9
ထိုသို့ဣသရေလတစ်မျိုးလုံး ဘေးစဉ်ဘိုးဆက်စာရင်းဝင်၍ ဣသရေလရာဇဝင်တွင် ရေးတင်လျက်ရှိ၏။ ယုဒအနွယ်လွန်ကျူးမှုအတွက် ဗာဗုလုန်မြို့သို့သိမ်းသွားခံရပြီးမှ၊ ပိုင်ဆိုင်ရာမြို့ရွာများတွင် ကနဦးနေထိုင်ရသူတို့ကား 9.2 ပါဠိ - ဣသရေလပြည်သူပြည်သားများ၊ ပရောဟိတ်များ၊ လေဝိဂိုဏ်းသားများ၊ ကျွန်သီးတော်များတို့တည်း။ ယုဒ၊ ဗင်္ယာမိန်၊ ဧဖရိမ်၊ မနာရှေ့အနွယ်သားတို့အနက်၊ ယေရုရှလင်မြို့၌ နေထိုင်ရသူတို့ကား၊ ယုဒသား ဖာရက်အဆက် ဗာနိတီ၊ ဣမရိမြစ်။ သြမရိမြေး၊ အမိဟုဒ်သား၊ ဥသဲ၊ ရှေလအဆက် သားဦးအသာယနှင့်သားများ။ ဇေရအဆက် ယွေလနှင့်ဆွေမျိုးသားချင်းခြောက်ရာ့ကိုးဆယ်။ ဗင်္ယာမိန့်အနွယ်၊ ဟာသေနွာ့မြစ် ဟောဒဝိမြေး၊ မေရှုလံ့သား၊ သလ္လု။ ယေရောဟံ့သားဣဗနိယ။ မိခရိမြေး၊ သြဇိသား၊ ဧလာ။ ဣဗနိယမြစ်၊ ရွေလမြေး၊ ရှေဖတိသား၊ မေရှုလံတို့မှစ၍၊ သားစဉ်မြေးဆက်အလိုက် ဆွေမျိုးသားချင်းကိုးရာ့ငါးဆယ့်ခြောက်ယောက်တို့တည်း။ ဤသူအပေါင်းတို့သည် အဆက်အနွယ်အိမ်ထောင်များအလိုက် အအုပ်အချုပ်ဖြစ်ကြ၏။
10 ပရောဟိတ်တို့အနက် ယေဒါယ၊ ယောယာရိပ်၊ ယာခိန်၊ 11 အဟိတုပ်တွတ်၊ မေရာယုတ်တီ၊ ဇာဒုတ်မြစ်၊ မေရှုလံ့မြေး၊ ဟိလခိသား၊ ဘုရားသခင့်ဗိမာန်တော်မှူး အာဇရိ။ 12 မာလခိယမြစ်၊ ပါရှုရမြေး၊ ယေရောဟံ့သား၊ အဒါယ။ ဣမေရတွတ်၊ မေရှိလမုတ်တီ၊ မေရှုလံ့မြစ်၊ ယာဇေရမြေး၊ အဒျေလသား၊ မာရှဲတို့မှစ၍၊ 13 ဆွေမျိုးသားချင်း အိမ်ထောင်များတွင် အအုပ်အချုပ်တစ်ထောင့်ခုနစ်ရာ့ခြောက်ဆယ်တို့တည်း။ ဤသူတို့သည် ဘုရားသခင့်ဗိမာန်တော်ဝေယျာဝစ္စကို တတ်စွမ်းသူများဖြစ်ကြ၏။
14 လေဝိဂိုဏ်းသားတို့အနက် မေရာရိအဆက် ဟာရှဘိမြစ်၊ အာဇရိကံ့မြေး၊ ဟာရှုပ်သား၊ ရှေမာယ။ 15 ဗာကဗက္ကာ၊ ဟေရက်၊ ဂလာလ၊ အာသပ်မြစ်၊ ဇိခရိမြေး၊ မိက္ခာ့သား၊ မဿနိ။ 16 ယေဒုသုန့်မြစ်၊ ဂလာလမြေး၊ ရှေမာယသား၊ သြဗဒိ။ နေတောဖရွာစဉ်နေ ဧလာကာနမြေး၊ အာသသား၊ ဗေရခိတို့တည်း။
17-18 တံခါးစောင့်များကား မြို့ရှေ့တံခါးတော်မှူးလုပ်ဘူးသူ၊ အအုပ်အချုပ်ရှလ္လုံမှစ၍ အက္ကုပ်၊ တာလမုန်၊ အဟိမန်တို့နှင့် ဆွေမျိုးသားချင်းများပါ လေဝိဂိုဏ်းသားတို့တပ်ထွက် တပ်ဝင်ကိုစောင့်ကြည့်ရသူတို့တည်း။ 19 ကောရမြစ်၊ ဧဗျာသပ်မြေး၊ ကောရေ့သားရှလ္လုံသည် ဆွေရင်းမျိုးချာဖြစ်သူ၊ ကောရအဆက်အနွယ်တို့ပါ ဝေယျာဝစ္စတော်ကိုကြည့်ရှုလျက် တဲတော်အထွက်အဝင် စောင့်ကြည့်ရသူများဖြစ်ကြ၏။ ဘိုးဘေးတို့လည်း ရှေးကာလထာဝရဘုရား၏ တပ်တော်အထွက်အဝင်ကိုစောင့်ကြည့်ကြရာ၊ 20 ဧလာဇာ့သားဖိနဟတ်သည် အကြီးအမှူးလုပ်၏။ ထာဝရဘုရားလည်း ထိုသူနှင့်အတူရှိတော်မူ၏။ 21 မရှေလမိသား ဇာခရိသည် တွေ့ဆုံရာတဲတော်အထွက်အဝင် စောင့်ကြည့်ရသူဖြစ်၏။ 22 လက်ရွေးတံခါးစောင့်ရာထူးကိုခံရသူ နှစ်ရာ့တစ်ဆယ့်နှစ်ယောက်တို့သည် ဒါဝိဒ်မင်းနှင့်အ​မြော်အမြင်ဆရာရှမွေလတို့ခန့်ထားသည်နှင့်အညီ နေရင်းရွာများ၌ ဘေးစဉ်ဘိုးဆက်စာရင်းပါဝင်ကြ၏။ 23 သားစဉ်မြေးဆက်တို့လည်း တဲတော်တည်းဟူသော ထာဝရဘုရား၏ဗိမာန်တော်အထွက်အဝင်ကို အလှည့်ကျကြည့်ရှုဆောင်ရွက်ရသည်မှာ 24 အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာ၌ စောင့်နေရကြ၏။ 25 ရွာနေဆွေမျိုးသားချင်းတို့သည် ခုနစ်ရက်အပတ်တိုင်း မကြာမကြာလာ၍ဝိုင်းကူရကြ၏။ 26-27 အသို့ဆိုသော်၊ လေဝိဂိုဏ်းသားဖြစ်သောတံခါးမှူးလေးဦးတို့သည် ရာထူးအလျောက် ဗိမာန်တော်ရှိဘဏ္ဍာတိုက်၊ ဘဏ္ဍာခန်းများကိုကြည့်ရှုရသော တာဝန်ရှိသည့်ပြင် နံနက်တိုင်းတံခါးဖွင့် ရသည်ဖြစ်၍ ဘုရားသခင့်ဗိမာန်တော်ပတ်လည်တွင် နေရကြ၏။ 28 အချို့တို့လည်း ရေတွက်ထုတ်သွင်းသောအဆောင်အရွက်တော်များကို ကြည့်ရှုရကြ၏။ 29 အချို့တို့မှာမူ သန့်ရှင်းရာဌာနတော်ရှိ ပရိဘောဂအသုံးအဆောင်တော်များမှစ၍ မုန့်ညက်၊ စပျစ်ရည်၊ ဆီ၊ လော်ဗန်၊ နံ့သာပေါင်းများကို ကြည့်ရှုရကြ၏။ 30 ပရောဟိတ်ဂိုဏ်းသားအချို့တို့လည်း နံ့သာဆီကိုဖော်စပ်ရကြ၏။ 31 လေဝိအနွယ်၊ ကောရအဆက်၊ ရှလ္လုံသားဦး မတ္တိသိသည် ရာထူးအလျောက် သံအိုးကင်းဖြင့် ဖုတ်ကင်သော မုန့်ကိုကြည့်ရှုရ၏။ 32 ကောဟတ်အဆက်၊ ဆွေမျိုးသားချင်းအချို့တို့လည်း ဥပုသ်နေ့တိုင်းရှေ့တော်တင်မုန့်ကို ပြင်ဆင်ရကြ၏။ 33 ဆိုခဲ့သောသူတို့သည် လေဝိအနွယ်၊ အိမ်ထောင်များတွင် အအုပ်အချုပ်၊ သီချင်းသည်ဖြစ်သည့်အလျောက် နေ့ညဉ့်မဟူသီဆိုရသည်ဖြစ်၍ အခြားအမှုအရေးနှင့်ကင်းလျက် ဗိမာန်တော်ခန်းများတွင်နေရကြ၏။ 34 ယေရုရှလင်မြို့၌နေ၍ ဆွေစဉ်မျိုးဆက်အလိုက် လေဝိအနွယ်အိမ်ထောင်များတွင် အအုပ်အချုပ်အကြီးအကဲဖြစ်ကြ၏။
35 ဂိဗောင်မြို့နေ ဂိဗောင့်အဘယေလ၏မယားကား မာခါအမည်ရှိ၏။ 36-37 သားများကား၊ သားဦးအာဗဒုန်၊ ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊ ဂေဒေါ်၊ အဟိသြ၊ ဇာခရိ၊ မိကလုတ်တို့တည်း။ 38 မိကလုတ်သားကား၊ ရှိမံတည်း။ ဤသူတို့သည် ဆွေမျိုးသားချင်းတို့နှင့်အတူ၊ မျက်နှာချင်းဆိုင်ယေရုရှလင်မြို့တွင် ေနထိုင်ကြ၏။ 39 နေရသားကား ကိရှ။ ကိရှသားကား ရှောလုမင်း။ ရှောလုမင်းသားတော်များကား ယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလတို့တည်း။ 40 ယောနသန့်သားကား မေရိဗ္ဗာလ။ မေရိဗ္ဗာလသားကား မိက္ခာ။ 41 မိက္ခာ့သားများကား ပိသုန်၊ မေလက်၊ တာရာတို့တည်း။ 42 အာခတ်သားကား ယာရာ။ ယာရာ့သားများကား အာလမက်၊ အာဇမာဝက်၊ ဇိမရိတို့တည်း။ ဇိမရိသားကား မောဇ။ 43 မောဇသား ဗိမာ။ ၎င်းသား ရေဖာယ၊ ၎င်းသား ဧလာသ။ 44 ၎င်းသားအာဇေလတည်း။ အာဇေလသားခြောက်ယောက်အမည်များကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်တို့တည်း။