8
ဗင်္ယာမိန့်သားများကား သားဦးဗေလ၊ ဒုတိယသား အာရှဗေလ၊ တတိယသား အဟိရံ။ စတုတ္ထသား နောဟ၊ ပဥ္စမသား ရာဖတို့တည်း။ 3-5 ဗေလသားများကား အဒ္ဒေါ၊ ဂေရ၊ အဘိဟုဒ်၊ အဘိရွှ၊ နေမန်၊ အာဟော၊ ဂေရ၊ ရှုဖမ်၊ ဟုရံ တို့တည်း။ 6-7 ဆိုခဲ့သောနေမန်၊ အဟိယနှင့်ဂေရတို့ကို မနာဟတ်မြို့သို့သိမ်းသွားသူ၊ ဂေဗမြို့ရှိအိမ်ထောင်များတွင် အအုပ်အချုပ်ဖြစ်သော ဧဟုဒသားများကား သြဇ၊ အဟိဟုဒ်တို့တည်း။ ရှဟာရိမ်သည် မယားဟုရှိမ်နှင့် ဗာရာတို့ကိုစွန့်ခွာပြီးမှ၊ 9-10 မောဘပြည်၌ မယားဟောဒေရှတွင်ရသောသားများကား အိမ်ထောင်များ၏အအုပ်အချုပ်ဖြစ်သူ ယောဗပ်၊ ဇိဘိ၊ မေရှ၊ မာလခံ၊ ယုဇ၊ ရှာခိ၊ မိရမတို့တည်း။ 11-12 မယားဟုရှိမ်တွင် ရသောသားများကား အဘိတုပ်။ သြနောမြို့၊ လောဒမြို့နှင့်နိဂုံးများကိုပြုစုသူ ဟေဗာ၊ မိရှဟံ၊ ရှာမက်တို့အဘဧလပါလ။ 13-14 ဂါသမြို့သားတို့ကိုနှင်ထုတ်သော အာယလုန်မြို့ရှိအိမ်ထောင်များတွင် အအုပ်အချုပ်ဖြစ်သူဗေရိယနှင့်ရှေမ၊ အဟိသြ၊ ရှာရှက်၊ ယေရိမုတ်တို့တည်း။ 15-16 ဗေရိယသားများကား ဇေဗဒိ၊ အာရဒ်၊ အာခါ၊ မိက္ခေလ၊ ဣရှပ၊ ယောဟတို့တည်း။ 17-18 ဧလပါလသားများကား ဇေဗဒိ၊ မေရှုလံ၊ ဟေဇကိ၊ ဟေဗာ၊ ဣရှမေရဲ၊ ယေဇလိ၊ ယောဗပ်တို့တည်း။ 19-21 ရှိမိသားများကား ယာကိမ်၊ ဇိခရိ၊ ဇာဗဒိ၊ ဧလျေနဲ၊ ဇိလသဲ၊ ဧလျေလ၊ အဒါယ၊ ဗေရာယ၊ ရှိမရတ်တို့တည်း။ 22-25 ရှာရှက်သားများကား၊ ဣရှပန်၊ ဟေဗာ၊ ဧလျေလ၊ အာဗဒုန်၊ ဇိခရိ၊ ဟာနန်၊ ဟာနနိ၊ ဧလံ၊ အန္တောသိယ၊ ဣဖဒိယ၊ ပေနွေလတို့တည်း။ 26-27 ယေရောဟံ့သားများကား ရှံရှရဲ၊ ရှေဟာရိ၊ အာသလိ၊ ယာရရှိ၊ ဧလိယ၊ ဇိခရိတို့တည်း။ 28 ထိုသူတို့သည် ယေရုရှလင်မြို့၌နေ၍ ဆွေစဉ်မျိုးဆက်အလိုက် အိမ်ထောင်များတွင် အအုပ်အချုပ်အကြီးအကဲဖြစ်ကြ၏။ 29 ဂိဗောင်မြို့နေ ဂိဗောင်အဘ၏မယားကား မာခါအမည်ရှိ၏။ 30-31 သားများကား သားဦးအာဗဒုန်၊ ဇုရ၊ ကိရှ၊ ဗာလ၊ နာဒပ်၊ ဂေဒေါ်၊ အဟိသြ၊ ဇာခါတို့တည်း။ 32 မိကလုတ်သားကား ရှိမာတည်း။ ဤသူတို့သည် ညီအစ်ကိုတို့ကိုမျက်နှာမူလျက် ညီအစ်ကိုအချို့တို့နှင့်အတူ ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။ 33 နေရသားကား ကိရှ။ ကိရှသားကား ရှောလုမင်း။ ရှောလုမင်းသားတော်များကား ယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလတို့တည်း။ 34 ယောနသန့်သားကား မေရိဗ္ဗာလ၊ မေရိဗ္ဗာလသားကား မိက္ခာ။ 35 မိက္ခာ့သားများကား ပိသုန်၊ မေလက်၊ တာရာ၊ အာခတ်တို့တည်း။ 36 အာခတ်သားကား ယုဒ္ဒါ။ ယုဒ္ဒါ့သားများကား အာလမက်၊ အာဇမာဝက်၊ ဇိမရိတို့တည်း။ 37 ဇိမရိသားကား မောဇ။ မောဇသား၊ ဗိနာ။ ၎င်းသား ရာဖာ။ ၎င်းသား ဧလာသ။ ၎င်းသား အာဇေလတည်း။ 38 အာဇေလသား ခြောက်ယောက်အမည်များကား အာဇရိကံ၊ ဗောခေရု၊ ဣရှမေလ၊ ရှရိယ၊ သြဗဒိ၊ ဟာနန်တို့တည်း။ 39 အာဇေလညီဧရှက်သားများကား သားဦးဥလံ၊ ဒုတိယသား ယုရှ၊ တတိသား ဧလိဖလက်တို့တည်း။ 40 စစ်ခေါင်းမာလျက် လေးတော်တပ်ဝင်ရသော ဥလံ့သားတို့၌ သားမြေးများပြား၍ တစ်ရာ့ငါးဆယ်အရေအတွက်ရှိကြ၏။ ဤသည်ကား ဗင်္ယာမိန့်သားစဉ်မြေးဆက်ဖြစ်သတည်း။