25
ထိုမှတစ်ပါး၊ စောင်း၊ တယော၊ ခွက်ကွင်းများနှင့်ဟောပြောလျက် ထောမနာမှုကိုဆောင်ရွက်ကြစေရန် အာသပ်၊ ဟေမန်၊ ယေဒုသုန့်ဂိုဏ်းသားတို့ကို ဒါဝိဒ်မင်းမှစ၍ မှူးမတ်တို့ခွဲထားသောစာရင်းဟူမူကား၊ ဒါဝိဒ်မင်း၏သြဝါဒခံဟောပြောရသူ အာသပ်လက်အောက် ဇက္ကုရ၊ ယောသပ်၊ နာသနိ၊ အာရှ ရေလတို့သည် အာသပ်ဂိုဏ်းသားများဖြစ်ကြသတည်း။ ထာဝရဘုရားကျေးဇူးတော်ဂုဏ်တော်ကိုချီးမွမ်း၍ စောင်းနှင့်ဟောပြောရသူ၊ ဂိုဏ်းအဘယေဒုသုန့်လက်အောက်၊ ဂေဒလိ၊ ဇေရိ၊ ယေရှာယ၊ ဟာရှဘိ၊ မတ္တိသိ၊ ခြောက်ယောက်တို့သည် ယေဒုသုန့်ဂိုဏ်းသားများဖြစ်ကြသတည်း။ 4-5 တံပိုးမှုတ်လျက် ဘုရားသခင့်ဗျာဒိတ်တော်အတိုင်း ဘုရင်မင်း၏အဆိုတော်ဖြစ်သူ ဟေမန့်ဂိုဏ်းသားများကား ဗုက္ကိ၊ မဿနိ၊ သြဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိ၊ ဟာနန်၊ ဧလျာသာ၊ ဂိဒ္ဒါ လတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇယုတ်တို့တည်း။ ဟေမန်အား ဘုရားသခင်ပေးတော်မူသော သားတစ်ကျိပ်လေးယောက်၊ သမီးသုံးယောက်တို့သည်၊ အဘလက်အောက်တွင် ခွက်ကွင်း၊ တယော၊ စောင်းများနှင့်သီဆိုလျက် ထာဝရဘုရားသခင့်ဗိမာန်တော်၌ ထောမနာမှုကိုပြုရကြ၏။ အာသပ်၊ ယေဒုသုန် ဟေမန်တို့မှာ ဘုရင်မင်း၏သြဝါဒခံများတည်း။ ဆိုခဲ့သောသူတို့သည် ထာဝရဘုရားအား ထောမနာသီချင်းကျွမ်းကျင်လေ့ကျက်သူဂိုဏ်းသားချင်းအပေါင်းပါ နှစ်ရာ့ရှစ်ကျိပ်ရှစ်ယောက်တို့တည်း။ ထိုသူတို့သည် ဆရာတပည့်အကြီးအငယ်မခြား ဆောင်ရွက်ရန်တာဝန်အတွက် မဲချကြရာ၊ ပဌမမဲကျသူ အာသပ်ဂိုဏ်းသားယောသပ်၊ ဒုတိယ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ဂေဒလိ၊ 10 တတိယ သားရောညီပါတစ်ကျိပ်နှစ်ယောက်အဝင် ဇက္ကုရ 11 စတုတ္ထ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင်ဣဇရိ၊ 12 ပဥ္စမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင်နာသနိ၊ 13 ဆဌမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင်ဗုက္ကိ၊ 14 သတ္တမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ယေရှရေလ၊ 15 အဌမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင်ယေရှာယ၊ 16 နဝမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် မဿနိ၊ 17 ဒသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင်ရှိမိ၊ 18 ဧကာဒသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် အာဇရေလ၊ 19 ဒွါဒသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင်ဟာရှဘိ၊ 20 တေရသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင်ရှုဗွေလ၊ 21 စုဒ္ဒသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် မတ္တိသိ၊ 22 ပန္နရသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ယေရိမုတ်၊ 23 သောဠသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ဟာနနိ၊ 24 သတ္တရသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ယောရှဗေကရှ 25 အဌာရသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ဟာနန်၊ 26 ဧကူနဝီသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် မလ္လောသိ 27 ဝီသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ဧလျာသာ၊ 28 ဧကဝီသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ဟောသိရ၊ 29 ဗာဝီသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ဂိဒ္ဒါလတိ၊ 30 တေဝီသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် မဟာဇယုတ်၊ 31 စတုဝီသမ သားရောညီပါ တစ်ကျိပ်နှစ်ယောက်အဝင် ရောမန္တေဇာတို့တည်း။