16
တစ်ဖန်ထာဝရဘုရားက ရှမွေလအား၊ ရှောလုအတွက် မည်မျှကြာသင်ဝမ်းနည်းမည်နည်း။ ငါသည်ဣသရေလဘုရင့်အဖြစ်မှ သူ့ကိုပယ်ခဲ့လေပြီ။ သင့်ဘူးတွင် ဆီအပြည့်ထည့်ပြီးလျှင် ငါစေလွှတ်သည့်အတိုင်း ဗက်လင်မြို့သား ယေရှဲထံသွားလော့။ ၎င်းသားတို့အနက် ဘုရင်တစ်ပါးကို ငါစီမံပြီဟု မိန့်တော်မူသော် ရှောလုကြားလျှင် ကွပ်မျက်မည်ြဖစ်၍ မည်သို့သွားနိုင်ပါအံ့နည်းဟု ရှမွေလလျှောက်ရာ၊ ထာဝရဘုရားက နွားမတန်းတစ်ကောင်ကိုငင်၍ ထာဝရဘုရားအား ပူဇော်ရန် ငါရောက်လာပြီဟု ပြောလေလော့။ ပူဇော်ပွဲသို့ယေရှဲကိုခေါ်ဖိတ်လော့။ ပြုအပ်သောအရာကို ငါေဖာ်ပြမည်။ ငါညွှန်ပြမည့်သူ့ကို ဘိသိက်သွန်းလော့ဟု မိန့်တော်မူသည့်အတိုင်း ရှမွေလလိုက်နာ၍ ဗက်လင်မြို့သို့သွားရောက်သောအခါ မြို့လူကြီးတို့သည် တုန်လှုပ်လျက် ခရီးဦးကြိုပြုကြပြီးလျှင် မိတ်ဆွေအဖြစ် ရောက်လာတော်မူပါသလောဟု နှုတ်ဆက်ကြသော်၊ မှန်၏။ ထာဝရဘုရားအား ပူဇော်ရန်လာရောက်ပြီ။ ကိုယ်ကိုသီးသန့်စေပြီးမှ ပူဇော်ပွဲသို့ လိုက်ခဲ့ကြလော့ဟုဆိုလေ၏။ ယေရှဲနှင့်သားတို့ကိုလည်း သီးသန့်စေ၍ ပူဇော်ပွဲသို့ခေါ်ဖိတ် သည်နှင့်အညီ ရောက်လာကြသော်၊ ဧလျာဘကို ရှုကြည့်၍ ထာဝရဘုရားဘိသိက်တော်ခံအပ်သူသည် မျက်မှောက်၌မုချရှိပြီတကားဟု အောက်မေ့ရာ ထာဝရဘုရားက သူ့မျက်နှာရည်နှင့် အရပ်အမောင်းကို မထောက်ရှုနှင့်။ သူ့ကိုငါပယ်ပြီ။ လူတို့ကဲ့သို့ ငါရှုမြင်သည်မဟုတ်။ လူတို့သည် ဗဟိုဒ္ဒသဏ္ဌာန်ကို ရှုမြင်တတ်၏။ ငါဘုရားမူကား အဇ္စျတ္တ သဏ္ဌာန်ကိုရှုမြင်သည်ဟု ရှမွေလအားမိန့်တော်မူ၏။ တစ်ဖန်ယေရှဲသည် အဘိနဒပ်ကိုခေါ်၍ ရှမွေလရှေ့ေလျှာက်သွားစေရာ ရှမွေလက ဤသူ့ကိုလည်း ထာဝရဘုရားရွေးချယ်တော်မမူဟုဆို၏။ တစ်ဖန်ဂိမာကိုေလျှာက်သွားစေရာ ဤသူ့ကိုလည်း ထာဝရဘုရားရွေးချယ်တော်မမူဟု ဆိုပြန်၏။ 10 ထိုသို့ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့ေလျှာက်သွားစေသောအခါ ဤသူတို့ကို ထာဝရဘုရားရွေးချယ်တော်မမူဟုဆိုပြီးလျှင် 11 သင်၌သားကုန်ပြီလောဟုမေးရာ ယေရှဲက၊ သိုးကျောင်းလျက်နေသော သားထွေးရှိပါသေး သည်ဟု ပြန်လျှောက်သော်၊ ရှမွေလက ခေါ်စေလော့။ သူမရောက်မချင်း စားပွဲထိုင်မည်မဟုတ်ဟု ဆိုသည့်အတိုင်း ခေါ်သွင်းရာ 12 