27
တစ်နှစ်အတွင်း လစဉ်အမှုတော်ကိုထမ်းဆောင်ရန် ဘုရင်မင်းထံအလှည့်ကျဝင်ထွက်ရသူ ဣသရေလလူမျိုးအိမ်ထောင်အအုပ်အချုပ်များ၊ ထောင်တပ်မှူး၊ ရာတပ်မှူးများနှင့် ဗိုလ်မှူးတို့စာရင်းကား တစ်လှည့်တွင်နှစ်သောင်းလေးထောင်ဖြစ်သတည်း။ 2-3 ပထမလအလှည့် တပ်မှူးအပေါင်းတို့ကိုအုပ်ချုပ်သော ဖာရက်အနွယ်၊ ဇာဗဒေလသား ဗိုလ်ယာရှောဗံနှင့် စစ်သည်နှစ်သောင်းလေးထောင်၊ ဒုတိယအလှည့် အာဟော့အနွယ်ဗိုလ်ဒေါဒဲ၊ စစ်ကဲမိကလုတ်တို့နှင့်စစ်သည် နှစ်သောင်းလေးထောင်၊ 5-6 တတိယလအလှည့် ဗိုလ်သုံးကျိပ်အုပ်သူရဲကောင်းဖြစ်သော ပရောဟိတ်ယောယဒသား တတိယဗိုလ်ဗေနာယ၊ ၄င်းသားအမိဇဗဒ်တို့နှင့် စစ်သည်နှစ်သောင်းလေးထောင်၊ စတုတ္ထလအလှည့် ယွာဘညီ၊ စတုတ္ထဗိုလ်အသဟေလကွယ်လွန်ပြီးနောက် သားဇေဗဒိနှင့် စစ်သည်နှစ်သောင်းလေးထောင်၊ ပဥ္စမလအလှည့် ဣဇဟာ့အနွယ်၊ ပဥ္စမဗိုလ်ရှံဟုတ်နှင့် စစ်သည်နှစ်သောင်းလေးထောင်၊ ဆဌမလအလှည့် တေကောမြို့နေ ဣကေရှသား ဆဌမဗိုလ်ဣရနှင့် စစ်သည်နှစ်သောင်းလေးထောင်၊ 10 သတ္တမလအလှည့် ဧဖရိမ့်အနွယ်၊ ပေလောင်မြို့သား၊ သတ္တမဗိုလ်ဟေလက်နှင့် စစ်သည်နှစ်သောင်းလေးထောင်၊ 11 အဋ္ဌမလအလှည့် ဇာရအနွယ်၊ ဟုရှမြို့သား၊ အဋ္ဌမဗိုလ်သိဗေခဲနှင့် စစ်သည်နှစ်သောင်းလေးထောင်၊ 12 နဝမလအလှည့် ဗင်္ယာမိန့်အနွယ်၊ အာနသုတ်မြို့သား၊ နဝမဗိုလ်အဗျေဇာနှင့် စစ်သည်နှစ်သောင်းလေးထောင်၊ 13 ဒသမလအလှည့် ဇေရအနွယ်၊ နေတောဖမြို့သား၊ ဒသမဗိုလ်မဟာရဲနှင့် စစ်သည်နှစ်သောင်းလေးထောင်၊ 14 ဧကာဒသမလအလှည့် ဖဧရိမ့်အနွယ်၊ ပိရသုန်မြို့သား၊ ဧကာဒသမဗိုလ်ဗေနာယနှင့် စစ်သည်နှစ်သောင်းလေးထောင်၊ 15 ဒွါဒသမလအလှည့် သြသံယေလအနွယ်၊ နေတောဖမြို့သား၊ ဒွါဒသမဗိုလ်ဟေလဒဲနှင့် စစ်သည်နှစ်သောင်းလေးထောင်တို့တည်း။
