10
1-2 ၎င်းပြင် တိမ်တိုက်ကိုရုံလျက်၊ သက်တံ့ဆောင်းလျက်၊ ဖွင့်ထားပြီးစာစောင်ငယ်ကိုင်လျက်၊ နေသဖွယ်မျက်နှာ၊ မီးတိုင်သဖွယ်သလုံးရှိသောခွန်အားကြီးသည့်စေတမန်တော်တစ်ပါးသည် ကောင်းကင်မှဆင်းသက်ပြီးလျှင် ညာခြေကိုရေပေါ်မှာလည်းေကာင်း၊ ဝဲခြေကိုမြေပေါ်မှာလည်းေကာင်း၊ ချထားသည်ကိုငါမြင်ရ၏။ ခြင်္သေ့ဟောက်သကဲ့သို့ ကျယ်သောအသံနှင့်ကြွေးကြော်ရာ မိုးကြိုးခုနစ်ချက်က ဗျာဒိတ်ပေးလေ၏။ ထိုသို့မိုးကြိုးခုနစ်ချက်ဗျာဒိတ်အတိုင်း ငါရေးသားမည်ပြုသော် မိုးကြိုးခုနစ်ချက်ဗျာဒိတ်ကိုမရေးနှင့်။ တံဆိပ်ခတ်ပိတ်လော့ဟု ကောင်းကင်ဘုံမှအမိန့်သံကိုငါကြားရ၏။ ထိုအခါ ရေမြေပေါ်မှာရပ်နေရာ ငါမြင်သောစေတမန်တော်လည်း ကောင်းကင်သို့ညာလက်ေမြှာက်လျက်၊ 6-7 ကျွန်တော်ရင်းပရောဖက်တို့အား ဖော်ပြတော်မူသည်နှင့်အညီ ဘုရားသခင့်နက်နဲရာသည် သတ္တမစေတမန်တော်တံပိုးမှုတ်မည့်နေ့ရက်ကာလတွင် မနှောင့်မနှေးပြီးစီးမည်ဟု ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူထသော၊ မိုးမြေ၊ ရေနှင့်ပါရှိသမျှကို ဖန်ဆင်းတော်မူသောအရှင်အား တိုင်တည်၍သစ္စာဆိုပြီးနောက် ငါကြားခဲ့ရာကောင်းကင်အသံက၊ ရေမြေပေါ်မှာရပ်နေသောစေတမန်တော့်လက်၌ ဖွင့်ထားသည့်စာစောင်ကိုသွားယူလော့ဟု မိန့်ပြန်သည့်အတိုင်း၊ ထိုစေတမန်တော်ထံသွား၍ စာစောင်ငယ်ကိုငါတောင်းရာ စေတမန်တော်က၊ ယူ၍စားလော့။ ဝမ်း၌ခါး၍ ခံတွင်း၌ပြားရည်ကဲ့သို့ချိုလိမ့်မည်ဟု မြွက်ဆို၏။ 10 သို့နှင့်အညီ စေတမန်တော်လက်မှ စာစောင်ငယ်ကိုငါယူ၍စားသော် ခံတွင်း၌ပျားရည်ကဲ့သို့ချိုလျက် စားပြီးနောက်ဝမ်း၌ခါး၏။ 11 ထိုအခါ ဘာသာစကားအပုံပုံပြောဆိုသော လူအမျိုးအနွယ်များနှင့်ဘုရင်မင်းအများကိုရည်၍ သင်ဟောပြောရဦးမည်ဟူသောအမိန့်ကို ငါခံရ၏။