6
သိုးငယ်တော်သည် တံဆိပ်ခုနစ်ချက်အနက် တစ်ချက်ကိုဖွင့်တော်မူသည့်ကာလ ငါေမျှာ်ကြည့်ရာ သတ္တဝါလေးပါးအဝင်တစ်ပါးက၊ လာခဲ့လော့ဟု မိုးချုန်းသံနှင့်ဆိုသည်ကိုငါကြားသည့်အတိုင်း ကြည့်ပြန်ရာ မြင်းဖြူတစ်စီးကိုလည်းေကာင်း၊ လေးကိုင်သောစီးနင်းသူသည် သရဖူကိုရပြီးနောက် အောင်မြဲအောင်မြင်ရန်ချီထွက်သည်ကိုလည်းေကာင်းမြင်ရ၏။
ဒုတိယတံဆိပ်ကိုဖွင့်တော်မူသည့်ကာလ လာခဲ့လော့ဟု ဒုတိယသတ္တဝါဆိုသည်ကိုငါကြားရာ မြင်းနီတစ်စီးထွက်လာ၍၊ စီးနင်းသူသည် လူအချင်းချင်းလုပ်ကြံကြစေရန် မြေကြီးပေါ်ရှိရန်ငြိမ်းခြင်းကို ရုပ်သိမ်းခွင့်ရသည့်ပြင် ဓားလွယ်ကြီးတစ်စင်းကိုခံရ၏။
တတိယတံဆိပ်ကိုဖွင့်တော်မူသည့်ကာလ လာခဲ့လော့ဟုတတိယသတ္တဝါဆိုသည်ကို ငါကြားသည့်အတိုင်းကြည့်ပြန်ရာ မြင်းနက်တစ်စီးကိုလည်းေကာင်း၊ စီးနင်းသူသည် လက်တွင်ချိန်ခွင်ကိုင်သည်ကိုလည်းေကာင်း၊ မြင်ရသည့်အပြင် ဂျုံတစ်စလယ်လျှင် တစ်ကျပ်၊ မုယောသုံးစလယ်လျှင် တစ်ကျပ်ဖြစ်စေတော့။ ဆီနှင့်စပျစ်ရည်ကိုကားမထိနှင့်ဟူသောမိန့်ဆိုသံကို သတ္တဝါလေးပါးအလယ်ကကဲ့သို့ကြားရ၏။
စတုတ္ထတံဆိပ်ကိုဖွင့်တော်မူသည့်ကာလ လာခဲ့လော့ဟု စတုတ္ထသတ္တဝါဆိုသည်ကို ငါကြားသည့်အတိုင်း ကြည့်ပြန်ရာ မြင်းမွဲတစ်စီးကိုလည်းေကာင်း၊ သေမင်းအမည်ရှိသော စီးနင်းသူနှင့်လိုက်ပါသူမရဏာတို့သည် မြေကြီးလေးစိတ်တစ်စိတ်တွင် ဓားဘေး၊ အစာခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေး၊ သားရဲဘေးများဖြင့် အသေသတ်စေရန် အခွင့်အာဏာရသည်ကိုလည်းေကာင်းမြင်ရ၏။
ပဥ္စမတံဆိပ်ကိုဖွင့်တော်မူသည့်ကာလ ဘုရားသခင့်တရားတော်အကြောင်း ခံခဲ့သောသက်သေအတွက် ကွပ်မျက်ခံရသူတို့၏နာမ်ဝိညာဉ်များကို ပူဇော်ရာပလ္လင်တော့်အောက်ငါမြင်စဉ်၊ 10 သူတို့က အိုသန့်ရှင်းဖြောင့်မှန်တော်မူသောအရှင်သခင်၊ မြေကြီးပေါ်တွင်နေထိုင်သူတို့ကို အကျွန်ုပ်တို့အသွေးအတွက် စီရင်၍ဒဏ်ခတ်တော်မမူဘဲ မည်မျှကြာနေတော်မူအံ့နည်းဟု ကျယ်သောအသံနှင့် ဟစ်ကြသောအခါ၊ 11 ဖွဲ့ဖြူဝတ်လုံတစ်ထည်စီရပြီးလျှင် သူတို့ကဲ့သို့ကွပ်မျက်ခံရမည့်ကျွန်ချင်းနှင့် ညီအစ်ကိုချင်းတို့အရေအတွက် မပြည့်သည့်တိုင်အောင် ကာလအနည်းငယ်ဆိုင်းလင့်ရန် အမိန့်ကိုခံရကြ၏။
12 ဆဌမတံဆိပ်ကိုဖွင့်တော်မူသည့်ကာလ ငါကြည့်ပြန်ရာ ပြင်းထန်သောငလျင်လှုပ်ခြင်းဖြစ်လျက်၊ နေသည်အမွေးထည်ကဲ့သို့မည်းလျက် လတစ်ဝန်းလုံးသွေးရောင်ဖြစ်လျက်၊ 13 မိုးကောင်းကင်ကြယ်နက္ခများသည် မအောင်သောသဖန်းသီး လေတိုက်၍ကြွေကျသကဲ့သို့ မြေကြီးသို့ကြွေကျလျက်၊ 14 မိုးကောင်းကင်သည်စာလိပ်ကဲ့သို့လိပ်လျက် တောင်ကျွန်းရှိသမျှလည်း နေရာမှရွေ့သွားလေ၏။ 15 မြေကြီးဘုရင်၊ အရာရှိ၊ ဗိုလ်မှူး၊ သူကြွယ်၊ စွမ်းရည်ကြီးသူ၊ ကျွန်၊ လူလွတ်ဟူသမျှသည် တောင်များရှိလှိုင် ကျောက်ကြားများ၌ပုန်းအောင်းပြီးလျှင်၊ 16 ထိုတောင်ကျောက်များအား ငါတို့အပေါ်သို့ပြိုလဲ၍ ပလ္လင်တော့်ထက်စံတော်မူသော အရှင်၏မျက်နှာတော်မှလည်းေကာင်း၊ သိုးငယ်တော်၏အမျက်တော်ဒဏ်မှလည်းေကာင်း ဖုံးကွယ်ကြပါ။ 17 ထိုအရှင်တို့ အမျက်ဒဏ်နေ့တော်ကြီးတိုင်ရောက်ပြီဖြစ်၍ မည်သူခံရပ်နိုင်အံ့နည်းဟု ဟစ်ကြွေးကြ၏။