19
ထိုနောက်ကောင်းကင်ဘုံ၌ လူပရိတ်သတ်ကြီး၏အုတ်အုတ်သဲသဲသံနှင့်တူသော အသံကိုငါကြားရသည်မှာ ဟာလေလုယ။ ကယ်တင်ခွင့်မှစ၍ ဘုန်းတော်၊ တန်ခိုးတော်ကို ငါတို့ဘုရားသခင်ပိုင်တော်မူ၏။ စီရင်တော်မူချက်များသည် ဟုတ်မှန်ဖြောင့်မတ်၏။ မတရားသောမေထုန်ဖြင့် မြေကြီးတစ်ပြင်လုံးဖောက်ပြန်စေသော ပြည်တန်ဆာကြီးကို စီရင်ဆုံးဖြတ်တော်မူလျက် ကျွန်တော်ရင်းတို့ အသွေးအတွက် လက်စား​ေချတော်မူပြီဟု ကြွေးကြော်ကြပြီးနောက်၊ ဟာလေလုယဟု ဒုတိယအကြိမ်ကြွေးကြော်ကြပြန်၏။ ထိုမြို့မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လေ၏။ အကြီးအကဲနှစ်ဆယ့်လေးပါးတို့နှင့် သတ္တဝါလေးပါးတို့ကလည်း ရာဇပလ္လင်တော်ထက်စံတော်မူသော ဘုရားသခင်ကိုပျပ်ဝပ်ရှိခိုး၍ အာမင်။ ဟာလေလုယဟုလိုက်ဆိုကြ၏။ ရာဇပလ္လင်တော်မှ ထွက်လာသောအမိန့်သံကလည်း ကိုယ်တော်ကိုခန့်ညားသော အချင်းကျွန်တော်ရင်းအယုတ်အမြတ်အပေါင်းတို့၊ ငါတို့ဘုရားသခင်အား ထောမနာပြုကြလော့ဟု ဆိုသည့်ကာလ၊ လူပရိတ်သတ်ကြီး၏အုတ်အုတ်သဲသဲသံ၊ သမုဒ္ဒရာဟုန်းသံ၊ ပြင်းထန်သောမိုးချုန်းသံနှင့်တူသောအသံကို ငါကြားရသည်မှာ ဟာလေလုယ။ အနန္တတန်ခိုးရှင်၊ ငါတို့ဘုရားသခင်ထာဝရဘုရားစိုးစံတော်မူ၏။ 7-8 အားရရွှင်လန်းလျက် ဘုန်းတော်ကိုချီးမွမ်းကြကုန်အံ့။ သိုးငယ်တော်၏ မင်္ဂလာဆောင်ချိန်တိုင်ရောက်ပြီ။ ခင်ပွန်းတော်လည်း သီးသန့်ထားသူတို့ကောင်းမှုများတည်းဟူသော ဖြူစင်သည့်ပိတ်ချောကိုဆင်ယင်ခွင့်ရသည့်အလျောက် အသင့်ဆင်ပြင်ပြီးဖြစ်သည်ဟူ၍တည်း။ ထိုအခါ စေတမန်တော်က၊ သိုးငယ်တော်၏ မင်္ဂလာဆောင်ပွဲတော်သို့ဖိတ်ကြားခံရသူတို့၌ မင်္ဂလာရှိသည်ကို ရေးသားလော့ဟူ၍လည်းေကာင်း၊ ဤကားဘုရားသခင့်ဗျာဒိတ်တော်စစ်ဖြစ်သည်ဟူ၍လည်းေကာင်း မြွက်ဆိုရာ၊ 10 ခြေရင်း၌ငါပျပ်ဝပ်လျက်ရှိခိုးမည်ပြုသော် ရှိမခိုးလင့်။ ငါသည်သင်နှင့်လည်းေကာင်း၊ ယေရှုအကြောင်း သက်သေခံမြဲခံသော သင့်ညီအစ်ကိုတို့နှင့်လည်းေကာင်း ကျွန်ချင်းဖြစ်သည်။ ဘုရားသခင်ကိုရှိခိုးလော့ဟု ငါ့အားပြောဆို၏။ ယေရှုအကြောင်းသက်သေမှာ ပရောဖက်ပြုခြင်းအနှစ်သာရတည်း။
