19
သို့ဖြစ်၍ ရှောလုမင်းသည် ဒါဝိဒ်ကိုသေကြောင်းကြံရန် သားတော်ယောနသန်နှင့်ကျေးကျွန် သင်းပင်းတို့အားမှာထားလေ၏။ သားတော်ယောနသန်မူကား ဒါဝိဒ်ကိုအလွန်မြတ်နိုးသဖြင့်၊ ဒါဝိဒ်အားခမည်းတော်ရှောလု မင်းသည် သင့်ကိုသေကြောင်းကြံလေပြီ။ ထိုကြောင့် နံနက်အခါသတိရှိလျက် ဆိတ်ကွယ်ရာတွင် ပုန်းနေလော့။ ငါလည်း၊ သင်ပုန်းရာအရပ်သို့ ခမည်းတော်ကိုခစားရန်ထွက်လာလျက် သင်နှင့်စပ်လျဉ်း၍ လျှောက်တင်ပြီးလျှင် ကြားသိသမျှကို ပြန်ကြားမည်ဟု ပြောဆိုသည့်အတိုင်း၊ ယောနသန်သည် ခမည်းတော်ရှောလုမင်းထံ ဒါဝိဒ်နှင့်စပ်လျဉ်း၍ အကောင်းပြောဆိုသည်မှာ အိုဘုရင်မင်းမြတ်၊ ကျွန်ဒါဝိဒ်ကိုပြစ်မှားတော်မမူပါနှင့်။ အရှင်အားသူပြစ်မှားသည်မဟုတ် အကျိုးတော်ကိုများစွာဆောင်ရွက်ပါ၏။ အသက်ကိုဆောင်ကိုင်လျက် ဖိလိတ္တိသူရဲကိုလုပ်ကြံသောအမှုအားဖြင့် ထာဝရဘုရားသည် ဣသရေလတစ်မျိုးလုံးအဖို့ ကြီးစွာသောအောင်မြင်ခွင့်ကို ပေးတော်မူခဲ့ပြီ။ ထိုအမှုကိုအရှင်သိမြင် သဖြင့် ဝမ်းမြောက်ခဲ့ရပြီ။ သို့ဖြစ်လျက် ဒါဝိဒ်ကိုအကြောင်းမဲ့သတ်၍ အပြစ်ကင်းသူ၏ အသွေးသွန်း ပြစ်ဖို့အဘယ်ကြောင့် ရောက်တော်မူအံ့နည်းဟု တင်လျှောက်သော် ရှောလုမင်းသည် ယောနသန်တင်လျှောက်ချက်ကိုနာယူ၍ ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း သူ့ကိုသေကြောင်းကြံတော့မည်မဟုတ်ဟု သစ္စာမူလေ၏။ ယောနသန်သည် ဒါဝိဒ်ကိုခေါ်၍ အလုံးစုံပြန်ပြောပြီးမှ ရှောလုမင်းထံသွင်းသည့်အတိုင်း ခစားမြဲခစားရလေ၏။
တစ်ဖန်စစ်ရေးဖြစ်ပြန်သောအခါ ဒါဝိဒ်ချီထွက်၍ ဖိလိတ္တိတပ်ကိုတိုက်ခိုက်ရာ ပြင်းထန်စွာလုပ်ကြံ သဖြင့် ရန်သူတို့ဆုတ်ပြေးရကြ၏။ ထိုနောက် ရှောလုမင်းသည် လှံတော်ကိုင်လျက် နန်းတော်တွင်ထိုင်နေစဉ် ထာဝရဘုရားအထံ တော်မှကပ်ရောက်သောနတ်ဆိုးတည်သဖြင့် 10 စောင်းတီးနေသောဒါဝိဒ်ကို နန်းနံရံနှင့်ကပ်အောင် ထိုးသတ်မည့်ရွယ်ချိန်သော် ဒါဝိဒ်တိမ်းရှောင်ပြေးသွား၍ ထိုညဉ့်တွင်ဘေးလွတ်လေ၏။ 11 လှံတော်ကား နန်းနံရံကို စူးဝင်လေသတည်း။ ရှောလုမင်းသည် ဒါဝိဒ်ကို ချောင်းမြောင်း၍ နံနက်အချိန်သတ်ရန် နေအိမ်သို့လူလွှတ်ထားကြောင်း ဒါဝိဒ်အား မယားမိခါလေဖာ်ပြလျက် အရှင် သည်ယနေ့ညဉ့်အသက်လွတ်အောင် မကြံလျှင် နံနက်အချိန်သေရေတာ့မည်ဟုဆိုပြီးမှ 12 ပြူတင်းပေါက်မှ ဆင်းစေသဖြင့် ဒါဝိဒ်ပြေးသွား၍ ဘေးလွတ်လေ၏။ 13 ထိုနောက်မိခါလသည် တေရပ်အရုပ်ကိုခုတင်ပေါ်တွင် လှဲလျက်စောင်ဖြင့် လွှမ်းခြုံပြီးလျှင် ဦးခေါင်းကိုကွယ်ကာရန် ဆိတ်မွေးကွန်ချာနှင့် အုပ်ထားလေ၏။ 14 ဒါဝိဒ်ကိုဖမ်းဆီးရန် ရှောလုမင်းစေလွှတ်သူတို့ လာရောက်ရာ ကိုယ်မကျန်းရှိသည်ဟု မယား ပြောဆိုလိုက်သော် 15 ကိုယ်တိုင်သတ်ရန် ခုတင်ပါထမ်းယူခဲ့လော့ဟူသောအမိန့်တော်နှင့် 16 ရှောလုမင်းစေလွှတ်သူတို့ဝင်ရောက်ကြည့်ရှုကြရာ ခုတင်ပေါ်တွင် ဦးခေါင်းကိုဆိတ်မွေးကွန်ချာ အုပ်လျက် လှဲထားသောတေရပ်အရုပ်ကိုသာ တွေ့ကြသည်နှင့်အညီ 17 ရှောလုမင်းက၊ ရန်သူတော်ကို ဘေးလွတ်ရန်ထွက်သွားစေ၍ ငါ့အားအဘယ်ကြောင့် ထိုသို့လှည့်စားဘိသနည်းဟု မိခါလကိုမေးမြန်းရာ မိခါလက၊ ငါ့ကိုမဆီးတားနှင့်။ အဘယ်ကြောင့် ငါ့လက်ဖြင့် သင်သေလိုသနည်းဟူ၍ သူပြောဆိုကြောင်း တင်လျှောက်လေ၏။
18 ဒါဝိဒ်မူကား၊ ဘေးလွတ်၍ပြေးသွားလျက် ရာမမြို့ရှိရှမွေလထံရောက်လျှင် ရှောလုမင်းပြုသမျှ ကိုလျှောက်ပြီးနောက် ရှမွေလနှင့်တကွ 19.18 ပါဠိ။ နာယုတ်။ကျောင်းတိုက်သို့သွား၍ နေထိုင်ကြလေ၏။ 19 ရှောလုမင်းသည် ရာမမြို့၊ ကျောင်းတိုက်တွင် ဒါဝိဒ်ရှိကြောင်း သတင်းကြားသော်၊ 20 ဖမ်းဆီးရန် လူတို့ကိုစေလွှတ်ပြန်ရာ ရှမွေလဥက္ကဌပြုလျက်၊ ပရောဖက်စုတို့ဟောပြောနေကြ သည်ကိုမြင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်သဖြင့် ပါဝင်ဟောပြောကြ၏။ 21 ထိုသတင်းကို ရှောလုမင်းကြား၍ အခြားသူတို့ကို စေလွှတ်ပြန်ရာ သူတို့လည်းဟောပြောရကြ ၏။ သုံးကြိမ်မြောက်စေလွှတ်သူတို့လည်း ဟောပြောရကြ၏။ 22 ရှောလုမင်းကိုယ်တိုင်ရာမမြို့သို့သွားရာ စေခုအရပ်ရှိရေကန်ကြီးသို့ရောက်သော် ရှမွေလနှင့် ဒါဝိဒ်တို့အဘယ်မှာရှိသနည်းဟုမေးလျှင် လူတစ်ယောက်၊ ရာမမြို့၊ ကျောင်းတိုက်မှာရှိပါသည်ဟု ပြန်လျှောက်သည့်အတိုင်း၊ 23 ထိုကျောင်းသို့သွားစဉ်တွင် သူ့အပေါ်သို့ဘုရားသခင်၏ဝိညာဉ်တော်သက်ရောက်သဖြင့် ရာမမြို့ကျောင်းတိုက်တိုင်အောင် ဟောပြောသွားရောက်လျက် 24 ရှမွေလရှေ့တွင် ဟောပြော၍ ဝတ်လဲတော်ကိုချွတ်ပြီးလျှင် တစ်နေ့နှင့်တစ်ညဉ့်ပတ်လုံး အချည်းစည်းလဲလျက်နေလေ၏။ ထိုကြောင့် ရှောလုမင်းလည်း ပရောဖက်တို့အပါအဝင် ဖြစ်ပြီလောဟု ဆိုလေ့ရှိကြသတည်း။