ရှမွေလအထ္ထုပ္ပတ္တိကျမ်းပဌမတွဲ
1
ဧဖရိမ်ခင်တန်း၊ ရာမသိမ်ဇုဖိမ်မြို့နေ ဧဖရိမ့်အနွယ်၊ ဇုဖတီ၊ တောဟူ့မြစ် ဧလိဟုမြေး၊ ယေရော ဟံ့သားဖြစ်သော ဧလကာနအမည်ရှိသူတစ်ဦး၌ မယားနှစ်ယောက်ရှိရာ တစ်ယောက်ကား ဟန္န၊ တစ်ယောက်ကား ေပနိန္နအမည်ရှိသတည်း။ ပေနိန္နတွင် သားသမီးရလျက် ဟန္နမူမှာမရချေ။ ဧလကာနသည် ဗိုလ်ခြေတို့အရှင် ထာဝရဘုရားကိုရှိလောမြို့တွင် ရှိခိုးမှုပြုရန်လည်းကောင်း၊ ပူဇော်ရန် လည်းကောင်း၊ နှစ်စဉ်မပြတ် နေထိုင်သောမြို့မှသွားလေ့ရှိ၏။ ရှိလောမြို့၌ဧလိသား၊ ဟောဖနိနှင့် ဖိနဟတ်နှစ် ပါးတို့သည် ထာဝရဘုရားရှေ့တော်မှာ ပရောဟိတ်အဖြစ်ဖြင့် ရှိနေကြသတည်း။ ပူဇော်ချိန်တိုင်ရောက်သော် ဧလကာနသည် မယားပေနိန္နနှင့် သားသမီးတို့အား အညီအမျှပေး လျက်၊ ဟန္နကို တစ်စုသာပေးတတ်၏။ သို့ရာတွင် ဟန္နအား သားရခွင့်ကိုထာဝရဘုရားပေးတော်မမူသော်လည်း ချစ်ခင်လှသတည်း။ သားဆုကို ထာဝရဘုရားပေးတော်မမူကြောင်း မယားပြိုင်ဖြစ်သူသိ၍ ဟန္နစိတ်ညစ်အောင် ဆွလေ့ရှိသည့်အလျောက် နှစ်စဉ်မပြတ် ထာဝရဘုရား၏ဗိမာန်တော်သို့ သွားသည့်အခါ ဧလကာနထိုသို့ပေးတိုင်းဆွ သဖြင့် အစာမစားဘဲငိုကြွေးနေလျှင် ခင်ပွန်းဧလကာနက၊ ဟန္န၊ အဘယ်ကြောင့် အစာမစားဘဲငိုကြွေးနေရသနည်း။ အဘယ်ကြောင့် စိတ်ညစ်ရသနည်း။ သားတစ်ကျိပ်ရသည်ထက် ငါကောင်းမြတ်သည်မဟုတ်လောဟုဆို၏။ ရှိလောမြို့၌စားသောက်ကြပြီးနောက် ထာဝရဘုရား၏ဗိမာန်တော်တံခါးတိုင်အနီး၊ ဖတိုင်တော်တွင် ပရောဟိတ်ဧလိထိုင်နေခိုက်၊ ဟန္နသည် ထပြီးလျှင် 10 အလွန်စိတ်ညစ်ငိုကြွေးလျက် ထာဝရဘုရားအား ပဌနာပြုသည်မှာ 11 အိုဗိုလ်​ခြေတို့အရှင် ထာဝရဘုရား ကိုယ်တော်၏ကျွန်၊ ကျွန်မကိုမမေ့မလျော့ဘဲ သတိရသဖြင့် ကျွန်မ၏ဆင်းရဲခြင်းကို ရှုမြင်တော်မူသည့်အလျောက် သားဆုသနားတော်မူပါလျှင် ထိုသားကို ဦးဆံပယ်ရန် သင်တုန်းဓားမတင်ဘဲ အသက်ထက်ဆုံးထာဝရဘုရားအား အပ်နှင်းပါမည်ဟု သစ္စာ ဆိုလေ၏။ 12-13 ဟန္နသည် ထာဝရဘုရားရှေ့တော်တွင် တာရှည်စွာပဌနာပြုနေရာ စိတ်ဖြင့်သာ မြွက်လျက် အသံမထွက်၊ နှုတ်ခမ်းလှုပ်သည်ကို ဧလိကြည့်မှတ်၍ 14 ယစ်မူးသည်ဟုထင်သောကြောင့် သင်မည်မျှကြာယစ်မူးနေမည်နည်း။ သင့်စပျစ်ရည်ကို ကြဉ် ရှောင်လော့ဟုဆိုလျှင် 15 ဟန္နက၊ ထိုသို့မဟုတ်ပါအရှင်၊ ကျွန်မသည် စိတ်ပျက်သောမိန်းမဖြစ်ပါ၍ စပျစ်ရည်နှင့်သေရည်သေရက်ကို မသောက်ပါ။ ထာဝရဘုရားရှေ့တော်တွင် စိတ်နှလုံးကို သွန်ပြခဲ့လေပြီ။ 16 အရှင့်တပည့် ကျွန်မကို တရားမဲ့သူဟူ၍ မမှတ်ပါနှင့်။ ကျွန်မသည် မြည်တမ်းရန်အကြောင်း၊ စိတ်ထွက်ရန်အကြောင်း များပြားလှသည်ဖြစ်၍ ယခုတိုင်အောင် အသနားတော်ခံနေပါသည်ဟု ပြန်လျှောက်သော် 17 ဧလိက၊ အကြည်အသာ သွားလေလော့။ ယခုဆုတောင်းသည့်အတိုင်း ဣသရေလလူမျိုး၏ ဘုရားသခင်သည် သနားတော်မူပါစေသောဟုဆိုရာ 18 ထိုမိန်းမက၊ အရှင့်တပည့်ကျွန်မသည် အရှင့်စိတ်တော်နှင့်တွေ့ပါစေသောဟုဆိုပြီးလျှင် ကြည်လင်သောမျက်နှာနှင့်သွား၍ အစာစားလေ၏။ 19 ထိုသူတို့သည် နံနက်အချိန်ထ၍၊ ထာဝရဘုရားရှေ့တော်တွင် ရှိခိုးပြီသော် ရာမမြို့ရှိ ကိုယ့်နေအိမ်သို့ ပြန်သွားကြလေ၏။ ဧလကာနသည် မယားဟန္နနှင့်ဆက်ဆံရာ ထာဝရဘုရားသတိရတော်မူသဖြင့် 20 ဟန္နသန္ဓေရ၍ နှစ်လည်သောအခါ သားယောက်ျားကို ဖွားမြင်သော် ထိုသားဆုကို 1.20 ပါဠိ၊ ရှမွေလဟူေသာအမည်နှင့်ညီ၏။ထာဝရဘုရားထံပန်ခဲ့ကြောင်းအစွဲပြု၍ ရှမွေလအမည်ဖြင့် မှည့်လေ၏။ 21 ဧလကာနသည် အိမ်သူအိမ်သားအပေါင်းတို့နှင့် ထာဝရဘုရားအား နှစ်စဉ်ပူဇော်မြဲပူဇော်ရန်လည်းကောင်း၊ သစ္စာဝတ်ဖြေဆိုရန်လည်းကောင်း၊ ထွက်သွားမည့်ရှိရာ 22 ဟန္နက၊ ထိုသူငယ်နို့ခွာပြီးမှ ထာဝရဘုရားရှေ့တော်သို့ ဖူးေမျှာ်၍အမြဲနေစေရန် ကျွန်မခေါ်ဆောင်သွားပါမည်ဟု ခင်ပွန်းအားဆိုလျက် မသွားဘဲနေလျှင် 23 ခင်ပွန်းဧလကာနက၊ စိတ်ရှိသည့်အတိုင်း နို့ခွာအောင် ဆိုင်းလင့်နေပါလော့။ ထာဝရဘုရား၏ ကတိတော်သာတည်ပါစေသောဟုဆိုရာ မယားသည် သူငယ်နို့မခွာမချင်း တိုက်လျက်နေထိုင်လေ၏။ 24 နို့ခွာပြီးမှ သုံးခါလည်နွားတစ်ကောင် မုန့်ညက်တစ်တင်း၊ စပျစ်ရည်တစ်ပုံးနှင့်တကွ နုနယ်သောသူငယ်ကိုခေါ်ဆောင်၍ ရှိလောမြို့၌ ထာဝရဘုရား၏ဗိမာန်တော်သို့ ရောက်သော်၊ 25 နွားကိုစီရင်လျက် သူငယ်ကိုဧလိထံသွင်းစဉ် 26 ဟန္နက၊ အရှင် ကျွန်မသည် ကိုယ်တော်အသက်ရှင်သည့်အလျောက် အထက်က အရှင့်အနီးရပ်လျက် ထာဝရဘုရားအား ပဌနာပြုဖူးသော မိန်းမဖြစ်ပါ၏။ 27 ဤသားဆုကို ကျွန်မပန်ပါ၏။ ပန်သည့်အတိုင်း ထာဝရဘုရားသနားတော်မူသည်နှင့်အညီ 28 ကျွန်မလည်း သားကိုထာဝရဘုရားထံ ဆက်နှင်းပါပြီ။ အသက်ထက်ဆုံးထာဝရဘုရားထံ ဆက်နှင်းခဲ့ပါပြီဟုေလျှာက်ပြီးလျှင် ထိုဌာန၌ ထာဝရဘုရားအား ရှိခိုးလျက်၊