15
စိတ်သန်သောငါတို့သည် စိတ်နုန့်သူတို့၏အားနည်းခြင်းဝန်များကို ထမ်းသင့်၏။ ကိုယ့်စိတ် တွေ့တိုင်းမပြုဘဲ အသီးအသီးတို့သည်၊ အပေါင်းအဖော်၌ဆောက်တည်ခြင်းကောင်းကျိုးရှိစေရန် သူ့စိတ်တွေ့တိုင်းပြုကြကုန်အံ့။ ကိုယ်တော်ကိုကဲ့ရဲ့သူတို့၏ကဲ့ရဲ့ခြင်းများသည် အကျွန်ုပ်အပေါ်သို့သင့်ရောက်ပါသည်ဟူသော ကျမ်းချက်ရှိသည့်အတိုင်း ခရစ်တော်ပင်ကိုယ့်စိတ်တွေ့တိုင်းပြုတော်မမူ။ ရေးနှင့်သမျှကျမ်းချက်သည် ငါတို့တည်ကြည်ခြင်းအားဖြင့်လည်းကောင်း၊ ကျမ်းဂန်တော်ကြောင့် ရသောနှစ်သိမ့်ခြင်းအားဖြင့်လည်းကောင်း၊ မျှော်လင့်ခွင့်ရှိကြစေရန် သွန်သင်ခြင်းအဖို့ရေးထားလျက်ရှိ၏။ 5-6 ငါတို့အရှင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်ဘုန်းတော်ကို တစ်စိတ်တည်း၊ တစ်သံတည်း ချီးမွမ်းခွင့်ရှိစေခြင်းငှါ တည်ကြည်ခြင်းနှင့်နှစ်သိမ့်ခြင်းအရှင်ဘုရားသခင်သည် သင်တို့အားခရစ် တော်ယေရှု၏ပုံစံတော်အလိုက် တစ်သဘောတည်းအဖြစ်ကို သနားတော်မူပါစေသော။
သို့ဖြစ်၍ ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် ခရစ်တော်သည် သင်တို့ကိုလက်ခံတော်မူ သည့်နည်းတူ အချင်းချင်းလက်ခံကြလော့။ 8-9 ထိုသို့ဆိုသော် ဘုရားသခင့်သစ္စာတော်ကိုထောက်၍ ခရစ်တော်သည် ဘိုးဘေးတို့အား ထားတော်မူခဲ့သောကတိတော်များကိုအတည်ပြုခြင်းငှါလည်းကောင်း၊ ဘုရားသခင်၏ကရုဏာတော်အတွက် ဘုန်းတော်ကိုလူမျိုးခြားတို့ချီးမြှောက်ခွင့်ရှိစေခြင်းငှါလည်းကောင်း၊ လှီးဖြတ်ခြင်းမင်္ဂလာဆိုင်ရာအမှုတော် ဆောင်ဖြစ်တော်မူ၏။ ထိုအတိုင်းပင် ကိုယ်တော်၏ကျေးဇူးတော်ကို လူမျိုးခြားတို့ဘောင်တွင် အကျွန်ုပ်ချီးမွမ်းပါမည်။ နာမတော်ဂုဏ်ကိုသီချင်းဖွဲ့ဆိုပါမည်ဟူ၍လည်းကောင်း၊ 10 အိုလူမျိုးခြားတို့၊ လူမျိုးတော်နှင့်အတူရွှင်လန်းကြလော့ဟူ၍လည်းကောင်း။ 11 လူမျိုးခြားရှိသမျှတို့၊ ထာဝရဘုရားကိုချီးမွမ်းကြလော့။ လူအမျိုးမျိုးတို့ချီးမြှောက်ကြစေဟူ၍လည်းကောင်း ဗျာဒိတ်တော်ရှိသည်ပြင်။ 12 ယေရှဲ၏အမြစ်အညွန့်ထွက်မည့်အလျောက် လူမျိုးခြားတို့သည် ကိုယ့်အပေါ်တွင်အုပ်စိုးရန် ပေါ်ထွန်းသောထိုအရှင်ကို အားကိုးေမျှာ်လင့်ကြလိမ့်မည်ဟု ဟေရှာယဆင့်ဆိုသတည်း။ 13 ေမျှာ်လင့်ခြင်းအရှင်ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ေမျှာ်လင့်ခြင်းကြွယ်ဝစေရန် ယုံကြည်ခြင်းတရား၌ရွှင်လန်းခွင့်၊ ငြိမ်သက်ခွင့်အမျိုးမျိုးနှင့် သင်တို့ကိုဖြည့်တော်မူပါစေသော။
