2
ဧဖက်မြို့ရှိအသင်းတော့်ဆိုင်ရာ စေတမန်တော့်ထံရေးလိုက်ရမည်မှာ၊ ညာလက်တွင်ကြယ်ခုနစ်လုံးကိုကိုင်လျက် ရွှေမီးခုံခုနစ်ခုံအလယ်တွင်သွားလာသောအရှင်က၊ သင့်အကျင့်အကြံများကိုလည်းေကာင်း၊ ကြိုးစားခြင်းနှင့်တည်ကြည်ခြင်းကိုလည်းေကာင်း၊ လူဆိုးတို့ကိုသည်းမခံနိုင်သည့်အပြင်၊ တမန်တော်မဟုတ်ဘဲ တမန်တော်ဟုကိုယ်ကိုခေါ်သောသူတို့အား စစ်ဆေး၍ မမှန်ကြောင်းတွေ့မြင်သည်ကိုလည်းေကာင်း၊ တည်ကြည်ခြင်းရှိ၍ ငါ့နာမအတွက်မငြီးငွေ့ဘဲသည်းခံသည်ကိုလည်းေကာင်း ငါသိ၏။ သို့ရာတွင် ဦးစွာပြသောချစ်ခြင်းမေတ္တာကိုစွန့်ခွာသည့်အတွက် သင့်အား ငါအပြစ်တင်ရန်အကြောင်းရှိသည့်အလျောက်၊ မည်သို့လျော့ခဲ့ကြောင်းကိုသတိရပြီးလျှင် နောင်တရလျက် အကျင့်အကြံရင်းအတိုင်းပြုဦးလော့။ အကယ်၍နောင်တမရလျှင် ငါလာလျက်သင့်မီးခုံကို နေရာမှရွှေ့လိုက်မည်။ ချီးမွမ်းဖွယ်ရာကား ငါရွံရှာသောနိကောလဂိုဏ်းသားတို့အကျင့်အကြံများကို သင်ရွံရှာခြင်းတည်း။ အသင်းတော်တို့အားဝိညာဥ်တော်ဆင့်ဆိုရာကို နားရှိသူကြားနာစေ။ အောင်မြင်သူ့အား ဘုရားသခင်၏ဥယျာဉ်တော်ရှိ အသက်ပင်၏အသီးစားခွင့်ကို ငါသနားမည်ဟုမိန့်တော်မူကြောင်းတည်း။
စမုရနမြို့ရှိ အသင်းတော့်ဆိုင်ရာစေတမန်တော့်ထံရေးလိုက်ရမည်မှာ အာဒိကနှင့်အန္တိမဖြစ်လျက် အသေခံခဲ့သော်လည်း ရှင်နေသောအရှင်က၊ စိတ်ချမ်းသာလျက်ပင် သင်ခံရသောဆင်းရဲဒုက္ခကိုလည်းေကာင်း၊ ယုဒလူမျိုးမဟုတ်ဘဲဟုတ်သည်ဟု ကိုယ်ကိုခေါ်ကြသော စာတန်၏အသင်းသားတို့ကဲ့ရဲ့ပြစ်တင်ခြင်းကိုလည်းေကာင်း ငါသိ၏။ 10 သင်ခံရမည့်ဒုက္ခကိုမကြောက်နှင့်။ သင်တို့သည် စုံစမ်းခံရစေခြင်းငှါ အချို့ကိုမာရ်နတ်ထောင်ချသဖြင့် ဆယ်ရက်မျှဒုက္ခရောက်ကြလိမ့်တကား။ အသေခံရသည့်တိုင်အောင်သစ္စာစောင့်လော့။ သို့ပြုလျင် အသက်သရဖူကို ငါသနားမည်။ 11 အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို နားရှိသူကြားနာစေ။ အောင်မြင်သူသည် ဒုတိယသေခြင်းဒဏ်ကိုခံရမည်မဟုတ်ဟု မိန့်တော်မူကြောင်းတည်း။
12 ပေရဂံမြို့ရှိ အသင်းတော့်ဆိုင်ရာစေတမန်တော့်ထံရေးလိုက်ရမည်မှာ ထက်သောသံလျက်ရှိသူအရှင်က၊ 13 သင်သည်စာတန်၏ပလ္လင်စိုက်ရာတွင် နေထိုင်ရသည်ကိုလည်းေကာင်း၊ စာတန်နေထိုင်ရာသင်တို့မြို့တွင် သေဒဏ်ခံရသော၊ သစ္စာစောင့်၍ငါ့သက်သေခံအန္တိပ၏လက်ထက်၌ပင် ငါ့အားယုံကြည်ခြင်းကိုမငြင်းဆိုဘဲ ငါ့နာမစွဲမြဲသည်ကိုလည်းေကာင်း ငါသိ၏။ 14-15 သို့ရာတွင် ရုပ်ပွားအားပူဇော်ပြီး အသားကိုစား၍ မတရားသောမေထုန်ပြုခြင်းခလုတ်ကို၊ ဣသရေလအမျိုးသားတို့ရှေ့ချထားရန် ဗာလက်မင်းအားသွန်သင်သော