3
ဟေဗြုန်မြို့၌ ဒါဝိဒ်မင်းရသောသားတော်တို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်မြင်သောသားတော် အာမနုန်၊ ဒုတိယသားကား ကရမေလအရပ်သူ အဘိဂဲလမြင်သောသားတော် ဒံယေလ။ တတိယသားကား၊ ဂေရှုရဘုရင်တာလမဲမင်း၏ သမီးတော်မာခါမြင်​ေသာသားတော်အဗရှလုံ။ စတုတ္ထသားကား၊ ဟဂ္ဂိတ်မြင်သောသားတော်အဒေါနိယ။ ပဥ္စမသားကား အဘိတလမြင်သောသားတော်ရှေဖတိ။ ဆဌမသားကား၊ မိဖုရားဧဂလာတွင်ရသော သားတော်ဣကရံတို့တည်း။ 4-5 ခုနစ်နှစ်နှင့်ခြောက်လဟေဗြုန်မြို့၌နန်းစံစဉ် ထိုသားတော်ခြောက်ပါးကိုရ၏။ ယေရုရှလင်မြို့၌ နှစ်ပေါင်းသုံးဆယ့်သုံးနှစ် နန်းစံစဉ်ရသောသားတော်များကား၊ အမျေလသမီး ဗာသရှုအာမြင်သောသားတော်ရှိမာ၊ 6-8 ရှောဗပ်၊ နာသန်၊ ရှောလမုန်၊ ဤလေးပါးတို့နှင့် ဣဗဟာ၊ ဧလိရှမာ၊ ဧလိဖလက်၊ နောဂ၊ နေဖက်၊ ယာဖျာ၊ ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်၊ ဤကိုးပါးတို့တည်း။ ထိုသူအပေါင်းတို့သည် မောင်းမကိုယ်လုပ်တော်များတွင်ရသော သားတို့ကိုချန်လှပ်၍ ဒါဝိဒ်မင်းသားတော်များဖြစ်ကြကုန်၏။ နှမတာမာလည်းရှိ၏။
10 ရှောလမုန်မင်းသားတော်ကား ရောဗောင်မင်း၊ ၎င်းသားတော်၊ အဘိယမင်း၊ ၎င်းသားတော်၊ အာသမင်း၊ 11 ၎င်းသားတော်၊ ယောရှဖတ်မင်း။ ၎င်းသားတော် ယဟောရံမင်း။ ၎င်းသားတော်၊ အာခဇိမင်း။ 12 ၎င်းသားတော်၊ ယောရှမင်း။ ၎င်းသားတော် အာမဇိမင်း။ ၎င်းသားတော် သြဇိမင်း။ ၎င်းသား တော်၊ ယောသံမင်း။ 13 ၎င်းသားတော်၊ အာခတ်မင်း။ ၎င်းသားတော်၊ ဟေဇကိမင်း။ ၎င်းသားတော်၊ မနာရှေမင်း။ 14 ၎င်းသားတော်၊ အာမုန်မင်း။ ၎င်းသားတော်၊ ယောရှိမင်းတည်း။ 15 ယောရှိမင်းသားတော်ဦးကား၊ ယောဟနန်။ ဒုတိယသားတော်၊ ယောယကိမ်။ တတိယသား တော်၊ ဇေဒကိ၊ စတုတ္ထသားတော်၊ ရှလ္လုံမင်းတို့တည်း။ 16 ယောယကိမ်မင်းသားတော်ကား၊ ယေခေါနိ။ ယေခေါနိမင်းသားတော်ကား၊ ဇေဒကိတည်း။
17 အကျဉ်းခံရသောယေခေါနိမင်းသားတော်များကား၊ 18 ရှာလသေလ၊ မာလခိရံ၊ ပေဒါယ၊ ရှေနဇာ၊ ယေကမိ၊ ဟောရှမ၊ နေဒဘိတို့တည်း။ 19 ပေဒါယသားများကား ဇေရုဗဗေလနှင့် ရှိမိတို့တည်း။ ဇေရုဗဗေလသားများကား၊ မေရှုလံ၊ ဟာနနိ၊ နှမရှေလောမိတ်တို့နှင့်တကွ 20 ဟရှုဘ၊ သြဟေလ၊ ဗေရခိ၊ ဟသဒိ၊ ယုရှဿေသက်၊ ဤငါးယောက်တို့တည်း။ 21 ဟာနနိသားမြေးများကား၊ ပေလတိ၊ ယေရှာယ၊ ရေဖာယအဆက်အနွယ်၊ အာနန့်အဆက်အ နွယ်၊ သြဗဒိအဆက်အနွယ်၊ ရှေကနိအဆက်အနွယ်တို့တည်း။ 22 ရှေကနိသားကား ရှေမာယ၊ ရှေမာယသားများ၊ ဟတ္တုတ်၊ ဣဂါလ၊ဗာရိ၊ နာရိ၊ ရှာဖတ်၊ ပေါင်းခြောက်ယောက်တို့တည်း။ 23 နာရိသားများကား ဧလျောနဲ၊ ဟေဇကိ၊ အာဇရိကံ၊ ပေါင်းသုံးယောက်တို့တည်း။ 24 ဧလျောနဲသားများကား၊ ဟောဒဝိ၊ ဧလျာရှိပ်၊ ပေလာယ၊ အက္ကုပ်၊ ယောဟနန်၊ ဒလာယ၊ အာနနိ၊ ပေါင်းခုနစ်ယောက်တို့တည်း။