23
ထိုနောက် ဖိလိတ္တိတပ်သည် ကိလမြို့ကိုတိုက်ခိုက်၍စပါးကျီများပါ သိမ်းယူသောသတင်း ဒါဝိဒ် ကြားလျှင် ထိုဖိလိတ္တိတပ်ကို လုပ်ကြံရန် အကျွန်ုပ်ချီသွားရပါမည်လောဟု ထာဝရဘုရားထံ မေးလျှောက်ရာ၊ ထာဝရဘုရားက ချီလော့။ ဖိလိတ္တိတပ်ကိုလုပ်ကြံ၍ ကိလမြို့ကိုကယ်ဆယ်လော့ဟု ဒါဝိဒ်အား ဗျာဒိတ်ပေးတော်မူ၏။ အပေါင်းပါတို့က၊ ကျွန်တော်တို့သည် ယုဒနယ်တွင်ကြောက်ရွံ့စွာအောင်းနေရပါလျက် ဖိလိတ္တိ ဗိုလ်ထုနှင့် စစ်တိုက်ရန် ကိလမြို့သို့ချီထွက်ရမည့်ဆိုလျှင် သာ၍ကြောက်ရွံ့ဖွယ်ကောင်းလေစွဟုဆို ကြသော်၊ ထာဝရဘုရားထံ ဒါဝိဒ်ထပ်မံမေးလျှောက်ရာ ထာဝရဘုရားက ထ၍ကိလမြို့သို့ဆင်းချီလော့။ ဖိလိတ္တိတပ်ကို သင့်လက်တွင်းသို့ငါအပ်နှင်းမည်ဟု မိန့်တော်မူသည့်အတိုင်း အပေါင်းပါတို့နှင့်တကွ ကိလမြို့သို့ဒါဝိဒ်ချီသွား၍၊ ဖိလိတ္တိတပ်ကိုတိုက်ခိုက်ရာ အပြင်းအထန် လုပ်ကြံလျက် တိရစ္စာန်ရှိသမျှကို လက်ရသိမ်းယူလေ၏။ ကိလမြို့သူမြို့သားတို့ကို ဒါဝိဒ်ထိုသို့ကယ် ဆယ်သတည်း။
အဟိမလက်သား အဗျာသာသည် ကိလမြို့တိုင်အောင် ဒါဝိဒ်ထံ၊ ဧဖုဒ်ရတနာကိုင်ဆောင်လျက် လိုက်ပြေးလေ၏။ ကိလမြို့သို့ဒါဝိဒ်ရောက်လာသတင်းကြားသော်၊ ရှောလုမင်းက၊ ဒါဝိဒ်သည်မြို့တွင်းသို့ဝင် ရောက်၍ တံခါးကန့်လန့်ကျင်များဖြင့် ချည်နှောင်ပြီးြဖစ်သည်နှင့်အညီ ငါ့လက်တွင်းသို့ ဘုရားသခင်လွှဲအပ်တော်မူပြီဟု အောက်မေ့လျက် ကိလမြို့သို့ဆင်းချီ၍ ဒါဝိဒ်နှင့်အပေါင်းပါတို့ကို ဝန်းဝိုင်းတိုက်ခိုက်ရန် ဗိုလ်ထုအပေါင်းတို့ကို စုရုံးလေ၏။ ဒါဝိဒ်လည်း၊ ရှောလုမင်းမကောင်းကြံသည်ကို သိလျှင် ပရောဟိတ်အဗျာသာအား ဧဖုဒ်ရတနာကို ပေးပါလော့ဟု တောင်းဆိုပြီးနောက် 10 အိုဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်အတွက် ကိလမြို့သို့ချီလာ၍ ဖျက်သိမ်းရန်ရှောလုမင်းကြံစည်ကြောင်း ကိုယ်တော်ကျွန်ကြားရပါပြီ။ 11 ကိလမြို့သားတို့သည် သူသတ်ကွင်းသို့ အကျွန်ုပ်ကိုအပ်မည်လော။ ကိုယ်တော့်ကျွန်ကြား ရသည့်အတိုင်း၊ ရှောလုမင်းဆင်းချီမည်လော။ အိုဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား ကိုယ်တော့်ကျွန်အား ဗျာဒိတ်ပေးသနားတော်မူပါဟု တောင်းလျှောက်သော်၊ ဆင်းချီလိမ့်မည်ဟု ထာဝရဘုရားဗျာဒိတ်ပေးတော်မူ၏။ 12 တစ်ဖန်ဒါဝိဒ်က ကိလမြို့သားတို့သည် အကျွန်ုပ်နှင့်အပေါင်းပါတို့ကို ရှောလုမင်းလက်တွင်းသို့ အပ်မည်လောဟု မေးလျှောက်ပြန်သော်၊ အပ်လိမ့်မည်ဟု ထာဝရဘုရားဗျာဒိတ်ပေးတော်မူသည်ဖြစ် ၍ 13 ဒါဝိဒ်သည် ခြောက်ရာခန့်ရှိသောအပေါင်းပါတို့နှင့် ကိလမြို့မှထွက်ချီပြီးလျှင် သင့်ရာအရပ်သို့ ထွက်သွားကြ၏။ ရှောလုမင်းလည်းကိလမြို့မှ ဒါဝိဒ်ထွက်ပြေးသောသတင်းကို ကြားသိလျှင် မချီမထွက်ဘဲနေလေ၏။
14 ဒါဝိဒ်သည် ဇိဖတောရှိ၊ ခင်တန်းပေါ်တွင် လုံခြုံသောအရပ်များ၌ခိုနေရာ၊ နေ့ရှိသမျှ ရှောလုမင်းရှာသော်လည်း သူ့လက်တွင်းသို့ ဘုရားသခင်အပ်နှင်းတော်မမူ။ 15 အသက်အန္တရာယ်ရှာကြံရန် ရှောလုမင်းချီလာကြောင်း ဒါဝိဒ်သိနှင့်သည့်အတိုင်း ဇိဖတောရှိပိတ်ပေါင်းတွင် ခိုနေစဉ် 16-17 ရှောလုမင်းသားတော်ယောနသန်သည် ဒါဝိဒ်ရှိရာသို့သွားရောက်လျက် မကြောက်ပါလင့်။ သင့်အပေါ်သို့ခမည်းတော်ရှောလုမင်းလက်တော်ရောက်မည်မဟုတ်။ သင်သည် ဣသရေလလူမျိုး၏ ဘုရင်ဖြစ်မည်။ ငါလည်းသင့်လက်အောက်နန်းရံဖြစ်မည်ကို ခမည်းတော်ရှောလုမင်း ရိပ်မိတော်မူ သည်ဟု ဆိုလျက်၊ ဘုရားသခင်ကို အမှီပြုစေ၍ အားပေးပြီးလျှင် 18 ထာဝရဘုရားမျက်မှောက်တော်တွင် နှစ်ဦးလုံးသစ္စာမိတ်ထပ်ဖွဲ့ပြီးနောက်၊ ပိတ်ပေါင်းတွင် ဒါဝိဒ်ခိုမြဲခိုနေရာ ယောနသန်မူကား၊ အိမ်တော်သို့ပြန်သွားလေ၏။ 19 ထိုအခါ ဇိဖတောသားတို့သည် ဂိဗာမြို့၊ ရှောလုမင်းထံတက်လာပြီးလျှင် ကျွန်တော်တို့နေရာ ယေရှိမုန်တောတောင်မျက်နှာ၊ ဟခိလခင်တန်းပေါ်တွင် လုံခြုံသောပိတ်ပေါင်းများ၌ ဒါဝိဒ်ပုန်း အောင်းသည်မဟုတ်ပါလော။ 20 သို့ဖြစ်၍ ဘုရင်မင်းမြတ်ဆင်းချီတော်မူလိုက၊ ဆင်းချီတော်မူပါ။ ကျွန်တော်တို့သည် ဘုရင်မင်း မြတ်လက်တော်သို့ ဒါဝိဒ်ကိုအပ်ပါမည်ဟု တင်လျှောက်ကြသော်၊ 21 ရှောလုမင်းက၊ သင်တို့သည် ငါ့ကိုကြင်နာသောကြောင့် ထာဝရဘုရားအထံတော်မှ မင်္ဂလာခံရကြပါစေသော။ 22 သို့ရာတွင် ငါကြားသည့်အတိုင်း ဒါဝိဒ်အလွန်လိမ္မာသူဖြစ်၍ ခြေချရာအရပ်နှင့်မြင်ဘူးသောသူ့ကို သေချာစွာမှတ်သားရန်ပြန်သွားကြပါလော့။ 23 ထိုသို့သူပုန်းအောင်းရာအရပ်များကို မှတ်သားပြီးမှ ငါ့ထံသို့အမှန်ပြန်လာလျှင် ငါလည်းချီ လိုက်၌ ပြည်နယ်အတွင်း၌နေခဲ့မူ ယုဒအိမ်ထောင်စေ့ငါလိုက်ရှာမည်ဟု မိန့်ဆိုသည့်အတိုင်း 24 ထိုသူတို့သည် ဇိဖတောသို့တင်ရင်ပြန်သွားကြလေ၏။ ဒါဝိဒ်နှင့် အပေါင်းပါတို့ကား၊ ယေရှိမုန် တောတောင်မျက်နှာ၊ အရာဗာချိုင့်ရှိမောနတောသို့ရွှေနှင့်သတည်း။ 25 ရှောလုမင်းနှင့် တပ်တော်သားတို့ချီထွက်လိုက်ရှာကြသောသတင်းကို ဒါဝိဒ်ကြားသော်၊ မောန တောရှိကျောက်ငူသို့ ဆင်းချီပုန်းအောင်း၏။ ထိုသတင်းအရ မောနတောတစ်လှေျာက် ရှောလုမင်းလိုက် လံရာ 26 ရှောလုမင်းသည်လည်းကောင်း၊ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်လည်းကောင်း ကျောက်တောင်တစ်ဘက်တစ်ချက် လိုက်လျက်၊ ပြေးလျက်၊ နေကြစဉ်၊ ရှောလုမင်းနှင့်တပ်တော်သားတို့သည် ဒါဝိဒ်နှင့်အပေါင်းပါတို့ ကို ဖမ်းဆီးရန် ဝန်းဝိုင်းချဉ်းကပ်လာသောကြောင့် အလန့်တကြားထွက်ပြေးရန် ဒါဝိဒ်အကြံယူဆဲတွင် 27 ခြေလျင်တော်ရောက်လာ၍ အလျင်အမြန်ပြန်ကြွတော်မူပါ။ ဖိလိတ္တိတပ်သည် ပြည်တော်ကို တိုက်ခိုက်ပါပြီဟု ရှောလုမင်းအား တင်လျှောက်သော် 28 ရှောလုမင်းသည် ဒါဝိဒ်နောက်လိုက်လံရာမှ ပြန်လှည့်လျက် ဖိလိတ္တိတပ်ကို ဆီးဆို့ရန် ချီသွား ကြောင်းအစွဲပြု၍ ထိုအရပ်ကို 23.28 အနက်ကား။ ေဘးလွတ်ရာေကျာက်ဂူ။သေလဟမ္မလေကုပ်အမည်ဖြင့် ခေါ်ဝေါ်ကြသတည်း။ 29 ထိုမှဒါဝိဒ်ထွက်၍ အဂေဒိတောရှိ လုံခြုံရာအရပ်များတွင် ခိုနေလေ၏။