11 တစ်ဖန်ကောင်းကင်ဘုံပွင့်ရာ ငါမျှော်ကြည့်သော် မြင်းဖြူတစ်စီးကိုမြင်ရ၏။ စီးနင်းသူသည် ဟုတ်မှန်စွာသစ္စာစောင့်သော အရှင်ဟုသမုတ်၍ ဖြောင့်မတ်စွာစီရင်ဆုံးဖြတ်လျက် စစ်တိုက်တော်မူ၏။ 12-13 မီးလျှံကဲ့သို့စက္ခုတော်ရှိသော ထိုအရှင်သည် မကိုဋ်အများကိုဆောင်းလျက် အသွေးစွန်းပြီးဝတ်လုံကိုရုံလျက် ကိုယ်မှတစ်ပါး မည်သူမျှမသိသော အက္ခရာတင်ပြီးနာမတော့်ပြင် ဘုရားသခင့် 19.12-13 တစ်နည်း။ ဉာဏ်ေတာ်။ နှုတ်ကပတ်တော်ဟူ၍ဘွဲ့တော်ရှိ၏။ 14 ကောင်းကင်ဗိုလ်ခြေတို့လည်း ဖြူစင်သောပိတ်ချောဝတ်ဆင်လျက် မြင်းဖြူများကိုစီး၍နောက်တော်ပါကြရာ။ 15 လူအမျိုးမျိုးတို့ကို ဒဏ်ခတ်ရန် ခံတွင်းတော်မှ ထက်သောသံလျက်ထွက်သည့်အလျောက် သံလှံတံနှင့်အုပ်စိုး၍ အနန္တတန်ခိုးရှင် ဘုရားသခင့်အမျက်တော်စပျစ်ရည်အရှိန်ကျင်းကို ဖိနင်းတော်မူ၏။ 16 ဝတ်လုံတော်၊ ပေါင်တော်ပေါ်မှာ ဘုရင့်ထက်ဘုရင်၊ အရှင့်ထက်အရှင်ဟုဘွဲ့တော် အက္ခရာတင်လျက်ရှိ၏။
17 တစ်ဖန်စေတမန်တော်တစ်ပါးသည် နေတွင်ရပ်၍ ကောင်းကင်အလယ်၌ ပျံဝဲသောငှက်အပေါင်းတို့အား ဘုရားသခင်၏ စားသောက်ပွဲတော်ကြီးသို့စုရုံးလျက်၊ 18 ဘုရင်မင်းတို့အသား၊ ဗိုလ်မှူးတို့အသား၊ သူရဲကောင်းတို့အသား၊ မြင်းနှင့်စီးနင်းသူတို့အသား၊ ကျွန်၊ လူလွတ်၊ လူယုတ်၊ လူမြတ် ရှိသမျှတို့အသားကို စားရန်လာကြဟု ကျယ်သောအသံနှင့်ကြွေးကြော်လျက်နေသည်ကို ငါမြင်ရ၏။
19 ထိုအခါ သားရဲမှစ၍ မြေကြီးဘုရင်မင်းတို့နှင့်နောက်ပါဗိုလ်ခြေများသည် မြင်းစီးသောအရှင်မှစ၍ နောက်တော်ပါဗိုလ်ခြေများကို စစ်တိုက်ရန်ခင်းကျင်းကြစဥ်၊ 20 သားရဲရှေ့တွင်နိမိတ်ပြသဖြင့် သားရဲ၏သညာခံသူ၊ ရုပ်ပုံကိုရှိခိုးသူတို့အား လှည့်ဖြားသောမိစ္ဆာပရောဖက်နှင့်တကွ သားရဲပါသုံ့ပန်းပြီးလျှင် နှစ်ဦးလုံးကိုတောက်လောင်သော ကန့်မီးအိုင်ထဲသို့ အရှင်လိုက်ပစ်ချသည့်ပြင်၊ 21 ကြွင်းသူတို့ကို မြင်းစီးသောအရှင့်ခံတွင်းတော်ထွက်သန်လျက်နှင့် ကွပ်မျက်သဖြင့် ချင်းတို့အသားနှင့်ငှက်အပေါင်းပြည့်ဝသည်ကို ငါမြင်ရ၏။