4
ထိုအဖြစ်အပျက်များနောက် ကောင်းကင်ဘုံ၌တံခါးဖွင့်ထားသည်ကိုငါေမျှာ်ကြည့်ရာ ဤသို့တက်ခဲ့လော့။ နောင်ဖြစ်ပျက်ရမည့် အခြင်းအရာများကိုငါပြမည်ဟူ၍ တံပိုးမှုတ်သံသဖွယ်အထက်ကြားဖူးသူ၏အသံကို ငါကြားလျှင်ကြားချင်း၊ 2-3 ဝိညာဉ်တော်ဝင်စားပြန်သဖြင့် ကောင်းကင်ဘုံတွင်တည်ရှိသော ရာဇပလ္လင်ကိုလည်းေကာင်း၊ ထိုပလ္လင်တော့်ထက် စိန်အဆင်း၊ ပတ္တမြားအဆင်းရှိသော အရှင်တစ်ပါးစံတော်မူသည်ကိုလည်းေကာင်း၊ ပလ္လင်တော့်ပတ်လည်၌ မြအဆင်းသဏ္ဌာန်သက်တံ့တောက်ပသည့်ပြင်၊ အခြားသောပလ္လင် နှစ်ဆယ့်လေးနှင့် ထိုပလ္လင်များထက် ဝတ်လုံဖြူဆင်လျက်၊ ရွှေသရဖူဆောင်းသော အကြီးအကဲ နှစ်ဆယ့်လေးပါးထိုင်နေသည်ကိုလည်းေကာင်း ငါမြင်ရ၏။ ပလ္လင်တော့်အတွင်းမှ လျှပ်ပြက်ခြင်း၊ မိုးချုန်းခြင်း၊ ထစ်ခြင်းများထွက်ရာ ပလ္လင်တော့်ရှေ့ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးရှူးခုနစ်တိုင်တောက်ပသည်ပြင်၊ ရေခဲရောင်ဖန်သမုဒ္ဒရာကဲ့သို့ရှိ၏။ ပလ္လင်တော်လေးမျက်နှာဗဟိုများတွင် ရှေ့နောက်မျက်စိနှင့်စုံလင်သော သတ္တဝါလေးပါးရှိရာ၊ ပထမသတ္တဝါသည် ခြင်္သေနှင့်လည်းေကာင်း၊ ဒုတိယသတ္တဝါသည်နွားနှင့်လည်းေကာင်း၊ တတိယသတ္တဝါ၏မျက်နှာသည် လူ့မျက်နှာနှင့်လည်းေကာင်း၊ စတုတ္ထသတ္တဝါသည် ပျံတတ်သောရွေလင်းတနှင့်လည်းေကာင်း တူ၏။ တစ်ပါးတစ်ပါးလျှင် အတောင်သုံးစုံစီရှိလျက် အတွင်းအပြင်မျက်စိနှင့်စုံလင်သော ထိုလေးပါးတို့က အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တည်တော်မူသောအနန္တတန်ခိုးရှင် ထာဝရဘုရားသခင်သည် သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းတော်မူသည်ဟု နေ့ညဥ့်မစဲမြွက်ဆိုလျက်နေကြ၏။ ထိုသို့ကမ္ဘာအဆက်ဆက် အသက်ရှင်လျက် ပလ္လင်တော့်ထက်စံတော်မူသော အရှင်၏ဘုန်းတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်ကိုချီးမွမ်းကြသည့်အခါတိုင်း၊ 10 ဆိုခဲ့သော အကြီးအကဲနှစ်ဆယ့်လေးပါးတို့လည်း ပလ္လင်တော့်ထက်စံတော်မူသော အရှင့်ရှေ့တော်တွင်ပျပ်ဝပ်၍ ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်ကို ရှိခိုးလျက် ပလ္လင်တော့်ရှေ့ကိုယ့်သရဖူများကို ချထားပြီးလျင်၊ 11 အိုအကျွန်ုပ်တို့အရှင်၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ်တော်ဖန်ဆင်းတော်မူသည့်အလျောက် အရာခပ်သိမ်းသည် အလိုတော်ကြောင့်ဖြစ်ပွား၍တည်ရှိသဖြင့် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်များကိုပိုင်ထိုက်တော်မူပါသည်ဟု ဩဘာဆက်ကြသတည်း။