ဗာလမ်၏ဩဝါဒကိုစွဲကိုင်သူ၊ နိကောလဂိုဏ်းသားတို့ ဩဝါဒကိုစွဲကိုင်သူအချို့သည် သင်၌လည်းထိုနည်းတူရှိကြသည့်အတွက် သင့်အား အနည်းငယ်ငါအပြစ်တင်ရန်အကြောင်းရှိသည့်အလျောက်၊ 16 နောင်တရလော့။ သို့မဟုတ် သင့်ထံငါအမြန်လာပြီးလျင် ထိုသူတို့ကိုငါ့နှုတ်ထွက်သံလျက်နှင့် တိုက်လှန်မည်။ 17 အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို နားရှိသူကြားနာစေ။ အောင်မြင်သူ့အား ဝှက်ထားသော မန္နမုန့်ကိုလည်းေကာင်း၊ ရရှိသူမှတစ်ပါး မည်သူမျှမသိနိုင်သောအမည်သစ်နှင့် အက္ခရာတင်ပြီးကျောက်ဖြူကိုလည်းေကာင်း ငါသနားမည်ဟုမိန့်တော်မူကြောင်းတည်း။
18 သွာတိရမြို့ရှိအသင်းတော့်ဆိုင်ရာစေတမန်တော့်ထံ ရေးလိုက်ရမည်မှာ မီးလျှံအဆင်းစက္ခုတော်၊ တိုက်ပြီး ကြေးအဆင်းခြေတော်ရှိသော ဘုရားသခင့်သားတော်က၊ 19 သင့်အကျင့်အကြံများကိုလည်းေကာင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ လုပ်ကျွေးမှုပြုခြင်း၊ တည်ကြည်ခြင်းများကိုလည်းေကာင်း၊ နောက်အကျင့်အကြံများသည် အရင်ထက်တိုးတက်သည်ကိုလည်းေကာင်း ငါသိ၏။ 20 သို့ရာတွင် မတရားသောမေထုန်ပြုကျင့်၊ ရုပ်ပွားရှေ့ပူဇော်ပြီးအသားကိုစားစေရန် ငါ့ကျွန်တို့အား လှည့်စားသွန်သင်လျက် ပရောဖက်မဟုကိုယ်ကိုခေါ်သော မိန်းမယေဇဗေလကိုထားသေးသည့်အတွက် သင့်အားငါအပြစ်တင်ရန်အကြောင်းရှိ၏။ 21 နောင်တရစေရန်အချိန်ကို ငါသနားခဲ့ရာ မတရားသောမေထုန်မှုအတွက် နောင်တမရလိုသောကြောင့်၊ 22 ထိုမိန်းမကို အိပ်ရာပေါ်၌လည်းေကာင်း၊ မှားယွင်း၍နောင်တမရသူတို့ကိုလည်း ကြီးစွာသောဒုက္ခ၌လည်းေကာင်း၊ 23 ငါပြစ်ချသည့်ပြင် သားသမီးတို့ကိုလည်းသေဘေးဒဏ်ခတ်မည်။ ထိုသို့သောအားဖြင့် ငါသည် နှလုံးကျောက်ကပ်ကိုစီစစ်သောအရှင်ဖြစ်ကြောင်း အသင်းတော်ရှိသမျှသိရကြလတ္တံ့။ သင်တို့အသီးအသီးအားလည်း အကျင့်အလျောက်ငါဆပ်ပေးမည်။ 24 သို့သော်လည်း နက်နဲရာဟုချင်းတို့ခေါ်ဝေါ်သည့် စာတန်၏ဩဝါဒကို မနာမယူမသိမကျွမ်းသမျှသော သွာတိရအသင်းတော်ရှိ ကျန်ကြွင်းသူတို့အား ငါဆိုသည်ကား သင်တို့အပေါ်တွင်အခြားဝန်ကိုငါမတင်။ 25 ရရှိသောပါရမီကို ငါလာသည့်တိုင်အောင်စွဲမြဲကြလော့။ 26-27 ငါ့အကျင့်အကြံအလိုက် ဆုံးခန်းတိုင်လိုက်ေလျှာက်အောင်မြင်သူ့အား မြေအိုးများအစိတ်စိတ်ကွဲရသကဲ့သို့ လူမျိုးခြားတို့ကို သံလှံတံနှင့်အုပ်စိုးရန် ခမည်းတော့်ထံမှ ငါ့ကိုယ်တိုင်ခံသည့်နည်းတူ အခွင့်အာဏာကိုငါသနားမည့်ပြင်၊ 28 မိုးသောက်ကြယ်ကိုလည်းသနားဦးမည်။ 29 အသင်းတော်တို့အား ဝိညာဉ်တော်ဆင့်ဆိုရာကို နားရှိသူကြားနာစေဟု မိန့်တော်မူကြောင်းတည်း။