26
ယုဒနိုင်ငံသားတို့သည်၊ အိမ်နိမ့်ဆယ့်ခြောက်နှစ်ရှိသောဩဇိကို၊ ခမည်းတော်အာမဇိမင်းအရိုက်အရာ၌ မင်းမြှောက်ကြလေ၏။ ထိုမင်းသည်၊ ဘေးတော်ဘိုးတော်တို့နှင့်အတူ၊ အထက်ဘုရင်ကျိန်းစက်ပြီးနောက်၊ ဧလုတ်မြို့ကိုယုဒနိုင်ငံအဝင်ပြန်ဖြစ်စေလျက်၊ ပြုစုလေ၏။ ဩဇိမင်းသည်၊ အိမ်နိမ့်ဆယ့်ခြောက်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌၊ ငါးဆယ့်နှစ်နှစ် စိုးစံလေ၏။ မယ်တော့်အမည်ကား၊ ယေရုရှလင်မြို့သူယေခေါလိတည်း။ ထိုမင်းသည်၊ ခမည်းတော်အာမဇိမင်းပြုသမျှအတိုင်း၊ ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်လျက်၊ ဘုရားသခင့်ရူပါရုံကိုဖော်ပြတတ်သောဇာခရိလက်ထက်ကာလပတ်လုံး၊ ဘုရားသခင်ကိုရှာဖွေလေ၏။ ထိုသို့ရှာဖွေစဉ်တွင် ဘုရားသခင်အောင်မြင်စေတော်မူသည်နှင့်အညီ၊ ဖိလိတ္တိလူမျိုးတို့ကိုချီတက်တိုက်ခိုက်၍၊ ဂါသ၊ ယာဗနေ၊ အာဇုတ်မြို့ရိုးများကိုဖြိုဖျက်ပြီးမှ၊ ဖိလိတ္တိလူမျိုးတို့နေရာ အာဇုတ်နယ်တွင်မြို့ရွာများကိုတည်ထောင်လေ၏။ ၎င်းပြင်၊ ဂုရဗာလမြို့နေ၊ အာရပ်လူမျိုး၊ မဟုနိမ်လူမျိုးတို့ကို တိုက်ခိုက်ရာတွင်၊ ဘုရားသခင်မစတော်မူ၍၊ အမ္မုန်လူမျိုးတို့လည်း၊ ဩဇိမင်းထံ အခွန်ဆက်သွင်းရကြ၏။ ခွန်အားဗလများစွာ တိုးတက်လျက်၊ အိဂျစ်ပြည်နယ်စပ်တိုင်အောင်ကျော်စောကိတ္တိရှိ၏။ ဩဇိမင်းသည်၊ ယေရုရှလင်မြို့ရိုးထောင့်တံခါး၊ ချိုင့်တံခါး၊ မြို့ရိုးထောင့်ထိပ်တွင်ခိုင်ခံ့သောပြအိုးများကိုတည်ဆောက်လျက်၊ 10 တိရစ္ဆာန်များစွာရှိသောကြောင့်၊ တောတွင်လည်းေကာင်း၊ ပျံ့တွင်လည်းေကာင်း၊ ရှဖေလာခရိုင်တွင်လည်းေကာင်း၊ ရဲတိုက်တည်ခြင်း၊ ရေတွင်းတူးခြင်းများကို စီမံပြီးလျှင်၊ မြေအလုပ်ကို ဝသီတော်ပါ သည်နှင့်၊ တောင်ယာ၊ ခြံ၊ စပျစ်၊ ဥယျာဉ်များ၌၊ လုပ်သူလုပ်သားများကိုစေခိုင်း၏။
11 ဗိုလ်မှူးတော်ဟာနနိကြီးကြပ်လျက်၊ ဗိုလ်တပ်ရေးမာသေယနှင့် သံတော်ဆင့်ယေလတို့စာရင်းယူသည့်အတိုင်း၊ တပ်စဉ်အလိုက်ချီထွက်၍တိုက်ခိုက်တတ်သော၊ ဩဇိမင်းရှိအလုံးအရင်းမှာ၊ 12 အိမ်ထောင်အအုပ်အချုပ်၊ စစ်ခေါင်းမာသူနှစ်ထောင့်ခြောက်ရာတို့လက်အောက်၊ 13 ရန်သူတော်တို့ကိုခွန်အားဗလနှင့် စစ်တိုက်သောသူရဲကောင်းသုံးသိန်းခုနစ်ထောင့် ငါးရာတည်း။ 14 ဩဇိမင်းသည်၊ ဗိုလ်ထုတော်အဖို့၊ ဒိုင်းလွှား၊ လှံ၊ သံမောက်ရူ၊ ရင်အုပ်၊ လေး၊ လောက်လွှဲပစ်ရန် ကျောက်များကိုပြုပြင်ပြီးမှ၊ 15 ပညာရှိတို့ကြံစည်တတ်မြောက်သည်နှင့်အညီ၊ ကြီးစွာသောကျောက်နှင့်မြှားကို ပစ်လွှတ်နိုင်သော ယန္တယားစက်ကို၊ ယေရုရှလင်မြို့ရိုးထိပ်ပြအိုးပေါ်တွင်ဆင်ထားလေ၏။ ထိုသို့ခွန်အားဗလတိုးတက်သည့်တိုင်အောင်၊ အံ့ဩဖွယ်မစတော်မူခြင်းကိုခံရသည်ဖြစ်၍၊ ကျောစောကိတ္တိအနှံ့ပြားရောက်၏။
16 ခွန်အားဗလတိုးတက်သည့်အတွက်စိတ်နေမြင့်သော်၊ ဩဇိမင်းဖောက်ပြန်၍၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားသစ္စာတော်ကိုဖျက်လျက်၊ နံ့သာပေါင်းတင်ရှို့ရာပလ္လင် တော်ပေါ်တွင် တင်ရှို့မည့်အကြံနှင့် ဗိမာန်တော်သို့ဝင်ရာ၊ 17 ပရောဟိတ်အာဇရိသည်၊ ရဲရင့်သူထာဝရဘုရား၏ ပရောဟိတ်ရှစ်ကျိပ်နှင့်တကွ၊ နောက်ထပ်လိုက်ဝင်ပြီးလျှင်၊ 18 အိုဩဇိမင်း၊ ထာဝရဘုရားအားနံ့သာပေါင်းတင်ရှို့ခြင်းအမှုသည်၊ ဘုရင်မင်းနှင့်မဆိုင်ပါ။ တင်ရှို့ရန်သီးသန့်ထားသောအာရုန့်အနွယ်ပရောဟိတ်တို့နှင့်သာဆိုင်ပါ၏။ သန့်ရှင်းရာဌာနမှထွက်တော်မူပါ။ သစ္စာတော်ကိုဖျက်လေပြီ။ ထာဝရဘုရားအထံတော်မှ ဂုဏ်အသရေရရှိတော့မည်မဟုတ်ပါဟု မြစ်တားသည့်အတွက်၊ 19 နံ့သာပေါင်းတင်ရှို့ရန် မီးကျီးခံကိုင်လျက်နေသောဩဇိမင်းသည်၊ ပရောဟိတ်တို့ကို အမျက်ထားလျှင် ထားချင်း၊ ဗိမာန်တော်တွင်၊ နံ့သာပေါင်းတင်ရှို့ရာပလ္လင်တော့်အနီး၊ ပရောဟိတ်တို့ရှေ့မှောက်၌ပင်၊ ဘုရင်မင်းနဖူးမှာ သဖန်းသီးပေါ်လေ၏။ 20 ပရောဟိတ်မင်းအာဇရိမှစ၍ပရောဟိတ်အပေါင်းတို့သည်၊ နဖူးတော်တွင်သဖန်းသီးပေါ်သည်ကိုမြင်သော်၊ အဆောတလျင်ထွက်စေကြ၏။ ဘုရင်မင်းလည်း၊ ထာဝရ ဘုရားဒဏ်ခတ်တော်မူသည်ကိုသိ၍၊ အမြန်ထွက်ကြွလေ၏။ 21 ဩဇိမင်းသည်၊ အသက်ထက်ဆုံး၊ နူနာစွဲသည့်အတွက်၊ ဗိမာန်တော်ထဲသို့ဝင်ခွင့်မရဘဲ၊ စံနန်းဆောင်တွင် သီးခြားစံနေရလျှင်၊ သားတော်ယောသံသည်၊ နန်းတော်၊ နိုင်ငံတော်ကို အုပ်စိုးစီရင်ရ၏။ 22 ဩဇိမင်းအစအဆုံးပြုမူသောအကြွင်းအကျန်ကို၊ အာမုတ်သားပရောဖက်ဟေရှာယရေးထားသတည်း။ 23 ဩဇိမင်းသည်၊ ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်သော်၊ နူနာစွဲသည်ဟုဆိုလျက်၊ သင်္ချိုင်းတော်မြေတစ်ကွက်တွင် စျာပနပြုကြရာ၊ သားတော်ယောသံသည်၊ အရိုက်အရာ၌နန်းစံလေ၏။