကြောင့် ကျွန်တော်လာပါသည်ဟုလျှောက်ရာ ဧလိသည် သူငယ်ကို ထာဝရဘုရားခေါ်တော် မူကြောင်းသိမြင်၍ သွားလေ။ အိပ်ချေဦး။ နောက်တစ်ဖန်ခေါ်လျှင် အမိန့်ရှိတော်မူပါ ထာဝရဘုရား၊ ကျွန်တော်မျိုးနာခံလျက်ရှိပါသည်ဟူ၍ လျှောက်ထားလော့ဟု ရှမွေလအား သင်ကြားလိုက်သည့်အတိုင်း ရှမွေလသွား၍ ကိုယ့်အိပ်ရာ၌ လျောင်းနေသော်၊ 10 ထာဝရဘုရားကြွရောက်တည်နေ၍ ရှမွေလ၊ ရှမွေလဟု အထက်နည်းတူခေါ်တော်မူလျှင် ရှမွေလက၊ အမိန့်ရှိတော်မူပါ။ ကျွန်တော်မျိုးနာခံလျက်ရှိပါသည်ဟု ပြန်လျှောက်ရာ 11 ထာဝရဘုရားက၊ ကြားသူတိုင်း နားနှစ်ဘက်အူလောက်ဖွယ်အမှုကို ဣသရေလူမျိုးတွင် ငါစီရင်တော့မည်။ 12 ဧလိအိမ်ထောင်ကို ရည်၍မိန့်မှာခဲ့သောအချက်တိုင်း၊ ဧလိ၌ အစကအဆုံးတိုင်အောင် ယခု သင့်ရောက်စေတော့မည်။ 13 ငါဘုရားအား သူ့သားတို့ပြစ်မှားပြောဆိုမှုကိုသိလျက်နှင့် မတားမမြစ်ခြင်းကြောင့် ၎င်း၏အိမ် ထောင်သားတို့ကို ကာလအစဉ်စီရင်တော်မူမည့်အကြောင်း ေဖာ်ပြလေပြီ။ 14 ထိုကြောင့် ဧလိအိမ်ထောင်သားတို့အပြစ်သည် ယဇ်ဖြင့်လည်းကောင်း၊ ပူဇော်သက္ကာဖြင့်လည်းကောင်း မည်သည့်အခါမျှမပြေကြောင်း ၎င်းတို့အား ငါသစ္စာမူလိုက်ပြီဟု ရှမွေလအား မိန့်တော်မူ၏။ 15 ရှမွေလသည် နံနက်တိုင်အောင် အိပ်နေပြီးမှ ထာဝရဘုရား၏ဗိမာန်တော်တံခါးများကို ဖွင့်လှစ် လေ၏။ မြင်ရသောရူပါရုံကို ဧလိအား မပြောမကြားဝံ့ဘဲနေလျှင် 16 ဧလိက ရှမွေလအား၊ ငါ့သားရှမွေလဟုခေါ်သောအခါ ကျွန်တော်ရှိပါသည်ဟု ပြန်လျှောက် သည်နှင့် 17 ဧလိက၊ ေဖာ်ပြတော်မူသောအရာကား မည်သို့နည်း။ မထိန်ချန်ပါနှင့်။ ဖော်ပြတော်မူသော အရာတစ်စုံတစ်ခုကို ထိန်ချန်ခဲ့လျှင် ဘုရားသခင်သည် သင့်အပေါ်တွင်သာ၍အပြစ်စီရင်ပါစေသောဟု ဆိုရာ 18 ရှမွေလသည် မည်သည့်အရာကိုမျှ မထိန်မချန်၊ အကုန်အစင်ဖော်ပြလေလျှင် ထာဝရဘုရား ဖြစ်သည်မှန်က အလိုတော့်အတိုင်း စီရင်တော်မူပါစေသောဟု ဧလိဝန်ခံလေ၏။ 19 ရှမွေလအရွယ်ရောက်လျှင် သူနှင့်အတူ ထာဝရဘုရားရှိ၍ စကားတစ်ခွန်းမျှ အချည်းနှီးဖြစ် စေတော်မမူသည်နှင့် 20 ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလတစ်မျိုးလုံးသည် ထာဝရဘုရား၏ပရောဖက် အဖြစ်၌ ရှမွေလတည်မြဲကြောင်းသိကြလေ၏။ 21 ထာဝရဘုရားသည် ရှိလောမြို့တွင် နှုတ်ကပတ်တော်အားဖြင့် ရှမွေလကိုဗျာဒိတ်ပေးတော်မူ၍ ၎င်းမြို့၌အကြိမ်ကြိမ်ထင်ရှားတော်မူ၏။