23
1 ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် အားယူ၍၊ ရာတပ်မှူးဖြစ်သူ၊ ယေရောဟံ့သားအာဇရိ၊ ယောဟနန်သား ဣရှမေလ၊ ဩဗက်သား အာဇရိ၊ အဒါယသား မာသေယ၊ ဇိခရိသားဧလိရှဖတ်တို့ကိုပဋိညာဉ်သစ္စာဆိုစေပြီးနောက်၊
2 ထိုသူတို့သည်ယုဒပြည်လုံးနှံ့လှည့်လည်လျက်၊ လေဝိဂိုဏ်းသားတို့နှင့်၊ ဣသရေလ အိမ်ထောင်အအုပ်အချုပ်တို့ကို၊ မြို့ရွာများမှခေါ်၍၊ ယေရုရှလင်မြို့သို့ရောက်ကြကုန်၏။
3 ဘုရားသခင်ဗိမာန်တော်တွင်၊ ပရိသတ်ကိုမင်းလောင်းနှင့် သစ္စာဆိုစေပြီးမှ၊ ယောယဒက၊ မင်းသားလည်း၊ ဒါဝိဒ်မင်းသားစဉ်မြေးဆက်တို့ကိုရည်၍ ထာဝရဘုရားဗျာဒိတ်ထားတော်မူသည့်အတိုင်း၊ မင်းပြုရမည်။
4 သင်တို့ဆောင်ရွက်ကြရမည်မှာ၊ ဥပုသ်နေ့တွင် ဝင်စောင့်ရသော ပရောဟိတ်နှင့် လေဝိဂိုဏ်းသားတို့အနက်၊ ဗိမာန်တော်တံခါးတော်ကိုတစ်စု၊
5 နန်းတော်ကိုတစ်စု၊ အခြေခံတံခါးကိုတစ်စု၊ ခွဲဝေစောင့်ကြပ်ရမည်။ အခြားသူအပေါင်းတို့သည် ဗိမာန်တော်တံတိုင်းအတွင်းစောင့်နေကြရမည်။
6 သီးသန့်သူဖြစ်သောပရောဟိတ်များနှင့်၊ အမှုတော်ဆောင်လေဝိဂိုဏ်းသားတို့မှတစ်ပါး၊ မည်သူမျှဗိမာန်တော်ထဲသို့မဝင်စေနှင့်။ အခြားသူအပေါင်းတို့ကား၊ ဘုရားဝတ် တော်ကိုဆောင်ရွက်နေကြရမည်။
7 လေဝိဂိုဏ်းသားတို့သည်၊ မင်းလောင်းကိုယ်ရံအဖြစ်၊ လက်နက်ကိုယ်စီစွဲကိုင်လျက်၊ ဗိမာန်တော်အတွင်းချဉ်းဝင်သူဟူသမျှကို ကွပ်မျက်၍၊ မင်းလောင်းထွက်ဝင် တော်မူတိုင်း၊ ကာကွယ်ကြရမည်ဟုမှာထားလေ၏။
8 ထိုသို့ပရောဟိတ်ယောယဒမှာထားသည့်အတိုင်း။ လေဝိဂိုဏ်းသာနှင့် ယုဒတစ်မျိုးလုံးလိုက်နာလျက်၊ အလှည့်ကျထွက်သင့်သူတို့ကို၊ ပရောဟိတ်ယောယဒထွက်ခွင့်မ ပေးသေးသည်နှင့်အညီ၊ ဥပုသ်နေ့စောင့်ရသူ၊ ထွက်ခွင့်ရသူ၊ ကိုယ့်တပည့်များကိုခေါ်ငင်ဝင်ရောက်ကြသောအခါ၊
9 ပရောဟိတ်ယောယဒသည်၊ ဗိမာန်တော်ရှိဒါဝိဒ်မင်းသုံးခဲ့သော လှံ၊ ဒိုင်းလွှား၊ လက်နက်များကို၊
10 ရာတပ်မှူးသို့လက်သို့အပ်ပြီးလျှင်၊ ရှိသမျှတို့ကို၊ ဗိမာန်တော်နှင့်ပူဇော်ရာပလ္လင်တော်အား မျက်နှာမူလျက်၊ လက်နက်ကိုယ်စီကိုင်လျက်၊ မင်းလောင်းကိုခြံရံကွယ်ကာရန်၊ တစ်ဘက်မှတစ်ဘက်အထိရပ်နေစေ၏။
