26
ထိုနောက် ဂိဗာမြို့၊ ရှောလုမင်းထံ၊ ဇိဖတောသားတို့လာရောက်ပြီးလျှင် ယေရှိမုန်တောနှင့် ရင်ဆိုင်။ ဟခိလခင်တန်းပေါ်၌ ဒါဝိဒ်ပုန်းအောင်းသည်မဟုတ်ပါလောဟု တင်လျှောက်ကြသော်၊ ရှောလုမင်းသည် ဣသရေလရဲမက်လက်ရွေးသုံးထောင်နှင့် တကွ ဒါဝိဒ်ကိုလိုက်ရှာရန် ဇိဖတောသို့ဆင်းချီ၍ ယေရှိမုန်တောနှင့်ရင်ဆိုင်၊ ဟခိလခင်တန်းပေါ်တွင် လမ်းအနီးတပ်စားခန်းချ လေ၏။ ဒါဝိဒ်မူကား တောတွင်ပင်နေ၍ ရှောလုမင်းလိုက်ရှာကြောင်း သိသည့်အတိုင်း သူလျှိုတို့ကို စေလွှတ်သဖြင့် ရှောလုမင်းရောက်ရှိရာ အရပ်ကိုသိရလေ၏။ ရှောလုမင်း ချရပ်သောတပ်စခန်းသို့ ဒါဝိဒ်သွားရောက်၍ ဘုရင်မင်းနှင့်နေရသားဗိုလ်ချုပ် အာဗနာတို့နေရာကို ရှုမြင်သော် ရှောလုမင်းသည် ခံကတုတ်အတွင်း၊ ရဲမက်တို့ကာရံလျက် စံနေလေ၏။ ထိုနောက် ဒါဝိဒ်က ရှောလုမင်းတပ်ချရာသို့မည်သူလိုက်မည်နည်းဟု ဟိတ္တိအမျိုးသားအဟိ မလက်နှင့် ဇေရုယာ့သား၊ ယွာဘညီ၊ အဘိရှဲတို့အား မေးလျှင် ကျွန်တော်လိုက်ပါမည်ဟု အဘိရှဲဝန် ခံသည့်အတိုင်း ဒါဝိဒ်နှင့်အဘိရှဲတို့သည် ညဉ့်အခါ ရဲမက်တို့နေရာသို့ရောက်လျှင် ခေါင်းရင်းတွင် လှံတော်စိုက် လျက် အာဗနာနှင့်ရဲမက်တို့ကာရံလျက် ခံကတုတ်အတွင်းရှောလုမင်း စက်တော်ခေါ်သည်ကို ရှုမြင် သောအခါ ဘုရားသခင်သည် ရန်သူကို အရှင့်လက်တွင်းသို့ ယခုအပ်နှင်းတော်မူသည့်နှင့်အညီ တစ်ခါတည်း ​မြေသို့ထုတ်ချင်းပေါက်လှံနှင့်ထိုးပါရစေ။ နှစ်ခါမထိုးရပါဟု အဘိရှဲလျှောက်လျှင် ဒါဝိဒ်က၊ မလုပ်ကြံပါလင့်။ ထာဝရဘုရား၏ဘိသိက်တော်ခံမင်းကို လက်ရောက်ပြု၍ အပြစ် ကင်းနိုင်သူကား မည်သူနည်းဟူ၍လည်းကောင်း၊ 10 ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း စုတေ့ချိန်ရောက်၍ဖြစ်စေ၊ စစ်ပွဲ၌ကျ၍ဖြစ်စေ၊ ထာဝရဘုရားဒဏ်စီရင်တော်မူလိမ့်မည်။ 11 ထာဝရဘုရား၏ဘိသိက်ေတာ်ခံမင်းအား လက်ရောက်မှုသည် ငါနှင့်ကင်းဝေးပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်ရှိ လှံတော်နှင့် သောက်တော်ရေဘူးကိုယူဆောင်သွားကြကုန်အံ့ဟူ၍လည်းကောင်း၊ အဘိရှဲအား ဆိုပြီးလျှင် 12 ရှောလုမင်းခေါင်းရင်းရှိ လှံတော်နှင့်သောက်တော်ရေဘူးကို ဒါဝိဒ်ယူဆောင်ရာ တစ်တပ်လုံးကို ထာဝရဘုရားအိပ်မောကျစေတော်မူသည့်အတိုင်း၊ အိပ်ပျော်ကြသဖြင့်၊ တစ်ဦးတစ်ယောက်မျှမနိုးမကြား မသိမမြင်ဘဲ ထွက်သွားရကြ၏။ 13 ဒါဝိဒ်သည် ချောက်တစ်ဘက်သို့ကူး၍ ကွာဝေးရာတောင်ထိပ်၌ရပ်လျက် 14 နေရသားအာဗနာနှင့် ရဲမက်တို့ကိုဟစ်ခေါ်ပြီးလျှင် အိုအာဗနာ၊ သင်မထူးဘဲနေမည်လောဟု မေးသော် ဘုရင်မင်းကို ဟစ်သောသင်ကား မည်သူနည်းဟု အာဗနာပြန်ဆိုရာ 15 ဒါဝိဒ်က၊ သင်သည်သူရဲကောင်းဖြစ်သည်မဟုတ်လော။ ဣသရေလူမျိုးတွင် သင်နှင့်မည်သူ တူသနည်း။ သို့ဖြစ်လျက် အဘယ်ကြောင့် ကိုယ့်အရှင်ဘုရင်မင်းကို မစောင့်ကြပ်သနည်း။ သင့်အရှင် ဘုရင်မင်းကို လုပ်ကြံရန် လူတစ်ယောက်ဝင်လေပြီတကား။ 16 သင်ပေါ့လျော့သည်မှာ မကောင်းလေစွ။ ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း ဘိသိက်တော်ခံမင်း ကိုယ့်အရှင်ကို မစောင့်ကြပ်သော သင်တို့သည် သေဒဏ်ခံထိုက်ကြလေပြီ။ ခေါင်းရင်းတော်တွင် ထားသောလှံတော်နှင့် သောက်တော်ရေဘူးအဘယ်မှာရှိသည်ကို ကြည့်လော့ဟု အာဗနာအား ဟစ်ပြောသောအသံကို 17 ရှောလုမင်းသိမှတ်သဖြင့် အိုငါ့သားဒါဝိဒ်၊ သင့်စကားသံလောဟုမေးမြန်းလျှင်၊ ဒါဝိဒ်က၊ အိုအရှင်မင်းမြတ်, ကျွန်တော့်အသံဖြစ်ပါ၏။ 18 အရှင်သည် ကျွန်တော်မျိုးကို အဘယ်ဒုစရိုက်ပြုမိသောကြောင့် လိုက်လံတော်မူပါသနည်း။ 19 အိုအရှင်မင်းမြတ် ကျွန်တော်မျိုး၏အသနားတော်ခံချက်ကို နားစိုက်တော်မူပါ။ ကျွန်တော့်တစ်ဘက်၌အရှင်ကို ထာဝရဘုရားနှိုးဆော်တော်မူသည်မှန်ပါလျှင် ပူဇော်ခြင်းရနံ့ကို ခံတော်မူပါစေသော။ လူတို့နှိုးဆော်လျှင်မူကား၊ အခြားဘုရားများကို ဝတ်ပြုရန်ထွက်သွားလော့ဟု ဆိုလျက် ထာဝရဘုရားပိုင်ရာတော်အတွင်း ခြေမနင်းနိုင်အောင် ယနေ့ပင် ကျွန်တော်ကိုနှင်ထုတ်ကြ သောကြောင့် ထာဝရဘုရားရှေ့တော်တွင် အမင်္ဂလာရရှိကြပါစေသော။ 20 ထိုသို့ထာဝရဘုရား မျက်မှောက်တော်နှင့် ကင်းဝေးသောပြည်၌ ကျွန်တော် 26.20 ပါဠိ၊ အေသွး။ခေါင်းမချရပါစေ လင့်။ ဣသရေလဘုရင်မှာမူ ခင်တန်းပေါ်တွင် ခါငှက်ကိုလိုက်ရှာသူ့နည်းတူ ကျွန်တော့်အသက်ကို လိုက်ရှာရန် ချီထွက်လေစွတကားဟု တင်လျှောက်လေ၏။ 21 ရှောလုမင်းကလည်း၊ ငါပြစ်မှားမိပါပြီ။ အိုငါ့သားဒါဝိဒ်ပြန်လာလော့။ ငါ့အသက်ကို ယနေ့သင် အမြတ်တနိုးမှတ်ယူသောကြောင့် သင့်အား အန္တရာယ်ပြုတော့မည်မဟုတ်။ ငါပညာမဲ့၍အလွန် မှားယွင်းခဲ့လေပြီဟုဆိုလျှင် 22 ဒါဝိဒ်က၊ အိုဘုရင်မင်းမြတ် လှံတော်ကိုကြည့်တော်မူပါ။ ငယ်သားတစ်ယောက်ကူး၍ ယူလာ ပါစေ။ 23 ထာဝရဘုရားသည် အရှင်ကို ကျွန်တော့်လက်တွင်းသို့ ယနေ့အပ်နှင်းတော်မူသော်လည်း၊ ဘိသိက်တော်ခံမင်းအား လက်ရောက်မှုမပြုသည်ကို ထောက်၍ အသီးအသီးဖြောင့်မတ်စွာ သစ္စာ စောင့်သည့်အတိုင်း ဆပ်ပေးတော်မူပါစေသော။ 24 ကိုယ်တော့်အသက်ကို မွန်မြတ်သည်ဟု ယနေ့ကျွန်တော်မှတ်ယူသည့်အလျောက် ထာဝရ ဘုရားသည် ကျွန်တော့်အသက်ကိုလည်း မှတ်ယူ၍ ဒုက္ခဟူသမျှမှ ကယ်ဆယ်တော်မူပါစေသောဟု ပြန်လျှောက်လျှင် 25 ရှောလုမင်းက အိုငါ့သားဒါဝိဒ် သင်၌မင်္ဂလာရှိပါစေသော။ ပြုလေရာရာတွင် အောင်မြင်ပါစေ သောဟုဆိုပြီးမှ နန်းတော်သို့ပြန်၀င်၍ ဒါဝိဒ်လည်းထွက်သွားလေ၏။