12
ရောဗောင်မင်းသည် စွမ်းအားကြီး၍ အာဏာတော်တည်သောအခါ ထာဝရဘုရားတရားတော်ကို 12.1 ပါဠိၒ ၒ- ဣသရေလ။ယုဒလူမျိုးပါစွန့်၍ 2-3 သစ္စာတော်ကို ဖောက်ကျော်ကြသောကြောင့် ရောဗောင်မင်းနန်းစံငါးနှစ်တွင် အိဂျစ်ဘုရင်ရှိ ရှက်မင်းသည် စစ်ရထားတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းမှစ၍ မရေတွက်နိုင်သော လိဗု၊ သုကိ၊ ကုရှရဲမက်တို့နှင့်တကွ အိဂျစ်ပြည်မှချီထွက်လျက် ယုဒပိုင်ခံတပ်မြို့များကို သိမ်းယူပြီးလျှင် ယေရုရှလင်မြို့ရောက်ချီလာလေ၏။
ထိုအခါ ရှိရှက်မင်းအရေးကြောင့် ယေရုရှလင်မြို့သို့စုရုံးကြသော ယုဒမှူးမတ်များနှင့် ရောဗောင်မင်းထံ ပရောဖက်ရှေမာယဝင်လာ၍ ဆင့်ဆိုသည်မှာ ထာဝရဘုရားက သင်တို့သည် ငါ့ကိုစွန့်ကြသည့်အလျောက် ငါလည်းသင်တို့ကိုရှိရှက်လက်တွင်းသို့ အပ်နှင်းပြီဟူသော ဗျာဒိတ်တော်ကိုဆင့်ဆိုလျှင် ထာဝရဘုရားဖြောင့်မတ်တော်မူသည်ဟု ဘုရင်မင်းနှင့် 12.6 ပါဠိၒ ၒ- ဣသရေလ။ယုဒမှူးမတ်တို့နှိမ့်ချစွာ ဝန်ခံကြလေ၏။ ထိုသို့နှိမ့်ချသည်ကို ထာဝရဘုရားသိမြင်တော်မူသော် သူတို့သည် နှိမ့်ချကြလေပြီ။ ငါဖျက်ဆီးမည်မဟုတ်။ ရှိရှက်လက်ဖြင့် ယေရုရှလင်မြို့ပေါ်သို့ အမျက်တော်ကို မသွန်းဘဲ မကြာမီ ချမ်းသာစေမည်။ သို့ရာတွင် ထိုမင်းအောက် ကျွန်တော်မျိုးခံရလျက် ငါ့အမှုအရေးနှင့် နိုင်ငံရှင်တို့၏အမှုအရေး ဆောင်ရွက်ခြင်းကိုသိရကြလိမ့်မည်ဟူသော ဗျာဒိတ်တော်သည် ရှေမာယသို့ရောက်ပြန်လေ၏။ သို့နှင့်အညီ အိဂျစ်ဘုရင်ရှိရှက်မင်းသည် ယေရုရှလင်မြို့သို့ချီတက်၍ ဗိမာန်တော်၊ နန်းတော် ဘဏ္ဍာရှိသမျှနှင့် ရှောလမုန်မင်းလုပ်ထားခဲ့သော ရွှေဒိုင်းလွှားများပါသိမ်းသွားလေ၏။ 10 ရောဗောင်မင်းသည် ရွှေဒိုင်းလွှားများအစား၊ ကြေးဒိုင်းလွှားများကိုလုပ်ပြီးလျှင် နန်းတော်တံခါးဗိုလ်ဖြစ်သော ရှေ့တော်ပြေးမှူးတို့ထံအပ်ထားလျက် 11 ဗိမာန်တော်သို့ ဘုရင်မင်းကြွချီတိုင်း၊ ရှေ့တော်ပြေးတို့သည် ဒိုင်းလွှားများကို လိုက်ပါဆောင်ကိုင်ပြီးနောက် ကိုယ့်အဆောင်တွင် ပြန်ထားရကြ၏။ 12 ဘုရင်မင်းနှိမ့်ချသောအခါ ထာဝရဘုရားသည် လုံးလုံးမဖျက်ဆီးဘဲ အမျက်တော်ကိုသိမ်းတော်မူ၏။ ယုဒပြည်၌လည်း သူတော်ကောင်းများရှိသေးသောကြောင့်တည်း။
13 ထိုသို့အမ္မုန်အမျိုးသမီးနေမ၏သား ရောဗောင်မင်းသည် အိမ်နိမ့်လေးဆယ့်တစ်နှစ်ရှိသော်၊ နန်းတက်လျက် ဣသရေလအနွယ်အပေါင်းတို့ နေရာမြို့ရွာများအနက် နာမတော်တည်ရန် ထာဝရ ဘုရားရွေးချယ်တော်မူသော ယေရုရှလင်မြို့၌ ဆယ့်ခုနစ်နှစ်နန်းစံ၍ အာဏာတော်ခိုင်ခံ့အုပ်စိုးရာ 14 ထာဝရဘုရားကို ရှာဖွေရန် စိတ်မစွဲလမ်းသောကြောင့် ဆိုးသွမ်းမှုကိုပြုမိလေ၏။ 15 ရောဗောင်မင်းအစအဆုံးပြုမူသမျှသည် ပရောဖက်ရှေမာယနှင့် အမြော်အမြင်ဆရာ ဣဒ္ဒေါ တို့အတ္ထုပ္ပတ္တိတွင် စာရင်းပါဝင်လျက်ရှိ၏။ ရောဗောင်မင်းနှင့် ယေရောဗောင်မင်းတို့သည် အစဉ်စစ် ဖြစ်ကြ၏။ 16 ရောဗောင်မင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ဒါဝိဒ်မြို့တော်တွင် စျာပနပြုခြင်းကို ခံရလျှင် သားတော်အဘိယသည် အရိုက်အရာ၌နန်းစံလေ၏။