7
ထိုနောက်စေတမန်တော်လေးပါးသည် မြေကြီးလေးစွန်းတွင်ရပ်လျက် မြေပေါ်သို့လည်းေကာင်း၊ ရေပေါ်သို့လည်းေကာင်း၊ သစ်ပင်တစ်စုံတစ်ရာပေါ်သို့လည်းေကာင်း၊ လေမတိုက်စေရန် မြေကြီးလေးမျက်နှာလေပြင်းများကို ကိုင်ထားကြရာ ငါမြင်ရသည့်ပြင်၊ အသက်ရှင်တော်မူသော ဘုရားသခင့်တံဆိပ်တော်ကိုင် စေတမန်တော်တစ်ပါးသည် နေထွက်ရာအရပ်မှတက်လာပြီးလျှင် ရေမြေကိုအန္တရာယ်ပြုခွင့်ရသော စေတမန်တော်လေးပါးတို့အား၊ ငါတို့၏ဘုရားသခင့်ကျွန်များကို နဖူးတွင်တံဆိပ်ခတ်၍မပြီးမီ ရေမြေသစ်ပင်များကို အန္တရာယ်မပြုနှင့်ဦးဟု ကျယ်သောအသံနှင့်ဟစ်ကြွေးလျက်နေသည်ကို ငါမြင်ရ၏။ ဣသရေလအနွယ်နွယ်တို့အနက် တံဆိပ်ခတ်ခြင်းခံရသူတို့အရေအတွက်ကိုလည်း ငါကြားရသည်မှာ၊ ယုဒအနွယ်တစ်သောင်းနှစ်ထောင်၊ ရုဗင့်အနွယ်တစ်သောင်းနှစ်ထောင်၊ ဂဒ်အနွယ်တစ်သောင်းနှစ်ထောင်၊ အာရှာ့အနွယ်တစ်သောင်းနှစ်ထောင်၊ နဿလိအနွယ်တစ်သောင်းနှစ်ထောင်၊ မနာရှေ့အနွယ် တစ်သောင်းနှစ်ထောင်၊ ရှိမောင့်အနွယ်တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်တစ်သောင်းနှစ်ထောင်၊ ဣသခါ့အနွယ်တစ်သောင်းနှစ်ထောင်၊ ဇာဗုလုန့်အနွယ်တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန့်အနွယ်တစ်သောင်းနှစ်ထောင်၊ ပေါင်းတစ်သိန်းလေးသောင်းလေးထောင်ခံရကြသတည်း။
ထိုနောက်ငါမျှော်ကြည့်သော် ဘာသာစကားအပုံပုံပြောဆိုသော လူအမျိုးမျိုးအနွယ်နွယ်တို့အနက် မည်သူမျှမရေမတွက်နိုင်သော လူပရိတ်သတ်ကြီးသည် ပလ္လင်တော်နှင့်သိုးငယ်တော့်ရှေ့ ဖွဲ့ဖြူဝတ်လုံဆင်လျက် စွန်ပလွံလက်များကိုင်လျက်၊ 10 ပလ္လင်တော့်ထက်စံတော်မူသော ငါတို့ဘုရားသခင်နှင့်သိုးငယ်တော်သည် ကယ်တင်ခွင့်ပိုင်တော်မူသည်ဟု ကျယ်သောအသံနှင့်ကြွေးကြော်၍ ရပ်နေကြသည်ကိုမြင်ရ၏။ 11 ထိုအခါ ပလ္လင်တော်အကြီးအကဲတို့နှင့် သတ္တဝါလေးပါးတို့ပတ်လည်၌ ရပ်နေသောစေတမန်တော်ခပ်သိမ်းတို့လည်း ပလ္လင်တော့်ရှေ့ပျပ်ဝပ်ဦးညွှတ်၍ ဘုရားသခင်ကိုရှိခိုးလျက် အာမင်၊ ငါတို့ဘုရားသခင်သည်၊ 12 ကမ္ဘာအဆက်ဆက်မင်္ဂလာတော်၊ ဘုန်းတော်၊ ပညာတော်၊ ကျေးဇူးတော်၊ ဂုဏ်တော်၊ တန်ခိုးတော် အစွမ်းတော်ကြီးပါစေသတည်း၊ အာမင်၊ ဟုလိုက်ဆိုကြ၏။ 13 အကြီးအကဲတစ်ပါးက ဖွဲ့ဖြူဝတ်လုံဆင်သောထိုသူတို့ကား မည်သူများနည်း။ မည်သည့်ဒေသကနည်းဟုမေးရာ၊ 14 အရှင်ဘုရား၊ ကိုယ်တော်သိပါသည်ဟုငါပြန်လျှောက်သော် ထိုသူတို့သည်ကြီးစွာသောဒုက္ခမှထွက်လွတ်၍ ဝတ်လုံများကို သိုးငယ်တော်၏ အသွေးနှင့်ဖြူစင်အောင် ဆေးလျှော်သူများတည်း။ 15 သို့ဖြစ်၍ ဘုရားသခင့်ပလ္လင်တော့်ရှေ့ခစားလျက် ဗိမာန်တော်တွင်နေ့ညဉ့်မပြတ်ဝတ်ပြုခွင့်ရကြ၏။ ပလ္လင်တော့်ထက်စံတော်မူသောအရှင်သည် သူတို့အပေါ်တွင်ဖြန့်မိုးတော်မူမည့်ပြင်၊ 16-17 ပလ္လင်တော့်အလယ်စံသိုးငယ်တော်လည်း ထိန်းကျောင်းလျက် အသက်စမ်းရေများရှိရာသို့ လမ်းပြတော်မူလတ္တံ့သောကြောင့် သူတို့သည်ရေငတ်ခြင်း၊ ဆာမွတ်ခြင်းကင်းလျက် နေရှိန်လေပူထိရတော့မည်မဟုတ်။ မျက်ရည်ကျသမျှကိုလည်း ဘုရားသခင်သုတ်တော်မူလိမ့်မည်ဟု ပြန်ဆိုလေ၏။