3
သာဒိမြို့ရှိ အသင်းတော့်ဆိုင်ရာ စေတမန်တော့်ထံရေးလိုက်ရမည်မှာ၊ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောအရှင်က၊ သင့်အကျင့်အကြံများကိုလည်းေကာင်း၊ အသက်ရှင်သည်ဟုကျော်စောသော်လည်း အသေဖြစ်ကြောင်းကိုလည်းေကာင်း ငါသိ၏။ နိုးကြားလျက် သေအံ့ဆဲကျန်သေးသောပါရမီများကို ခိုင်ခံ့စေလော့။ ငါ့ဘုရားသခင်ရှေ့ စုံလင်သောအကျင့်အကြံ မည်သည်ကိုမျှ သင်၌ငါမတွေ့သည်ဖြစ်၍၊ မည်သို့ခံယူကြားနာခဲ့ရကြောင်း သတိရပြီးလျှင် စောင့်ရှောက်လျက် နောင်တရလော့။ မနိုးကြားလျှင် ငါသည်ခိုးသူကဲ့သို့လာသဖြင့် သင့်ထံမည်သည့်အချိန်ရောက်မည်ကို သင်သိရမည်မဟုတ်။ သို့ရာတွင် သင်ရှိရာသာဒိအသင်းတော်တွင် ကိုယ်ဝတ်လုံကိုမညစ်ညူးစေသူ အနည်းငယ်ရှိ၏။ ထိုသူတို့သည်ထိုက်တန်သောကြောင့် ဝတ်လုံဖြူဆင်လျက် ငါနှင့်အတူသွားလာခွင့်ရကြလိမ့်မည်။ အောင်မြင်သူသည် ထိုသို့ဝတ်လုံဖြူဆင်ရလိမ့်မည်။ သူ့အမည်ကိုလည်း အသက်စာရင်းမှ ငါေချဖျက်မည်မဟုတ်ဘဲ ငါ့ခမည်းတော်နှင့်စေတမန်တော်တို့ရှေ့ဝန်ခံမည်။ အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို နားရှိသူကြားနာစေဟု မိန့်တော်မူကြောင်းတည်း။
ဖိလဒေလဖိမြို့ရှိ အသင်းတော့်ဆိုင်ရာစေတမန်တော့်ထံ ရေးလိုက်ရမည်မှာ၊ သန့်ရှင်း၍ဟုတ်မှန်တော်မူသောအရှင်၊ ဒါဝိဒ်မင်းသော့ကိုပိုင်လျက်၊ မည်သူမျှမပိတ်နိုင်အောင်ဖွင့်ထားခွင့်၊ မဖွင့်နိုင်အောင်ပိတ်ထားခွင့် ရတော်မူသောအရှင်က၊ မည်သူမျှမပိတ်နိုင်သောတံခါးကို သင့်ရှေ့မှာငါဖွင့်ထားပြီ။ သင့်အကျင့်အကြံများကိုလည်းေကာင်း၊ အစွမ်းသတ္တိအနည်းငယ်ရှိလျက်ပင် ငါ့နာမကိုမငြင်းဆိုဘဲ ငါ့တရားကိုစောင့်ရှောက်ခဲ့ကြောင်းကိုလည်းေကာင်း ငါသိ၏။ ယုဒလူမျိုးမဟုတ်ဘဲ ဟုတ်သည်ဟု မုသာသုံး၍ကိုယ်ကိုခေါ်ကြသော စာတန်၏အသင်းသားအချို့တို့ကို ငါအပ်နှင်းသဖြင့် သူတို့သည်သင့်ခြေရင်းသို့ချဉ်းကပ်ရှိခိုးလျက် သင့်ကိုငါချစ်ကြောင်းသိရကြလိမ့်မည်။ 10 သင်သည် ငါ၏တည်ကြည်ခြင်းသတင်းအတိုင်း စောင့်ရှောက်ခဲ့သောကြောင့် ငါလည်းမြေကြီးပေါ်တွင် နေထိုင်သူတို့ကိုစုံစမ်းရန် တစ်လောကလုံးနှံ့သင့်လတ္တံ့သောစုံစမ်းချိန်၌ သင့်ကိုစောင့်ထိန်းမည်။ 