4
ထိုအခါ ဗောဇသည် မြို့တံခါးဝသို့သွားရောက်ထိုင်နေစဉ်၊ ပြောခဲ့ဘူးသောရွေးပိုင်သူသီးသန့် သွားရာ၊ ဟေ့အချင်း၊ လှည့်၍ဤတွင်ထိုင်ဦးလော့ဟု ဆိုသည့်အတိုင်း လှည့်၍ထိုင်နေလေ၏။ ထိုနောက် မြို့လူကြီး တစ်ကျိပ်ကိုလည်းခေါ်လျက် ထိုင်ကြပါဦးဟုဆိုသည်နှင့်အညီ ထိုင်နေကြသောအခါ ရွေးပိုင်သူအား ဗောဇက၊ မောဘပြည်မှပြန်လာသော နောမိသည် ငါတို့ အစ်ကိုတော်သူ ဧလိမလက်ပိုင်သောမြေကွက်ကို ရောင်းချလိုသည်ဖြစ်၍ ဤတွင်ထိုင်နေကြသောငါ့အမျိုးလူကြီးတို့ရှေ့၊ ဝယ်ပါဟူ၍ ဆိုလိုရင်းရှိသည့်အတိုင်း သင်ရွေး လိုမူ ရွေးပါလော့။ မရွေးလိုမူ ကြားပြောပါ။ သင်မှတစ်ပါးရွေးပိုင်သူမရှိ၊ သင့်နောက်ငါသည် ရွေးပိုင်သူ ဖြစ်ပါဟုဆိုလျှင် ရွေးပါမည်ဟုပြန်ဆိုရာ၊ ဗောဇက၊ ထိုမြေကွက်ကို နောမိလက်မှဝယ်မည့်နေ့ရက်၌ သေလွန်သူ၏အမည်ကို ကိုယ့်အမွေစု တွင် တည်စေရန် သေလွန်သူ့မယားမောဘပြည်သူ ရုသ 4.5 ပါဠိ - ထံ ကိုဝယ်ယူရဦးမည်ဟုဆိုသော် ရွေးပိုင်သူက၊ ငါသည်ကိုယ့်အမွေစုပျက်မည့်စိုးသောကြောင့် မရွေးနိုင်ချေ။ သို့ဖြစ်၍ ငါရွေးပိုင်ထိုက်ခွင့်ကို သင့်ကိုယ်တိုင်ယူပါတော့ဟုဆို၏။ ဣသရေလရှေးဟောင်းထုံးစံမှာ ရွေးခြင်းအမှု၊ လွှဲပြောင်းခြင်းအမှုခိုင်ခံ့စေခြင်းငှါ၊ တစ်ဦးသည် တစ်ဦးသို့ကိုယ်စီးနင်းသောဖိနပ်ကိုချွတ်၍ ပေးအပ်လေ့ရှိသည့်အတိုင်းပြုလျှင်၊ ဣသရေလူမျိုးတွင် သက်သေအဖြစ်တည်၏။ သို့ဖြစ်၍ ဗောဇအား ရွေးပိုင်သူက၊ ကိုယ်တိုင်ဝယ်ပါတော့ဟုဆိုလျက် စီးသောဖိနပ်ကိုချွတ် ပေးရာ လူကြီးတို့နှင့်တကွ မြို့သူမြို့သားအပေါင်းတို့အား ဗောဇက၊ ငါသည်နောမိလက်မှ ဧလိမလက်၊ ခိလျုန်၊ မဟာလုန်တို့ပိုင်သမျှကို ဝယ်သည့်ပြင် 10 ဆွေမျိုးသားချင်းတို့နှင့် နေရင်းမြို့တံခါးအတွင်း၌ သေလွန်သူ၏အမည်မပျက်မကွက်စေဘဲ အမွေစုတွင် တည်စေခြင်းငှါ မဟာလုန့်မယား၊ မောဘပြည်သူရုသကိုလည်း ကြင်ဘက်အဖြစ်ဝယ် ယူကြောင်း ယနေ့သင်တို့သည် သက်သေဖြစ်ကြသည်ဟု ပြောဆိုသည့်အလျောက် 11 တံခါးအနီးရှိ မြို့သူမြို့သားအပေါင်းတို့နှင့် လူကြီးတို့က ငါတို့သည် သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ဝင်ရောက်သူ ဤမိန်းမငယ်၌ ဣသရေလအမျိုးကို တည်ဆောက်သောရာခေလနှင့် လေအာတို့နည်းတူ ထာဝရဘုရားပြုတော်မူပါစေသော။ သင်လည်း ဧဖရတ်ခရိုင်၊ ဗက်လင်မြို့ ပေါ်တွင် သြဇာကြီး၍ အသရေတိုးတက်ပါစေသော။ 12 ထာဝရဘုရားသနားတော်မူသဖြင့် ဤမိန်းမငယ်မှ ဆင်းသက်သောသင့်အမျိုးအနွယ်သည် ယုဒမယားတာမာဖွားမြင်သော ဖာရက်အမျိုးအနွယ်နည်းတူ ဖြစ်ပါစေသောဟု ဆိုကြသတည်း။ 13 ဗောဇသည် ရုသကိုကြင်ဖက်အဖြစ် သိမ်းပိုက်လျှင် ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်သောအခါ 14 နောမိအား မြို့သူတို့က၊ ယနေ့သင်၌ရွေးပိုင်သူ့ကို ပြတ်ကင်းစေတော်မမူသော ထာဝရဘုရား သည် မင်္ဂလာရှိတော်မူပါစေသော။ ထိုသူငယ်၏အမည်သည် ဣသရေလလူမျိုးတွင် အသရေရှိပါစေသော။ 15 သင့်ကိုချစ်မြတ်နိုးသဖြင့် သားခုနစ်ယောက်ထက် မြတ်သောချွေးမသည် သူငယ်ကို ဖွားမြင် သောကြောင့် ထိုသူငယ်သည် အသက်ကိုအားဖြည့်သူ၊ အိုမင်းသောအခါ ကျွေးမွေးသူ၊ သင်၌ဖြစ်လိမ့် မည်ဟုဆိုကြ၏။ 16 နောမိသည် ထိုသူငယ်ကို ယူငင်ပွေ့ပိုက်လျက် အထိန်းအရာ၌တည်လေ၏။ 17 နောမိသည် သားယောက်ျားကိုရလေပြီဟု အိမ်နီးချင်းမိန်းမတို့ဆိုလျက် သြဗက်အမည်ဖြင့် မှည့်ကြလေ၏။ သြဗက်သားကား၊ ယေရှဲ၊ ယေရှဲသားကား ဒါဝိဒ်မင်းဖြစ်သတည်း။
18 ဖာရက်သားစဉ်မြေးဆက်မှာမူ ဖာရက်သား၊ ဟေဇရုံ၊ ဟေဇရုံသား၊ အာရံ။ 19 အာရံ့သား၊ အမိနဒပ်၊ 20 အမိနဒပ်သား၊ နာရှုန်၊ နာရှုန့်သား စာလမုန်။ 21 စာလမုန့်သား ဗောဇ၊ ဗောဇသား သြဗက်။ 22 သြဗက်သား ယေရှဲ၊ ယေရှဲသား ဒါဝိဒ်မင်းတည်း။