11 ထိုအခါမင်းသားကို၊ ယူဆောင်၍သရဖူနှင့် မင်းကျင့်တရားကျမ်းကိုတင်လျက်၊ ယောယဒနှင့်သားတို့သည်ရာဇဘိသိက်သွန်း၍မင်းမြှောက်ကြပြီးမှ၊ ဘုရင်မင်းမြတ်သက် တော်ရှည်ပါစေသောဟုကြွေးကြော်ကြကုန်၏။
12 အာသလိသည်၊ ပရိသတ်သွားလာသံ၊ ဘုရင်မင်းအားဩဘာဆက်သံများကိုကြား၍၊ ပရိသတ်ရှိရာဗိမာန်တော်သို့သွားရောက်သော်၊
13 တပ်မှူးနှင့်တံပိုးမှုတ်သူတို့ဝန်းရံလျက်၊ ဗိမာန်တော်အဝင်တိုင်တော်အနီးရပ်နေသော ဘုရင်မင်းကိုလည်းေကာင်း၊ ရွှင်လန်းစွာတံပိုးမှုတ်သောပြည်သူပြည်သားတို့ကိုလည်းေကာင်း၊ တုရိယာမျိုးကိုတီးလျက်၊ ထောမနာဖွဲ့သီဆိုသူတို့ကိုလည်းေကာင်း၊ မြင်လျှင်၊ ဝတ်လဲတော်ကိုဆုတ်လျက်၊ တော်လှန်ပြီ၊ တော်လှန်ပြီဟု ဟစ်ဆိုလေ၏။
14 ပရောဟိတ်ယောယဒလည်း၊ ရဲမက်တို့အပေါ်အုပ်ချုပ်သောရာတပ်မှူးတို့ကိုခေါ်ပြီးလျှင်၊ ဗိမာန်တော်တွင်မသတ်လင့်ဟူ၍လည်းေကာင်း၊ တပ်အကြားတံတိုင်းပြင်သို့ထုတ်လျက်၊ လိုက်လာသူတို့ပါ လုပ်ကြံကြဟူ၍လည်းေကာင်း၊ ဆိုသည့်အတိုင်း၊
15 အာသလိကိုကိုင်ဖမ်းလျက်၊ မြင်းသွင်းသောနန်းတော်တံခါးဝသို့ရောက်လျှင် ကွပ်မျက်ကြ၏။
16 ယောယဒလည်း၊ ထာဝရဘုရား၏လူမျိုးတော်ဖြစ်စေရန်၊ ဘုရင်မင်းမှစသော လူပရိသတ်နှင့် ကိုယ့်အကြားတွင် ပဋိညာဉ်ဖွဲ့စေပြီးနောက်၊
17 တစ်ပရိသတ်လုံးသည်၊ ဗာလ၏ဗိမာန်ကိုသွားရောက်ဖြိုဖျက်လျက်၊ ယဇ်ပလ္လင်များနှင့်ရုပ်တုများကိုချိုးဖဲ့လျက်၊ ဗာလ၏ ပရောဟိတ်မဿန်ကို၊ ယဇ်ပလ္လင်များရှေ့ကွပ် မျက်ကြ၏။
18 ဒါဝိဒ်မင်းအမိန့်တော်အရ၊ ရွှင်လန်းစွာသီဆိုခြင်းနှင့်တကွ၊ မောရှေ့ပညတ္တိကျမ်းနှင့်အညီ၊ ထာဝရဘုရားထံမီးရှို့ရာသက္ကာများကိုပူဇော်အံ့သောငှာ၊ ဗိမာန်တော်တွင် ဒါဝိဒ်မင်းခွဲခြားခဲ့သော လေဝိဂိုဏ်းသားပရောဟိတ်တို့လက်အောက်၌၊ ဗိမာန်တော်ဆိုင်ရာ ရာထူးများကိုယောယဒစီရင်သည့်ပြင်၊
19 လုံးလုံးမသန့်ရှင်းသူတစ်ဦးတစ်ယောက်မျှ၊ ဗိမာန်တော်တွင်းသို့မဝင်စေခြင်းငှာ၊ တံခါးစောင့်တို့ကိုလည်းခန့်ထားပြီးလျှင်၊
20 ရာတပ်မှူးမှစ၍၊ မှူးတော်မတ်တော်၊ မြို့ဝန်များနှင့်၊ ပြည်သူပြည်သားအပေါင်းတို့ကိုခေါ်လျက်၊ ဘုရင်မင်းကိုဗိမာန်တော်မှဆောင်သည့်အလျောက်၊ အထက်တံခါး တော်ဖြင့် နန်းတော်သို့ပို့၍ ရာဇပလ္လင်ထက်တင်ကြရာ၊
21 ပြည်သူပြည်သားအပေါင်းတို့ဝမ်းမြောက်လျက်၊ မြို့တော်ငြိမ်းချမ်းလေ၏။ အာသလိကို ကား၊ ဓားဖြင့် ကွပ်မျက်နှင့်ကြသတည်း။