6
လေဝိသားများကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တည်း။ ကောဟတ်သားများကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့တည်း။ အာမရံ့သား သမီးများကား၊ အာရုန်၊ မောရှေ၊ မိရိအံ တို့တည်း။ အာရုန့်သားများကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့တည်း။ ဧလာဇာ့သားကား၊ ဖိနဟတ်။ ဖိနဟတ်သား အဘိရွှ။ အဘိရွှသား၊ ဗုက္ကိ။ ဗုက္ကိသား၊ သြဇိ။ သြဇိသား၊ ဇေရဟိ။ ဇေရဟိသား၊ မေရာယုတ်။ မေရာယုတ်သား၊ အာမရိ။ အာမရိသား၊ အဟိတုပ်။ အဟိတုပ်သား၊ ဇာဒုတ်။ ဇာဒုတ်သား အဟိမတ်။ အဟိမတ်သား၊ အာဇရိ။ အာဇရိသား၊ ယောဟနန်။ 10 ယောဟနန့်သား၊ ယေရုရှလင်မြို့တွင် ရှောလမုန်မင်းတည်သောဗိမာန်တော်၌ ပရောဟိတ်ရာထူးရသူအာဇရိ။ 11 အာဇရိသား၊ အာမရိ။ အာမရိသား အဟိတုပ်။ 12 အဟိတုပ်သား၊ ဇာဒုတ်။ ဇာဒုတ်သား၊ ရှလ္လုံ။ 13 ရှလ္လုံ့သား၊ ဟိလခိ။ ဟိလခိသား၊ အာဇရိ။ 14 အာဇရိသား၊ စရာယ။ စရာယသား ယောဇဒက်တည်း။ 15 နေဗုခဒ်နေဇာမင်းလက်ဖြင့် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို ထာဝရဘုရားသိမ်းသွားစေတော်မူသောအခါ ထိုယောဇဒက်ပါသွားသတည်း။
16 လေဝိသားများကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တည်း။ 17 ဂေရရှုံ့သားများကား လိဗနိ၊ ရှိမိတို့တည်း။ 18 ကောဟတ်သားများကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့တည်း။ 19 မေရာရိသားများကား မဟာလိ၊ မုရှိတို့တည်း။ လေဝိအဆက်အနွယ်များသည် အိမ်ထောင်အလိုက်ထိုသို့ဖြစ်၏။ 20 ဂေရရှုံ့သားကား၊ လိဗနိ။ ၎င်းသား ယာဟတ်။ ၎င်းသားဇိမ္မ။ 21 ၎င်းသား ယောအာ။ ၎င်းသား ဣဒ္ဒေါ။ ၎င်းသားဇေရ။ ၎င်းသား ယာတရဲတည်း။ 22 ကောဟတ်သားကား အမိနဒပ်။ ၎င်းသား ကောရ။ ၎င်းသား အဿိရ။ ၎င်းသား ဧလကာန။ 23 ၎င်းသား ဧဗျာသပ်။ ၎င်းသား အဿိရ။ ၎င်းသားတာဟတ်။ 24 ၎င်းသား ဥရေလ။ ၎င်းသား သြဇိ။ ၎င်းသား ရှောလတည်း။ 25 ဧလကာနသားများကား အာမသဲနှင့်အဟိမုတ်တို့တည်း။ 26 ဧလကာနသားမြေးတို့ကား ဇောဖဲ။ 27 ၎င်းသား နာဟတ်။ ၎င်းသား ဧလျာဘ။ ၎င်းသား ယေရောဟံ။ 28 ၎င်းသား ဧလကာနတည်း။ ရှမွေလသားများကား သားဦးယောလနှင့် ဒုတိယသားအဘိယတို့တည်း။ 29 မေရာရိသားကား မဟာလိ။ ၎င်းသား လိဗနိ။ ၎င်းသား ရှိမိ။ ၎င်းသား သြဇ။ 30 ၎င်းသား ရှိမာ။ ၎င်းသား ဟဂ္ဂျာ။ ၎င်းသား အသာယတည်း။
