ရုသအတ္ထုပ္ပတ္တိကျမ်း
1
တရားမင်းတို့အုပ်စိုးစီရင်ကြသည့်ကာလ ပြည်တော်တွင် အစာခေါင်းပါးခြင်းကပ်သင့်ရောက် သဖြင့် ယုဒနယ်၊ ဗက်လင်မြို့သားတစ်ယောက်သည် မယားနှင့်သားနှစ်ယောက်တို့ပါ မောဘပြည်သို့ သွားရောက်မှီခိုကြလေ၏။ ထိုသူ၏အမည်ကား၊ ဧလိမလက်၊ မယား၊ နောမိ၊ သားနှစ်ယောက်တို့လည်း မဟာလုန်နှင့် ခိလျုန်အမည်ရှိကြသတည်း။ ထိုသူတို့သည် ယုဒနယ်၊ ဧဖရတ်ခရိုင်၊ ဗက်လင်မြို့သားဖြစ်လျက် မောဘပြည်သို့သွားပြီးလျှင် နေထိုင်ကြရာ၊ နောမိ၏ခင်ပွန်းကွယ်လွန်သဖြင့် မယားနှင့်သားနှစ်ယောက်တို့ကျန်ရစ်ကြ၏။ ထိုသားတို့သည် မောဘပြည်သူ၊ သြရပနှင့်ရုသအမည်ရှိသော မိန်းမတို့ကို ကြင်ဘက်အဖြစ်သိမ်းပိုက်၍ နှစ်ပေါင်းဆယ်နှစ်ခန့်နေထိုင်ပြီးမှ၊ မဟာလုန်နှင့်ခိလျုန်နှစ်ဦးလုံးကွယ်လွန်ပြန်သဖြင့်၊ နောမိသည် သားလင်မဲ့လျက် ကျန်ရစ် လေသော်၊ လူမျိုးတော်အား ထာဝရဘုရားကြည့်ရှု၍ အစာပေးသနားတော်မူကြောင်းကို မောဘပြည်တွင် နေသေးစဉ် ကြားရသည်နှင့် ထိုပြည်မှ ချွေးမနှစ်ယောက်တို့နှင့်တကွ ပြန်သွားရန်ထပြီးလျှင်၊ ၄င်းချွေးမတို့ပါ နေရာအရပ်မှထွက်သွား၍ ယုဒပြည်သို့တစ်ဖန်အရောက်ခရီးသွားကြလေ၏။ ထိုအခါ နောမိကချွေးမတို့အား သင်တို့နှစ်ယောက်လုံးပင်၊ ကိုယ့်အမိအိမ်သို့ပြန်သွားကြလေ။ ကွယ်လွန်သူတို့၌လည်းေကာင်း၊ ငၙါၙၙၙၙၙၙၙၙၙၙၙၙၙၙၙၙ၌လည်းေကာင်း၊ ကျေးဇူးပြုကြသည့်အလျောက် သင်တို့၌ထာဝရဘုရားကျေးဇူးပြုတော် မူသဖြင့်၊ ၙၙၙၙၙၙၙၙ နောက်အိမ်ထောင်နှင့်ငြိမ်းချမ်းစွာ နှစ်ယောက်လုံးနေထိုင်ခွင့်ကို သနားတော်မူပါစေသောဟု ဆို၍ နမ်းရှုပ်ရာ၊ 10 ၄င်းတို့အော်ဟစ်ငိုကြွေးကြလျက် ကျွန်မတို့သည် အရှင်မနှင့်အတူ အရှင်မ၏ဆွေမျိုးသားချင်း တို့ထံလိုက်ပါပါမည်ဟုဆိုကြလျှင်၊ 11 နောမိက၊ ငါ့သမီးတို့ ပြန်ကြလေ။ မည်သည့်အတွက် ငါနှင့်လိုက်လိုကြသနည်း။ သင်တို့ကြင်ဘက်ပြုရန် ငါ့ဝမ်းတွင်သားရှိပါသေးသလော။ 12 ငါ့သမီးတို့၊ ငါသည်အိမ်ထောင်ပြုရန် အိုမင်းလှပြီးဖြစ်သောကြောင့် ပြန်သွားကြလေ။ အကယ်၍ မေျှာ်လင့်စရာရှိသေးသည်ဟုငါဆိုလျှင်လည်းေကာင်း၊ ယနေ့ညဉ့်ပင်အိမ်ထောင်ပြု၍ သားတို့ကို ဖွားမြင်လျှင်လည်းေကာင်း၊ 13 ထိုသားများအရွယ်ရောက်သည့်တိုင်အောင် အိမ်ထောင်မပြုဘဲ သင်တို့ဆိုင်းငံ့မည်လော။ ငါ့သမီးတို့ ထိုသို့မဟုတ်စေရ။ ထာဝရဘုရားလက်တော်သည် ငါ့အပေါ်တွင် သင့်ရောက်ရှိသဖြင့် သင်တို့အတွက် အလွန်ပင်နစ်နာလှသည်ဟုဆိုသော်၊ 14 ၄င်းတို့တစ်ဖန်အော်ဟစ်ငိုကြွေးကြပြီးလျှင် သြရပသည်ယောက္ခမကိုနမ်း၍ နှုတ်ဆက်လေ၏။ ရုသမူကား မှီဝဲနေထိုင်လေ၏။ 15 ထိုအခါ နောမိက၊ သင့်အစ်မသည် ဘုရားရင်းနှင့်အမျိုးရင်းထံသို့ ပြန်သွားလေပြီ။ အစ်မနောက်တွင်လိုက်သွားလေဟုဆိုသော်၊ 16 ရုသက၊ အရှင်မနောက်သို့မလိုက်စေရန်၊ စွန့်ခွာရမည့်အကြောင်း မတိုက်တွန်းပါနှင့်။ သွားလေရာသို့လိုက်ပါပါမည်။ တည်းခိုလေရာ၌ တည်းခိုပါမည်။ အရှင်မအမျိုးသည် ကျွန်မအမျိုး၊ အရှင်မ ဘုရားသည် ကျွန်မဘုရားပင်တည်း။ 17 အရှင်မသေသောအရပ်၌ ကျွန်မလည်းသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး အခြား အကြောင်းကြောင့် အရှင်မနှင့်ခွဲခွာခဲ့လျှင်၊ ထာဝရဘုရားသည် ကျွန်မအပေါ်တွင် သာ၍အပြစ်စီရင် ပါစေသောဟု ပြန်ဆိုသည့်အလျောက် 18 လိုက်ရန်စိတ်ပြဌာန်းသည်ကို နောမိသိလျှင် ထပ်မံမတိုက်တွန်းဘဲနေလေ၏။ 19 ထိုသူနှစ်ယောက်တို့သည် ခရီးသွားမြဲသွားသဖြင့် ဗက်လင်မြို့သို့ရောက်လျှင် တစ်မြို့လုံးဆူညံဝိုင်းအုံလျက် ဤသူကား နောမိလောဟု မေးကြရာ 20 သူက၊ 1.20 အနက်ကား။ သာယာေသာ။ နောမိဟူ၍မခေါ်ပါလင့်။ 1.20 အနက်ကား။ နစ်နာေသာ။ မာရဟုခေါ်ကြပါ။ အနန္တတန်ခိုးရှင်သည် ကျွန်မ၌အလွန်နစ်နာလှအောင်ပြုတော်မူပါ၏။ 21 ကျွန်မသည် အစုံအလင်ထွက်သွားရသော်လည်း၊ ဆုံးပါးလျက် ထာဝရဘုရားပြန်ေစတော်မူ၏။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ကျွန်မတစ်ဘက်၌ သက်သေခံလျက် ဘေးသင့်စေတော်မူသည်နှင့် နောမိဟုအဘယ်ကြောင့် ခေါ်ကြပါသနည်းဟူ၍ ပြန်ပြောလေ၏။ 22 ထိုသို့နောမိသည် မောဘပြည်မှ လိုက်ပါသူ မောဘအမျိုးသမီး၊ ချွေးမဖြစ်သောရုသနှင့်ပြန်၍ မုယောစပါးရိတ်သိမ်းစအချိန်တွင် ဗက်လင်မြို့သို့ရောက်ကြ၏။