28
အာခတ်မင်းသည်၊ အိမ်နိမ့်နှစ်ဆယ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ ဆယ့်ခြောက်နှစ်စိုးစံရာ၊ ဘေးတော်ဒါဝိဒ်မင်းကဲ့သို့၊ ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာမပြုမကျင့်ဘဲ၊ ဣသရေလဘုရင်တို့နည်းလမ်းအတိုင်း လိုက်လျှောက်လျက်၊ ဗာလနတ်ရုပ်များကို သွန်းလုပ်လေ၏။ ဣသရေလအမျိုးသားတို့ရှေ့၊ ထာဝရဘုရားနှင်ထုတ်တော်မူခဲ့သောလူမျိုးခြားတို့ ရွံရှာဖွယ်ဓလေ့အလိုက်၊ ဟိန္နုံချိုင့်တွင်မီးဖြင့်ဆက်ကပ်လျက်၊ သားတော်သမီးတော် တို့ကိုပူဇော်သည့်ပြင်၊ မြင့်ရာဌာနများ၌လည်းေကာင်း၊ ကုန်းများပေါ်၌လည်းေကာင်း၊ အရပ်ရပ်ရှိစိမ်းလန်းသောသစ်ပင်များ အောက်၌လည်းေကာင်း၊ ပူဇော်၍မီးဖြင့်ဆက်ကပ်လေ့ရှိ၏။ သို့ဖြစ်၍၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားသည်၊ ရှုရိဘုရင်၏လက်တွင်းသို့ အပ်နှင်းတော်မူသည်နှင့်အညီ၊ ရှုရိတပ်တို့လုပ်ကြံလျက်၊ ယုဒလူမျိုးအမြောက်အမြားကို ဒမာသက်မြို့သို့ သုံ့ဘမ်းသိမ်းသွားလေ၏။ လုပ်ကြံသတ်ဖြတ်သောဣသရေလဘုရင့် လက်တွင်းသို့လည်း အပ်နှင်းတော်မူသဖြင့်၊ ရေမလိသားပေကာမင်းသည်၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားကို၊ စွန့်ခွာသောယုဒသူရဲကောင်း၊ တစ်သိန်းနှစ်သောင်းတို့ကို၊ နေ့ချင်းလုပ်ကြံရာ၊ ဘုရင်မင်း၏သားတော် မာသေယ၊ လက်သုံးတော်ချုပ်အာဇရိကံ၊ နန်းရံဧလကာနတို့ကိုလည်း၊ ဧဖရိမ့်အနွယ်သူရဲဇိခရိကွပ်မျက်သည့်ပြင်၊ ဣသရေလလူမျိုးတို့သည်၊ ကိုယ့်ဆွေမျိုးသားချင်းတို့အနက်၊ မိန်းမနှင့်သားသမီးပါ၊ လူပေါင်းနှစ်သိန်းကိုသုံ့ဘမ်း၍၊ လက်ရဥစ္စာများနှင့်တကွရှမာရိမြို့သို့ သိမ်းသွားလေ ၏။ ထိုမြို့နေ၊ ဩဒက်အမည်ရှိသောထာဝရဘုရား၏ ပရောဖက်သည်၊ ရှမာရိမြို့သို့ပြန်လာသောဗိုလ်ထုကိုခရီးဦးကြိုဆိုလျက်၊ သင်တို့ဘိုးဘေး၏ ဘုရားသခင်ထာဝရ ဘုရားအမျက်တော်ထား၍၊ သင်တို့လက်တွင်းသို့ အပ်နှင်းတော်မူခဲ့သောယုဒအမျိုးကို၊ မိုးကောင်းကင်အထိ တက်သောဒေါသဟုန်ဖြင့်၊ လုပ်ကြံကြပြီတကား။ 10 ယခုမှာသင်တို့သည်၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့ကိုနင်းချေ၍၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ်စေစားရန်အကြံရှိကြလေစွ။ သင်တို့ကား၊ ကိုယ့်ဘုရားသခင် ထာဝရဘုရားမျက်မှောက်တွင်၊ ဒုစရိုက်နှင့်ကင်းသလော။ 11 သို့ဖြစ်၍သင်တို့အပေါ်တွင်၊ ထာဝရဘုရား၏အမျက်တော်အရှိန်တည်လျက်ရှိသောကြောင့်၊ ငါ့စကားကိုနာယူလျက်၊ သုံ့ဘမ်းခဲ့သော အမျိုးသားချင်းတို့ကို ပြန်လွှတ်ကြလော့ဟု နှိုးဆော်သည်နှင့်အညီ၊ 12 ဧဖရိမ်အမျိုးသားတို့အကြီးအကဲ၊ ယောဟနန်သားအာဇရိ၊မေရှိလမုတ်သားဗေရခိ၊ ရှလ္လုံ့သားဟေဇကိ၊ ဟာဒလဲသားအာမသတို့သည်၊ စစ်ပြန်သူတို့နှင့်ဆန့်ကျင်ဘက်ပြု၍၊ သုံ့ဘမ်းလူများကို မြို့တွင်းသို့မသွင်းရ။ 13 ဒုစရိုက်များပြားသည့်အလျောက် အမျက်တော်ဒဏ်ခံထိုက်လျက်နေရသော ဣသရေလအမျိုး၌၊ ရှိရင်းအပြစ် ဒုစရိုက်အပေါ်တွင်၊ ထာဝရဘုရားရှေ့ ဒုစရိုက်အသစ် ထပ်တင်ရန်အကြံရှိကြသည်တကားဟုမြစ်တားကြသည့်အတိုင်း၊ လက်နက်ကိုင်သူရဲတို့သည်၊ 14 သုံ့ဘမ်းလူနှင့်လက်ရဥစ္စာများကို၊ မှူးတော်မတ်တော်မှစသောလူပရိသတ်တို့ ရှေ့ထားခဲ့ကြလေ၏။ 15 ထိုအခါ၊ ဆိုခဲ့သောအကြီးအကဲတို့သည် ထသွားလျက်၊ သုံ့ဘမ်းလူများကိုခေါ်ပြီးလျှင်၊ အဝတ်နွမ်းသူတို့အား၊ အဝတ်နှင့်ဖိနပ်များကို၊ လက်ရဥစ္စာထဲက ဝတ်ဆင်စေခြင်း၊ အစားအသောက်ကျွေးမွေးခြင်း၊ ဆီလိမ်းကျံစေခြင်းများပြုပြီးနောက်၊ အားနည်းသူတို့ကို မြည်းစီးစေလျက်၊ ဆွေမျိုးသားချင်းတို့ရှိရာ၊ စွန်ပလွံမြို့ခေါ်၊ ယေရိခေါမြို့ရောက်ပို့ပြီး မှ၊ ရှမာရိမြို့သို့ပြန်ကြကုန်၏။ 16-19 ထိုကာလ၊ ယုဒအမျိုးကိုပေါက်လွတ်ထားလျက်၊ ထာဝရဘုရားသစ္စာတော်ဖောက် ကျော်သော 28.16-19 ပါဠိၒ ၒ- ဣသရေလဘုရင်အာခတ်မင်း။အာခတ်မင်းအတွက်၊ ယုဒလူမျိုးအားထာဝရဘုရား နှိမ့်ချတော်မူသည်နှင့်အညီ၊ ဧဒုံတပ်တို့သည်၊ ယုဒပြည်သို့ချီတက်တိုက်ခိုက်၍၊ လူအများသုံ့ဘမ်းသိမ်းသွားသောကြောင့်လည်းေကာင်း၊ ဖိလိတ္တိတပ်တို့သည်၊ ယုဒပြည်၊ ရှဖေလာခရိုင်၊ နေဂပ်ခရိုင်ရှိ မြို့ရွာများတွင်အနုကြမ်းစီးလျက် ဗက်ရှေမက်၊ အာယလုန်၊ ဂဒေရုတ်မြို့များမှစ၍၊ စောခေါ၊ တိမနတ်၊ ဂိမဇောမြို့များနှင့်၊ ဆိုင်ရာနိဂုံးများပါ၊ သိမ်းယူနေထိုင်ကြသောကြောင့်လည်းေကာင်း၊ အာခတ်မင်းသည် အာရှုရိဘုရင်ထံရာဇသံစေလွှတ်၍ စစ်ကူတောင်းသည့်အတိုင်း၊ 20-21 အာရှုရိဘုရင် တိဂလတ်ပိလေသာမင်းချီလာရာ၊ အာခတ်မင်းသည် ဗိမာန်တော်၊ နန်းတော်နှင့် မှူးတော်မတ်တော်တို့အိမ်ရှိဘဏ္ဍာများကိုယူငင်ပေးဆက်သော်လည်း၊ အားပေးခြင်း၊ ကူညီခြင်းမရ။ ကျဉ်းမြောင်းခြင်းသာဖြစ်ရချေ၏။ 22-23 ထိုသို့ကျဉ်းမြောင်းသောအခါ အာခတ်မင်းက၊ ရှုရိဘုရင်တို့ဘုရားများသည် ထိုမင်းတို့ကိုမစတော်မူသည့်အတွက်၊ ငါလည်းမစခံရစေရန်၊ ၎င်းတို့ထံယဇ်ပူဇော်မည်ဟု အောက်မေ့လျက်၊ ကိုယ်ကိုလုပ်ကြံခဲ့သောဒမာသက်မြို့ဘုရားများအား ပူဇော်သည်နှင့်၊ ထာဝရဘုရားသစ္စာတော်ကိုသာ၍ဖောက်ကျော်လေ၏။ ထိုဘုရားတို့ကား၊ ဘုရင်မင်းမှစ ၍ ဣသရေလတစ်မျိုးလုံးကို၊ ဖြိုလှဲရန်အကြောင်းဖြစ်သတည်း။ 24 အာခတ်မင်းသည်၊ ဘုရားသခင်ဗိမာန်တော်တန်ဆာများကို ချွတ်ယူစုပုံလျက်၊ တံခါးတော်များကိုပိတ်ထားပြီးလျှင်၊ ယေရုရှလင်မြို့လမ်းထောင့်ရှိသမျှတွင် ယဇ်ပလ္လင် များကိုတည်လုပ်၍၊ 25 ယုဒပြည်လုံးနှံ့မြို့ရွာများ၌လည်း၊ ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား အမျက်တော်တိုက်၊ အခြားဘုရားတို့အားမီးဖြင့်ဆက်ကပ်ရန်၊ မြင့်ရာဌာနများကိုစီမံလေ၏။ 26 အာခတ်မင်းအစအဆုံးပြုမူကျင့်ကြံသမျှအကြွင်းအကျန်သည်၊ ယုဒ၊ ဣသရေလရာဇဝင်တွင်ရေးထားလျက်ရှိ၏။ 27 ဘေးတော်ဘိုးတော်တို့နှင့်အတူကျိန်းစက်သောအာခတ်မင်းကို၊ သင်္ချိုင်းတော်၌ စျာပနမပြုဘဲ၊ ယေရုရှလင်မြို့တွင်ပြုကြလျှင်၊ သားတော်ဟေဇကိသည်၊ အရိုက်အရာ၌ နန်းစံလေ၏။