31-33 သေတ္တာတော်တည်မြဲခွင့်ရရှိသည့်ကာလမှစ၍ ယေရုရှလင်မြို့တွင် ထာဝရဘုရား၏ဗိမာန်တော်ကို ရှောလမုန်မင်းမတည်မချင်း ဗိမာန်တော်သီချင်းသီဆိုရေးအုပ်ချုပ်သူအဖြစ် ဒါဝိဒ်မင်းခန့်ထားသည်နှင့်အညီ တွေ့ဆုံ၍စံတော်မူရာတဲတော်ရှေ့၊ သားစဉ်မြေးဆက်တို့ပါ အလှည့်ကျသီချင်းဆိုရသူတို့ဟူမူကား၊ 34-38 ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန အာမသဲ၊ မာဟတ်၊ ဧလကာန၊ ဇုဖ၊ ဟောအာ၊ ဧလျေလ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှဆင်းသက်သူ၊ ကောဟတ်အမျိုး၊ 39-43 သီချင်းသည်ဟေမန်တစ်ပါး၊ လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိယ၊ ဗာသေရ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှ ဆင်းသက်သူ၊ ဟေမန့်လက်ျာဘက်မှာ နေရာရသော ဆွေမျိုးသားချင်းအာသပ်တစ်ပါး။ 44-47 လေဝိ၊ မေရာရိ၊ မုရှိ၊ မဟာလိ၊ ရှမာရ၊ ဗာနိ၊ အံဇိ၊ ဟိလခိ၊ အာမဇိ၊ ဟာရှဘိ၊ မလ္လုတ်၊ အာဗဒိ၊ ကိရှိတို့မှဆင်းသက်သူ၊ လက်ဝဲဘက်မှာ နေရာရသော ဆွေမျိုးသားချင်း၊ မေရာရိအနွယ် ဧသန်တစ်ပါးတို့တည်း။ 48 ညီအစ်ကိုချင်းဖြစ်သော လေဝိအနွယ်သားတို့မှာ ဘုရားသခင်စံတော်မူရာတဲတော်၏ ဝတ်ကြီးဝတ်ငယ်ဆောင်ရွက်ရန်ရာထူးကို ခံရကြသတည်း။
49 အာရုန်နှင့်သားစဉ်မြေးဆက်မူကား ဘုရားသခင့်ကျွန်တော်ရင်း မောရှေမှာထားသမျှအတိုင်း မီးရှို့ပူဇော်ရာပလ္လင်တော်နှင့် နံ့သာပေါင်းတင်ရှို့ရာပလ္လင်တော်များထက် ပူဇော်ဆက်ကပ်မှု၊ အထူးသန့်ရှင်းရာဌာနတော်နှင့်ဆိုင်သမျှသောအမှု၊ ဣသရေလူမျိုး၏အပြစ်အဖို့ ဖြေခြင်းပြုမှုများကို ဆောင်ရွက်သူဖြစ်ကြသတည်း။ 50 အာရုန့်သားကား၊ ဧလာဇာ။ ၎င်းသား ဖိနဟတ်။ 51 ၎င်းသား အဘိရွှ။ ၎င်းသား ဗုက္ကိ။ ၎င်းသား သြဇိ။ 52 ၎င်းသား ဇေရဟိ။ ၎င်းသား မေရာယုတ်။ 53 ၎င်းသား အာမရိ။ ၎င်းသား အဟိတုပ်။ ၎င်းသား ဇာဒုတ်။ ၎င်းသား အဟိမတ်တည်း။
54 ၎င်းတို့နေရာကျသော ဝတ္တုကံမြို့နယ်များကိုဆိုပေအံ့။ ကောဟတ်အဆက်အနွယ်၊ အာရုန့်သားမြေးတို့အား မဲကျသည့်အတိုင်း၊ 55 ယုဒနယ်ရှိ ဟေဗြုန်မြို့ကို စားကျက်ပါပေးရာ၊ 56 ဆင်ခြေဖုံးနှင့်လယ်ယာများကို ယေဖုန္နာ့သားကာလက်အားပေးကြ၏။ 57-59 အာရုန့်သားမြေးတို့အား ပေးကြသည်မှာ လူသတ်ခိုဝင်ရာ ဟေဗြုန်၊ လိဗန၊ ယတ္တိရ၊ ဧရှတမော၊ ဟိလိန်၊ ဒေဗိရ၊ အာရှန်၊ ဗက်ရှေမက်မြို့များနှင့် စားကျက်ကိုလည်းကောင်း၊ 60 ဗင်္ယာမိန်နယ်တွင် ဂေဗ၊ အာလမက်၊ အာနသုတ်မြို့များနှင့်စားကျက်ကိုလည်းကောင်းပေးကြ၏။ အဆက်အနွယ်များအလိုက်ရကြသော ဝတ္ထုကံမြို့ပေါင်းကား ဆယ့်သုံးမြို့တည်း။ 61 အဆက်အနွယ်အနက် ကြွင်းသောကောဟတ်သားမြေးတို့အား မနာရှေ့အနွယ်တစ်ဝက်နယ်တွင် ဝတ္ထုကံမြို့ဆယ်မြို့ကိုမဲချ၍ပေးကြ၏။ 62 ဂေရရှုံ့သားမြေးတို့အား၊ ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်နေ မနာရှေ့အနွယ်တစ်ဝက်နယ်များတွင် အဆက်အနွယ်များအလိုက် ဝတ္ထုကံမြို့ဆယ့်သုံးမြို့ကိုပေးကြ၏။ 63 မေရာရိသားမြေးတို့အား ရုဗင့်နယ်၊ ဂဒ်နယ်၊ ဇာဗုလုန်နယ်များတွင် အဆက်အနွယ်များအလိုက် ဝတ္ထုကံမြို့ဆယ့်နှစ်မြို့ကို မဲချ၍ပေးကြ၏။ 64 လေဂိဂိုဏ်းသားတို့အား ဣသရေလအမျိုးသားတို့ပေးကြသော ဝတ္ထုကံမြို့များကိုစားကျက်ပါပေးကြ၏။ 65 ယုဒအနွယ်သား၊ ရှိမောင့်အနွယ်သား ဗင်္ယာမိန့်အနွယ်သားတို့နယ်များတွင် အမည်ပါသောဝတ္ထုကံမြို့များကို မဲချ၍ပေးကြ၏။ 66 ကောဟတ်သားမြေးအဆက်အနွယ်အချို့တို့အား ဧဖရိမ်နယ်တွင် ပေးကြသည်မှာ၊ 67-69 ဧဖရိမ်ခင်တန်းရှိ လူသတ်ခိုဝင်ရာ ရှေခင်၊ ဂေဇာ၊ ယောကမံ၊ ဗေသောရုန်၊ အာယလုန်၊ ဂါသရိမ္မုန်မြို့များနှင့် စားကျက်ကိုလည်းကောင်း၊ 70 မနာရှေ့အနွယ်တစ်ဝက်နယ်တွင် အာနေရ၊ ဗိလံမြို့များနှင့်စားကျက်ကိုလည်းကောင်း၊ ကြွင်းသောကောဟတ်သားမြေးအဆက်အနွယ်တို့အားပေးကြ၏။ 71 ဂေရရှုံ့သားမြေးတို့အား မနာရှေ့အဆက်အနွယ်တစ်ဝက်နယ်တွင်ပေးကြသည်မှာ၊ 72-73 ဗာရှန်ပြည်ရှိ ဂေါလန်၊ အာရှတရုတ်မြို့များနှင့် စားကျက်ကိုလည်းကောင်း၊ ဣသခါနယ်တွင် ကေဒေရှ၊ ဒါဗရတ်၊ ရာမုတ်၊ 74-75 အာနင်မြို့များနှင့်စားကျက်ကိုလည်းကောင်း၊ အာရှာနယ်တွင် မာရှလ၊ အာဗဒုန်၊ ဟုကုတ်၊ ရဟောဘမြို့များနှင့် စားကျက်ကိုလည်းကောင်း၊ 76 နဿလိနယ်တွင် ဂါလိလဲပြည်ရှိကေဒေရှ၊ ဟမ္မုန်၊ ကိရယသိမ်မြို့များနှင့် စားကျက်ကိုလည်းကောင်းပေးကြ၏။ 77 မေရာရိသားမြေးဖြစ်သူ ကြွင်းသောလေဝိဂိုဏ်းသားတို့အား ဇာဗုလုန်နယ်တွင်ပေးကြသည်မှာ၊ ရိမ္မုန်၊ တာဗော်မြို့များနှင့်စားကျက်ကိုလည်းကောင်း၊ 78 ယေရိခေါမြို့တစ်ဘက်၊ ယော်ဒန်မြစ်အရှေ့၊ ရုဗင်နယ်တွင်၊ 79 တောရှိဗေဇာ၊ ယာဟတ်၊ ကေဒမုတ်၊ 80-81 မေဖတ်မြို့များနှင့်စားကျက်ကိုလည်းကောင်း၊ ဂဒ်နယ်တွင် ဂိလဒ်ပြည်ရှိ ရာမုတ်၊ မဟာနိမ်၊ ဟေရှဘုန်၊ ယာဇာမြို့များနှင့် စားကျက်ကိုလည်းကောင်း ပေးကြသတည်း။