11 ငါအမြန်လာမည်။ သင့်သရဖူကို မည်သူမျှမယူစေရန် ရရှိသောပါရမီကိုစွဲမြဲလော့။ 12 အောင်မြင်သူ့ကို နောင်အပသို့မထွက်ရစေရန် ငါ့ဘုရားသခင့်ဗိမန်တော့်အတွင်း ကွန်းတိုင်ဖြစ်စေမည့်ပြင် ငါ့ဘုရားသခင့်နာမတော်ကိုလည်းေကာင်း၊ ငါ့ဘုရားသခင်စံတော်မူရာ ကောင်းကင်ဘုံမှဆင်းသက်သည့်ယေရုရှလင်မြို့သစ်၊ ငါ့ဘုရားသခင့်မြို့တော့်အမည်ကိုလည်းေကာင်း၊ ငါ့အမည်သစ်ကိုလည်းေကာင်း အက္ခတင်မည်။ 13 အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို နားရှိသူကြားနာစေဟု မိန့်တော်မူကြောင်းတည်း။
14 လောကိဒိမြို့ရှိ အသင်းတော့်ဆိုင်ရာစေတမန်တော့်ထံ ရေးလိုက်ရမည်မှာ၊ အာမင်ဖြစ်လျက်၊ ဟုတ်မှန်စွာသစ္စာစောင့်သောသက်သေတော်ခံ၊ ဘုရားသခင်ဖန်ဆင်းထားတော်မူသမျှ၏ အကြောင်းရင်းဖြစ်တော်မူသော အရှင်က၊ 15 သင့်အကျင့်အကြံများကိုလည်းေကာင်း၊ သင်သည်အေးလည်းမအေး၊ ပူလည်းမပူသည်ကိုလည်းေကာင်း ငါသိ၏။ အအေးဖြစ်စေ၊ အပူဖြစ်စေ၊ ငါအလိုရှိ၏။ 16 ထိုသို့မပူမအေး၊ နွေးရုံမျှရှိသောကြောင့် သင့်ကိုငါ့ခံတွင်းမှထွေးတော့မည်။ 17 စည်းစိမ်ချမ်းသာရလျက် ကြွယ်ဝပြီ၊ လိုဖွယ်မရှိဟုသင်ဆိုရာ ကိုယ်တိုင်ဒုက္ခရောက်၍ သနားဖွယ်ကောင်းသော ခြုံရာမဲ့၊ မျက်မမြင်သူဆင်းရဲဖြစ်ကြောင်း မသိသောကြောင့်၊ 18 ကြွယ်ဝခြင်းငှါ မီးဖြင့်ချွတ်ပြီးရွှေကိုလည်းေကာင်း၊ ခြုံရာမဲ့၍ရှက်ဖွယ်ရာမပေါ်စေခြင်းငှာ ဆင်ရန်ဝတ်လုံဖြူကိုလည်းေကာင်း၊ မျက်စိမြင်ခြင်းငှါ ခတ်ရန်မျက်စဉ်းကိုလည်းေကာင်း၊ ငါ့ထံမှဝယ်ယူသင့်ကြောင်းအကြံပေး၏။ 19 ငါသည်ချစ်သမျှသောသူတို့ကို ဆုံးမပဲ့ပြင်တတ်သည်ဖြစ်၍ စိတ်ထက်သန်လျက်နောင်တရလော့။ 20 ငါသည် တံခါးအနီးရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ဖွင့်လျှင် ငါဝင်လျက်ထိုသူနှင့်အတူသုံးဆောင်မည်။ သူလည်းငါနှင့်သုံးဆောင်ခွင့်ရလိမ့်မည်။ 21 ငါသည်အောင်မြင်ခဲ့၍ ခမည်းတော်နှင့်အတူရာဇပလ္လင့်ထက်စံရသကဲ့သို့ အောင်မြင်သူ့ကို ငါ့ရာဇပလ္လင့်ထက်အတူစံခွင့်ပြုမည်။ 22 အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို နားရှိသူကြားနာစေဟုမိန့်တော်မူကြောင်း ရေးလော့ဟူ၍တည်း။