ရွှေသောအဆင်းရှိသည်နှင့် သဏ္ဌာန်လှ၍ ရှုချင်ဖွယ်ကောင်း၏။ ထာဝရဘုရားက၊ ထ၍ဘိသိက်သွန်းလော့။ ဤသူပေတည်းဟု မိန့်တော်မူလျှင် 13 ရှမွေလသည် ဆီထည့်သောဘူးကိုယူလျက်၊ အစ်ကိုတို့အလယ်တွင် ဘိသိက်သွန်းလျှင်သွန်း ချင်း၊ ဒါဝိဒ်အပေါ်သို့ ထာဝရဘုရား၏ဝိညာဉ်တော်အဆောတလျင်သက်ရောက်၍ တည်လေသတည်း။ ရှမွေလကား ရာမမြို့သို့ထသွားလေ၏။
14 ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှောလုမင်းမှခွာသွားပြီးနောက် ထာဝရဘုရားအထံတော်မှ 16.14 ပါဠိအတိုင်း၊ ၀ိညာဉ်ဆိုးဟုအချက်ချက်၌ေလ့ေခါ်ေလ့ရှိၔ၏။နတ်ဆိုးပူးဝင်ရာ 15 ကျေးကျွန်သင်းပင်းတို့က ကိုယ်တော့်အပေါ်သို့ ဘုရားသခင့်အထံတော်မှ နတ်ဆိုးပူးဝင်လေစွ တကား။ 16 သို့ဖြစ်၍ လိမ္မာစွာတီးတတ်သောစောင်းသမားကို ရှာဖွေရန် ခစားသောကျွန်တော်မျိုးတို့အား အမိန့်ထုတ်ဆင့်တော်မူပါ။ ဘုရားသခင့်အထံတော်မှ ကပ်ရောက်သောနတ်ဆိုးသည် ကိုယ်တော့်အ ပေါ်တွင်တည်သောအခါ စောင်းတီးခြင်းအားဖြင့် ကျန်းမာတော်မူပါလိမ့်မည်ဟု တင်လျှောက်ကြ လျှင် 17 လိမ္မာစွာတီးတတ်သောစောင်းသမားကိုစီမံ၍ ခေါ်သွင်းလော့ဟု ကျေးကျွန်သင်းပင်းတို့အား ရှောလုမင်းအမိန့်ထုတ်သော်၊ 18 လူပျိုတော်တစ်ယောက်က ဗက်လင်မြို့နေ ယေရှဲ၏သားသည် လိမ္မာစွာစောင်းတီးတတ်သူ၊ တပ်ခေါင်းမာသူ၊ စစ်ရေးတတ်သူ၊ နှုတ်သတ္တိရှိသူ၊ အဆင်းလှသူဖြစ်ကြောင်းကို ကျွန်တော်သိမြင်ခဲ့ ပါပြီ။ ထာဝရဘုရားလည်း သူနှင့်အတူရှိပါသည်ဟု တင်လျှောက်သည့်အတိုင်း 19 ရှောလုမင်းက၊ သိုးကျောင်းလျက်နေသော သင့်သားဒါဝိဒ်ကို ငါ့ထံသို့လာစေလော့ဟူသော အမိန့်တော်နှင့် ယေရှဲထံစေလွှတ်သဖြင့် 20 ယေရှဲသည် မုန့်တင်မြည်းတစ်စီး၊ စပျစ်ရည်တစ်ဘူး၊ ဆိတ်သားငယ်တစ်ကောင်ကို သားဒါဝိဒ်နှင့်တကွ ရှောလုမင်းထံပို့ဆက်လေ၏။ 21 ဒါဝိဒ်သည် ရှောလုမင်းထံဝင်ရောက်ခစားရာ မြတ်နိုးလှသဖြင့် လက်သုံးတော်ကိုင်ရာထူး ကိုပေးလေ၏။ 22 ရှောလုမင်းလည်း ဒါဝိဒ်ကို ငါစိတ်တိုင်းကျသောကြောင့် ငါ့ထံ၌ခစားပါစေဟု ယေရှဲအား တောင်းဆိုလိုက်လေ၏။ 23 ထိုနောက် ဘုရားသခင့်အထံတော်မှ ကပ်ရောက်သောနတ်သည် ရှောလုမင်းအပေါ်တွင် တည်သောအခါတိုင်း ဒါဝိဒ်စောင်းတီးခြင်းအားဖြင့် နတ်ဆိုးခွာသွား၍ ရှောလုမင်းသက်သာကျန်းမာ ခွင့်ရလေ၏။