3
ထိုနောက် ယောက္ခမနောမိက၊ ငါ့သမီး၊ သင်၌ငြိမ်းချမ်းစွာနားနေခွင့်ရရန်၊ ငါမရှာသင့်သလော။ သင့်အပေါင်းအသင်း ကျွန်မိန်းမတို့၏ အရှင်ဗောဇသည် ငါတို့ဆွေမျိုးဖြစ်သည်မဟုတ်လော။ ထိုသူယနေ့ညဉ့်တွင် ကောက်နယ်တလင်း၌မုယောစပါးလှေ့လျက်ရှိလိမ့်မည်ဖြစ်၍၊ ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်ဆင်ယင်ခြင်းပြုပြီးလျှင်၊ ကောက်နယ်တလင်းသို့သွားလေ လော့။ စားသောက်မှုမပြီးမီ မျက်နှာမပြဘဲ သူအိပ်သောအခါ အိပ်ရာကိုမှတ်သားလျက် ချဉ်းကပ်ပြီးလျှင် ခြေရင်းမှစောင်ကိုဖွင့်၍ ဝင်အိပ်လေလော့။ သင်ပြုအပ်သောအကြောင်းကို ေဖာ်ပြလိမ့်မည်ဟုဆိုသော်၊ ရုသက၊ အမိပြောသမျှအတိုင်း လိုက်နာပါမည်ဟု ဝန်ခံပြီးနောက် ကောက်နယ်တလင်းသို့သွားရောက်လျက် ယောက္ခမပြောဆိုသမျှအတိုင်း လိုက်နာလေ၏။ ဗောဇသည် စားသောက်သဖြင့် စိတ်ရွှင်လန်းလျက် စပါးပုံခြေရင်းတွင် သွားရောက်အိပ်နေရာ၊ တိတ်တဆိတ်ရုသချဉ်းကပ်ပြီးသော် ခြေရင်းမှစောင်ကိုဖွင့်၍ ဝင်အိပ်လေ၏။ သန်းခေါင်အချိန်၌ ထိုသူလန့်လျက် လူးလှိမ့်သောအခါ ခြေရင်းတွင် အိပ်နေသောမိန်းမကို တွေ့မြင်သည်နှင့် သင်မည်သူနည်းဟုမေးလျှင် အရှင့်ကျွန်မရုသဖြစ်ပါ၏။ အရှင်သည် ရွေးပိုင်သူဖြစ်သည့်အလျောက် စောင်အမြိတ်ဖြင့် ကျွန်မကိုခြုံလွှမ်းပါဟုလျှောက်ရာ 10 ဗောဇက၊ ချစ်သမီး၊ ထာဝရဘုရားအထံတော်မှ မင်္ဂလာခံရပါစေသော။ သူဌေးဖြစ်စေ၊ ဆင်းရဲ သားဖြစ်စေ၊ ပျိုရွယ်သူတို့နောက်သို့ မလိုက်လိုသောကြောင့် ယခုသင်ပြုသောကျေးဇူးသည် ရှေးထက် သာ၍ကြီးမြတ်လှ၏။ 11 ချစ်သမီး၊ မကြောက်လင့်။ တောင်းလျှောက်သမျှကို ငါပြုပါမည်။ သင်သည်နှလုံးရည်ကောင်းသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေရာတစ်မြို့လုံးသိကြ၏။ 12 ငါသည်ရွေးပိုင်သူမှန်ငြားသော်လည်း ငါ့ထက်သာ၍ရင်းသောရွေးပိုင်သူတစ်ဦးရှိသေး၏။ 13 ယနေ့ညဉ့်တွင်အိပ်နေပါဦး။ နက်ဖြန်ထိုသူသည် ရွေးပိုင်သည့်ဝတ္တရားကို စောင့်ရှောက်လျှင် တော်သင့်၏။ ပြုပါလေစေ။ စောင့်လိုသောသဘောမရှိပါမူ ထာဝရဘုရားအသက်ရှင်တော်မူသည့်အလျောက် ငါစောင့်ရှောက်မည်။ အရုဏ်တက်သည့်တိုင်အောင် အိပ်တော့ဟုဆိုသည့်အတိုင်း 14 ရုသသည် အရုဏ်တက်သည့်တိုင်အောင် ခြေရင်းတွင်အိပ်လျက် ကောက်နယ်တလင်းသို့ မိန်းမ လာကြောင်း မည်သူမျှမသိရန် ဗောဇအလိုရှိသည့်အလျောက် ညီအစ်ကိုမသိတသိအချိန်ထလေ၏။ 15 ဗောဇကလည်း သင်၌ပါသောတဘက်ကို ဖြန့်ခင်းလော့ဟုဆို၍ ရုသဖြန့်ခင်းရာ၊ မုယောစပါး ခြောက်ပြည်ခြင်ပြီးလျှင် ပေးအပ်ရွက်စေ၏။ 16 မြို့တွင်းသို့ဝင်သွားသဖြင့် ယောက္ခမထံသို့ရောက်သော်၊ ငါ့သမီး၊ မည်သို့နည်းဟု ယောက္ခမ မေးမြန်းရာ ဗောဇပြုသမျှကိုလည်းေကာင်း၊ 17 ယောက္ခမထံလက်ချည်းမပြန်နှင့်ဟုဆိုလျက် မုယောစပါးခြောက်ပြည် ပေးလိုက်ကြောင်း ကိုလည်းေကာင်း၊ ပြန်ကြားလျှင် 18 ယောက္ခမက၊ ငါ့သမီး၊ ဤအမှုမည်သို့ဖြစ်ပွားသည်ကို မသိမချင်း ထိုင်နေလော့။ ထိုသူသည် အမှုကိုယနေ့အပြီးမသတ်ဘဲ နေမည်မဟုတ်ချေဟု ပြောဆိုလေ၏။