ဗျာဒိတ်တော်ကျမ်း
1
မကြာမီဖြစ်ပျက်ရမည့်အခြင်းအရာများကို ကျွန်တော်ရင်းတို့အားထင်ရှားစေရန် ဘုရားသခင်သနားတော်မူ၍ ကိုယ်တော်၏ကျွန်ယောဟန့်ထံစေ တမန်တော်အားဖြင့်၊ ယေရှုခရစ်ဆင့်ဆိုဖော် ပြတော်မူသော ဗျာဒိတ်တော်အတိုင်း၊ ယောဟန်သည် ယေရှုခရစ်သက်သေခံတော်မူသော ဘုရားသခင့်နှုတ်ကပတ်တော်အကြောင်း မျှော်မြင်သမျှနှင့်အညီ သက်သေခံ၏။ အချိန်တိုင်လုပြီဖြစ်သည့်အလျောက် ဤပရောဖက်ကျမ်းချက်များကို ဖတ်ရွတ်သူ၌လည်းေကာင်း၊ ကြားနာ၍ပါရှိသည့်အတိုင်း စောင့်ရှောက်သူတို့၌လည်းေကာင်း မင်္ဂလာရှိ၏။
အာရှိပြည်ရှိ အသင်းတော်ခုနစ်ပါးထံယောဟန်ရေးလိုက်သည်မှာ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် တည်တော်မူသောအရှင့်ထံမှလည်းေကာင်း၊ ပလ္လင်တော်ရှေ့တည်ရှိသော ဝိညာဉ်ခုနစ်ပါးထံမှလည်းေကာင်း၊ သစ္စာစောင့်သောသက်သေတော်ခံ၊ သူသေတို့အထဲမှဩရသ၊ မြေကြီးဘုရင်တို့ကို အုပ်စိုးတော်မူသောအရှင် ယေရှုခရစ်၏အထံတော်မှလည်းေကာင်း၊ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တည်ရှိပါစေသော။ ငါတို့ကိုချစ်၍ အသွေးတော်ဖြင့်အပြစ်များမှဖြေလွှတ်ပြီးလျှင်၊ ခမည်းတော်ဘုရားသခင့်ရှေ့၊ ပရောဟိတ်နိုင်ငံတော့်အဖြစ် ခန့်ထားတော်မူသောအရှင်သည် ကမ္ဘာအဆက်ဆက်ဘုန်းတော်၊ တန်ခိုးတော်ကြီးပါစေသတည်း။ အာမင်။
ကိုယ်တော်သည် မိုးတိမ်နှင့်တကွကြွလာတော်မူရာ ထိုးဖောက်ခဲ့သူတို့မှစ၍ လူဟူသမျှရှုမြင်ရသည့်အလျောက် ကိုယ်တော်ကြောင့်မြေပေါ်ရှိလူအမျိုးမျိုးတို့ မြည်တမ်းကြလိမ့်မည်။ ဟုတ်မှန်ပေ၏။ အာမင်။
ငါကား အာလဖနှင့်ဩ​ေမဃတည်းဟု ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်တည်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင် မိန့်တော်မူ၏။
ယေရှု၌ဆင်းရဲခြင်း၊ စိုးစံခြင်း၊ တည်ကြည်ခြင်းများကို သင်တို့နှင့်အတူဆက်ဆံသော ညီအစ်ကိုဖြစ်သူငါယောဟန်သည် ဘုရားသခင့်တရားတော်နှင့်ယေရှုအကြောင်း သက်သေခံသဖြင့်၊ ပတ်မုခေါ် ကျွန်းမှာရောက်နေရသော်၊ 10 အရှင်ဘုရားနေ့တွင် ဝိညာဉ်တော်ဝင်စားစဉ် နောက်ကတံပိုးမှုတ်သံသဖွယ်ကျယ်စွာထွက်သည်ကား။ 11 သင်မြင်သမျှကို ကျမ်းပြု၍ရေးသားပြီးလျှင် ဧဖက်၊ စမုရန၊ ပေရဂံ၊ သွာတိရ၊ သာဒိ၊ ဖိလဒေလဖိ၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံပို့လိုက်လော့ဟု မိန့်တော်မူသံကိုငါကြားရသဖြင့်။ 12 မိန့်ဆိုသူ့ကိုမြင်ခြင်းငှါ လှည့်ကြည့်သော် ရွှေမီးခုံ ခုနစ်ခုံကိုလည်းေကာင်း၊ 13 ထိုအလယ်တွင် လူ့သားနှင့်တူသောပုဂ္ဂိုလ်တစ်ပါးကိုလည်းေကာင်း မြင်ရ၏။ ထိုပုဂ္ဂိုလ်သည်ဝတ်လုံရုံလျက် ရွှေရင်စီးကိုစည်းလျက်၊ 14 ဦးခေါင်းတော်ရှိကေသာတော်သည် သိုးမွေး၊ မိုးပွင့်နှင့်အမျှဖြူဆွတ်လျက် စက္ခုတော်သည်မီးလျှံကဲ့သို့လည်းေကာင်း၊ 15 ခြေတော်သည် မီးဖြင့်ချွတ်တိုက်ပြီးကြေးကဲ့သို့လည်းေကာင်း၊ အသံတော်သည်သမုဒ္ဒရာဟုန်းသံကဲ့သို့လည်းေကာင်း၊ ဖြစ်လျက်၊ 16 ညာလက်တော်၌ ကြယ်ခုနစ်လုံးကိုကိုင်လျက် ခံတွင်းတော်မှ ထက်သောသန်လျက်ထွက်လျက် မျက်နှာတော်မှ ပြင်းထန်သောနေရောင်ကဲ့သို့ ရောင်ခြည်လွှတ်လျက်နေတော်မူ၏။ 17 ထိုပုဂ္ဂိုလ်ကိုမြင်သော် ခြေရင်းတော်၌ပြိုလဲ၍ သူသေကဲ့သို့ဖြစ်သောငါ့အပေါ်မှာ ညာလက်တော်ကိုတင်လျက် ကိုယ်တော်က၊ မကြောက်လင့်။ 18 ငါသည်အာဒိကနှင့်အန္တိမဖြစ်၏။ အသေခံခဲ့သော်လည်း ရှင်မြဲရှင်လေပြီ။ ကမ္ဘာအဆက်ဆက် ရှင်နေသည့်အလျောက် မရဏာ့နှင့် မရဏာ့နိုင်ငံ၏သော့များကိုငါပိုင်၏။ 19 မျှော်မြင်သည့်အတိုင်း ယခုဖြစ်ဆဲအကြောင်းအရာ၊ နောက်ဖြစ်လတ္တံ့အကြောင်းအရာများကို ရေးသားလော့။ 20 ငါ့ညာလက်တွင် သင်မြင်သောကြယ်ခုနစ်လုံးမှစ၍ ရွှေမီးခုံခုနစ်ခုံ၏အနက်ကား မီးခုံခုနစ်ခုံသည် အသင်းတော်ခုနစ်ပါး၊ ကြယ်ခုနစ်လုံးသည် ထိုအသင်းတော်ခုနစ်ပါးဆိုင်ရာ စေတမန်တော်များတည်း။