14 ညီအစ်ကိုတို့၊ သင်တို့သည် ပါရမီနှင့်လည်းကောင်း၊ အသိပညာနှင့်လည်းကောင်း စုံလင်ပြည့်လျှံသည်ဖြစ်၍ အချင်းချင်းပဲ့ပြင်နိုင်ကြောင်း ငါစိတ်ချလျက်ရှိသော်လည်း၊ 15-16 သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်း၍နှစ်သက်တော်မူဖွယ်ပူဇော်သက္ကာအဖြစ် လူမျိုးခြားတို့ကိုဆက်ကပ်ရအံ့သောငှါ ဘုရားသခင့်သတင်းတော်ဝတ်ကိုပူဇော်လျက် လူမျိုးခြားတို့တွင် ခရစ်တော်ယေရှု၏အမှုတော်ဆောင်အဖြစ် ဘုရားသခင်ကျေးဇူးတော်ကိုခံစားရသည့်အလျောက် ငါ့ကိုယ်တိုင်သတိပေး၍ ရဲရင့်စွာရေးလိုက်၏။ 17 ထိုအဖြစ်နှင့်ငါသည် ဘုရားသခင်အားဝတ်ပြုခွင့်ကိုထောက်၍ ခရစ်တော်ယေရှု၌ဂုဏ်ရောက်၏။ 18-19 နိမိတ်လဏ္ခဏာများ၊ အံ့ဖွယ်ရာများ၏တန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးနှင့်လည်းကောင်း၊ ငါ့အပြောအဆိုအပြုအမူများအားဖြင့် လူမျိုးခြားတို့လိုက်နာစေအံ့သောငှါ ခရစ်တော်ပြုတော်မူသောအရာများကိုသာ ငါပြောဝံ့သည့်အတိုင်း ငါသည်ယေရုရှလင်မြို့က ဣလုရိပြည်တိုင်အောင်ဒေသစာရီလှည့်လည်လျက် ခရစ်တော်၏သတင်းတော်မြတ်ကို အကုန် အစင်ကြားပြောခဲ့ပြီ။ 20-21 ထိုသို့ ကိုယ်တော့်အကြောင်းသတင်းမရသူတို့သည်ဖူးမြင်ခွင့်၊ မကြားရသူတို့လည်း နားလည်ခွင့်ရကြမည်ဟူသောကျမ်းချက်အရ အခြားသူချထားသောတိုက်မြစ်အပေါ်မှာ မတည်မဆောက်မိစေရန် ခရစ်တော်၏နာမတော်ကို မကြားဘူးသောအရပ်များတွင်သာ ဟောပြောရန်သဘောရှိခဲ့၏။ 22 ထိုအမှုကြောင့် ငါသည်သင်တို့ထံမလာဖြစ်ဘဲ ကြိမ်ဖန်များစွာရှိနေရသော်လည်း၊ 23 ဤနယ်များအတွင်း ဆက်လက်ဟောပြောရန်မရှိသောကြောင့် နှစ်ပေါင်းများစွာသင်တို့ထံ ရောက်လိုသည်နှင့်အညီ၊ 24 စပိန်ပြည်သို့သွားဖြစ်လျှင် သင်တို့ကိုတွေ့မြင်၍အာရုံဖြေပြီးမှ အပို့အဆောင်ခံမည်ဟုေမျှာ်လင့်၏။ 25-26 ယခုမှာမူ ယေရုရှလင်မြို့ရှိဆင်းရဲသောတပည့်တော်တို့အတွက် မာကေဒေါနိပြည်၊ အခါယပြည်နေအသင်းတော်သားတို့သည် စေတနာအလျောက်ဒါနစုဆောင်းကြသဖြင့် ထိုမြို့ရှိတပည့်တော်တို့ကို ထောက်ပံ့ရန်ငါသွားရ၏။ 27 စေတနာအလျောက်ဆိုသော်လည်း နာမ်ဝိညာဉ်ဆိုင်ရာဒါနကို လူမျိုးခြားတို့ဆက်ဆံခွင့်ရကြလျှင် ရုပ်ခန္ဓာဆိုင်ရာဝတ်တုံ့ပြုရန်တာဝန်ရှိကြ၏။ 28 ထိုအမှုကို ငါဆောင်ရွက်ပြီးစီးသဖြင့် သူတို့ကောင်းကျိုးကိုတံဆိပ်ခတ်ပြီးလျှင် သင်တို့ထံဝင်၍ စပိန်ပြည်သို့သွားမည်။ 29 သင်တို့ထံငါလာသည့်ကာလ၌လည်း ခရစ်တော်၏ကောင်းကြီးမင်္ဂလာအပြည့်အစုံနှင့် ရောက်လာမည်ကိုငါသိ၏။
30-32 အိုညီအစ်ကိုတို့၊ ငါသည်ယုဒပြည်နေမနာမယူသူတို့လက်မှ လွတ်မြောက်ခွင့်၊ ထောက်ပံ့မှုလည်း ယေရုရှလင်မြို့ရှိတပည့်တော်တို့ရှေ့ လက်ခံဖွယ်ဖြစ်ခွင့်ရှိသဖြင့် ဘုရားသခင့်အလိုတော်အတိုင်း သင်တို့ထံရွှင်လန်းစွာရောက်လာလျက် သင်တို့နှင့်အတူချမ်းသာရစေရန် ငါ့အဖို့ဘုရားသခင့်ထံ ငါ့နည်းတူလုံ့လနှင့်ပဌနာပြုကြမည့်အကြောင်း ငါတို့အရှင်ယေရှုခရစ်ကိုလည်းကောင်း၊ ဝိညာဉ်တော်ကြောင့် ရသောချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ တိုင်တည်လျက်နှိုးဆော်ပါ၏။ 33 ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူရှိတော်မူပါစေသော။ အာမင်။