5
ဗိမာန်တော်အမှုကို အပြီးသတ်ပြီးလျှင် ခမည်းတော်ဒါဝိဒ်မင်းသီးသန့်ထားခဲ့သော ရွှေ၊ ငွေ၊ အသုံးအဆောင်ရှိသမျှကိုလည်း ဘုရားသခင့်ဗိမာန်တော်သဏ္ဌာန်တိုက်တွင် ဆောင်သွင်းသတည်း။
ထိုအခါ ရှောလမုန်မင်းသည် ထာဝရဘုရား၏ ပဋိညာဉ်တော်သေတ္တာကို ဇိအုန်ခေါ်ဒါဝိဒ်မြို့တော်မှ ပင့်ဆောင်ရန်ကြံရွယ်လျက် ဣသရေလလူကြီးတည်းဟူသော အမျိုးအနွယ်ဦးစီးဦးခိုင်၊ အိမ်ထောင်အကြီးအကဲဟူသမျှကို ယေရုရှလင်မြို့သို့ဆင့်ခေါ်လေ၏။ ဣသရေလလူအပေါင်းတို့သည် သတ္တမလတွင် ကျင်းပမြဲပူဇော်ပွဲအတွင်း ဘုရင်မင်းထံစုရုံး၍ လူကြီးအပေါင်းတို့ရောက်လာကြရာ သေတ္တာတော်ကို လေဝိဂိုဏ်းသားတို့ပင့်ချီလျက် တွေ့ဆုံရာတဲတော်နှင့် တဲတော်ရှိသန့်ရှင်းသောအသုံးအဆောင်ဟူသမျှပါ လေဝိဂိုဏ်းသား ပရောဟိတ်တို့ပင့်ဆောင်ကြသောအခါ ရှောလမုန်မင်းမှစ၍ စုရုံးပြီးသောဣသရေလလူမျိုးပရိသတ်ဥဿုံသည် မရေမတွက်နိုင်သော သိုးနွားများကို သေတ္တာတော်ရှေ့ပူဇော်ကြလေ၏။ ပရောဟိတ်တို့လည်း ထာဝရဘုရား၏ပဋိညာဉ်တော်သေတ္တာကို ဗိမာန်တော်အတွင်းခန်း၊ အထူးသန့်ရှင်းရာဌာန၊ ခေရုဗအတောင့်အောက်ပြင်ဆင်ပြီးနေရာသို့သွင်းထားကြရာ ခေရုဗအတောင်များသည် သေတ္တာတော်တည်ရာပေါ်တွင် ဖြန့်နေသည့်အတိုင်း သေတ္တာတော်နှင့်ထမ်းပိုးများပါ မိုးကာလျက်ရှိ၏။ ထမ်းပိုးများရှည်လျားသဖြင့် အတွင်းခန်းမျက်နှာစာ 5.9 ပါဠိၒ ၒ- ေသတ္တာေတာ်။သန့်ရှင်းရာဌာနမှ အစွန်းကိုမြင်ရသော်လည်း ပြင်ခန်းသို့မရောက်။ ယနေ့တိုင်ရှိသတည်း။ 10 အိဂျစ်ပြည်မှထွက်လာခဲ့သော ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရား ပဋိညာဉ်ဖွဲ့တော် မူသည့်ကာလ ဟောရပ်တောင်၌ မောရှေထည့်ခဲ့သောကျောက်နှစ်ပြားမှတစ်ပါး သေတ္တာတော်အတွင်း တစ်စုံတစ်ခုမျှမရှိ။
11 ထိုအခါ အလှည့်ကိုလှပ်ထား၍ ကိုယ်ကိုသန့်ရှင်းစေပြီးသော ပရောဟိတ်ပရိသတ်ဥဿုံသည် သန့်ရှင်းရာဌာနမှ ထွက်လာပြီးလျှင် 12 ခွက်ခွင်း၊ တယော၊ စောင်းကိုင်လျက်၊ ပိတ်ချောဝတ်ဆင်သောအာသပ်၊ ဟေမန်၊ ယေဒုသုန် မှစ၍ ဂိုဏ်းသားအမျိုးချင်းတည်းဟူသော သီဆိုသူလေဝိအနွယ်သားရှိသမျှတို့သည် တံပိုးမှုတ်သော ပရောဟိတ်တစ်ရာ့နှစ်ဆယ်တို့နှင့်တကွ ပူဇော်ရာပလ္လင်တော်အရှေ့ဘက်ရပ်နေကြစဉ် 13-14 ထာဝရဘုရား၏ကျေးဇူးတော်ဂုဏ်တော်ကို တစ်ပြိုင်နက်ချီးမွမ်းသော တံပိုးမှုတ်သူနှင့်သီ ဆိုသူတို့သည် တံပိုး၊ ခွက်ခွင်းစသော တူရိယာမျိုးပါ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကာလအစဉ်ကရုဏာတော်တည်သည်ဟု ချီးမွမ်းသီဆိုကြသည့်ကာလ ထာဝရဘုရား၏ဘုန်း တော်ဆိုင်ရာတိမ်တိုက်ဖြင့် ဘုရားသခင့်ဗိမာန်တော်ပြည့်လျက်ရှိသောကြောင့် ပရောဟိတ်တို့သည် တန့်စား၍ အမှုတော်ကို မဆောင်မရွက်ဝံ့ချေ။