16 ဣသရေလအမျိုးအနွယ် ဦးစီးဦးကိုင်များကား ရုဗင့်အနွယ်တွင် ဇိခရိသားဧလျေဇာ၊ ရှိမောင့်အနွယ်တွင် မာခါ့သားရှေဖတိ၊ 17 လေဝိအနွယ်တွင် ကေမွေလသား ဟာရှဘိ။ အာရုန့်အနွယ်တွင် ဇာဒုတ်၊ 18 ယုဒအနွယ်တွင် ဒါဝိဒ်မင်းနောင်တော်ဧလိဟု၊ ဣသခါ့အနွယ်တွင် မိက္ခေလသား သြမရိ၊ 19 ဇာဗုလုန့်အနွယ်တွင် သြဗဒိသားဣရှမာယ၊ နဿလိအနွယ်တွင် အာဇရေလသား ယေရိမုတ်။ 20 ဧဖရိမ့်အနွယ်တွင် အာဇဇိသားဟောရှေ၊ မနာရှေ့အနွယ်တစ်ဝက်တွင် ပေဒါယသား ယောလ၊ 21 ဂိလဒ်နယ်ရှိ မနာရှေ့အနွယ်တစ်ဝက်တွင် ဇာခရိသား ဣဒ္ဒေါ၊ ဗင်္ယာမိန့်အနွယ်တွင် အာဗနာ့သား ယာသေလ၊ 22 ဒန့်အနွယ်တွင် ယေရောဟံ့သား အာ​ဇရေလတို့တည်း။ ဣသရေလအမျိုးအနွယ်တွင် တပ်မှူးတို့ကားထိုသို့တည်း။
23 ဣသရေလအမျိုးသားတို့ကို ကောင်းကင်ကြယ်လုံးနှင့်အမျှများပြားစေမည်ဟု ထာဝရဘုရားဗျာဒိတ်ထားတော်မူခဲ့သည်ဖြစ်၍ ဒါဝိဒ်မင်းသည် အသက်နှစ်ဆယ့်အောက်ယုတ်သူတို့ကို စာရင်းမယူ။ 24 ဇေရုယာ့သား ယွာဘစာရင်းကောက်စပြုရာ ဣသရေလလူမျိုးအပေါ်တွင် အမျက်တော်သင့်သည့်အတွက် အဆုံးမသတ်ရ။ ကောက်ပြီးသူတို့ကိုလည်း ရွှေတိုက်စာရင်းတွင် ဒါဝိဒ်မင်းမသွင်းချေ။
25 အဒျေလသားအာဇမာဝက်သည် ရွှေတိုက်ဝန်၊ သြဇိသားယောနသန်သည် ခံတပ်များမှစ၍အဝေးမြို့ရွာရှိဘဏ္ဍာတော်ဝန်၊ 26 ကာလက်သားဧဇရိသည် အရာတော်ဝန်၊ ရာမမြို့သား ရှိမိသည် 27 စပျစ်ဥယျာဉ်တော်အုပ်၊ ရှိဖမုတ်မြို့သားဇာဗဒိသည် စပျစ်သီးစပျစ်ရည်ဝန်၊ 28 ဂေဒါမြို့သား ဗာလဟာနန်သည် ရှဖေလာခရိုင်ရှိ သံလွင်၊ ပိုးစာဥယျာဉ်တော်အုပ်၊ ယောရှသည် သံလွင်ဆီဝန်၊ 29 ရှာရုန်လွင်ပြင်သားရှိတရဲသည် ရှာရုန်လွင်ပြင်ရှိ နွားတော်ဝန်၊ အာဒလဲသားရှာပတ်သည် ရှဖေလာခရိုင်ရှိနွားတော်ဝန်၊ 30 ဣရှမေလအမျိုး သြဗိလသည် ကုလားအုပ်တော်ဝန်၊ မေရောနုတ်မြို့သား ယေဒေယသည် မြည်းတော်ဝန်၊ ဟာဂရအမျိုးယာဇဇ်သည် သိုးတော်ဝန်၊ 31 ဤသူတို့သည် ဒါဝိဒ်မင်းပိုင်ရာတော်ကို အုပ်ထိန်းရကြ၏။
32 ဒါဝိဒ်မင်းတူတော်ယောနသန်သည် ပညာရှိသံတော်ဆင့် မင်းတိုင်ပင်၊ ဟခမောနိသား ယေဟေလသည် သားတော်တို့၏အကြီးတော်၊ 33 အဟိသောဖေလသည် မင်းတိုင်ပင်အမတ်၊ အာခိလူမျိုးဟုရှဲသည် ဘုရင်မင်း၏အဆွေခင်ပွန်း၊ 34 ယွာဘသည် ဗိုလ်ချုပ်၊ အဗျာသာနှင့်ဗေနာယသားယောယဒတို့သည် အဟိသောဖေလရာထူးကိုဆက်ခံသူ ဖြစ်ကြသတည်း။