21
ထိုနောက် စာတန်သည် ဣသရေလလူမျိုးနှင့်ဆန့်ကျင်ဘက်ထ၍ ထိုအမျိုးကိုစာရင်းယူစေရန် ဒါဝိဒ်မင်းအားနှိုးဆော်သည်နှင့်၊ ဒါဝိဒ်မင်းက ဗေရရှေဘမြို့မှစ၍ဒန်မြို့တိုင်အောင်၊ ဣသရေလလူမျိုးကို စာရင်းလှည့်ကောက်ပြီးလျှင် လူဦးရေကိုငါသိရန်စာရင်းဆက်လော့ဟု ယွာဘနှင့်မှူးတော်မတ်တော်တို့အားမိန့်ဆိုရာ၊ ယွာဘက၊ ထာဝရဘုရားသည် လူမျိုးတော်ကို အဆတစ်ရာတိုးပွားအောင်ပြုတော်မူပါစေသော။ တစ်မျိုးလုံး၊ အရှင်မင်းမြတ်၏ကျေးကျွန်မဟုတ်ပါလော။ အရှင်သည် ဤအမှုကိုအဘယ်ကြောင့်ကြံစည်တော်မူပါသနည်း။ ဣသရေလအမျိုး၌ အဘယ်ကြောင့်ပြစ်ဒဏ်ခတ်စေတော်မူလိုပါသနည်းဟု တင်လျှောက်သော်လည်း၊ ယွာဘအပေါ်တွင် အမိန့်တော်လွှမ်းမိုးသဖြင့် ယွာဘသည် ဣသရေလပြည်လုံးနှံ့ထွက်သွားလှည့်လည်၍ ယေရုရှလင်မြို့သို့ပြန်ရောက်သည့်ကာလ၊ လူဦးရေစာရင်းကို ဒါဝိဒ်မင်းအားဆက်သသည်နှင့်အညီ ဣသရေလအမျိုးဓားကိုင်သူရဲ တစ်သန်းနှင့်တစ်သိန်း၊ ယုဒသူရဲလေးသိန်းခုနစ်သောင်း၊ စာရင်းရသတည်း။ ယွာဘသည် အမိန့်တော်ကိုရွံရှာသည်ဖြစ်၍ လေဝိနှင့်ဗင်္ယာမိန့်အနွယ်စာရင်းကို မထည့်မသွင်းချေ။
ထိုအမှုကိုဘုရားသခင်နှစ်သက်တော်မမူ၍ ဣသရေလလူမျိုးကိုဒဏ်ခတ်တော်မူရာ၊ ဒါဝိဒ်မင်းက၊ အကျွန်ုပ်ဤသို့ပြု၍ ကြီးလှစွာပြစ်မှားမိပါပြီ။ အလွန်မိုက်မှားမိသောကျွန်တော်မျိုး၏ဒုစရိုက်မှုကို ပယ်ပတော်မူပါဟု ဘုရားသခင်အား အသနားတော်ခံလေ၏။ ထိုအခါ ထာဝရဘုရား၏ဗျာဒိတ်တော်သည် ဒါဝိဒ်မင်း၏အမျှော်အမြင်ဆရာဂဒ်သို့ရောက်လာ၍ ဒါဝိဒ်ထံသွားရောက်ဆင့်ဆိုရမည်မှာ၊ 10 သင့်အပေါ်တွင် ငါမိုးထားသောဘေးသုံးမျိုးအနက် တစ်မျိုးကိုငါစီရင်ရန်၊ ရွေးချယ်လော့ဟူသော ငါထာဝရဘုရားအမိန့်တော်ကိုဆင့်ဆိုရမည်ဟု မိန့်တော်မူသည့်အတိုင်း၊ 11 ဂဒ်သည် ဒါဝိဒ်မင်းထံဝင်ပြီးလျှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ 12 သုံးနှစ်ပတ်လုံး အစာခေါင်းပါးခြင်းကပ်တစ်ပါး၊ သုံးလပတ်လုံးရန်သူတို့ရှေ့ဓားဘေးသင့်၍ ပျက်ပြုန်းခြင်းကပ်တစ်ပါး၊ သုံးရက်ပတ်လုံး ဣသရေလပြည်လုံးနှံ့ ထာဝရဘုရား၏စေတမန်တော်ဖျက်ဆီး၍ ပြည်တော်၌ကပ်ရောဂါတည်းဟူသော ထာဝရဘုရား၏ဓားတော်ဘေးထိခြင်းကပ်တစ်ပါး၊ ဤသုံးပါးအနက် ရွေးချယ်လော့။ စေလွှတ်တော်မူသောအရှင့်ထံ ငါပြန်လျှောက်ခွင့်ရရန် ယခုပင်ဆင်ခြင်လော့ဟုပြောဆိုလျှင်၊ 13 ဒါဝိဒ်မင်းက ငါသည်ကျဉ်းကျပ်ရာရောက်လေစွ။ ထာဝရဘုရား၏ကရုဏာတော်အလွန်ကြီးလှသည်ဖြစ်၍ လက်တော်သို့သာရောက်ပါစေ။ လူ့လက်သို့မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြောသည်နှင့်အညီ၊ 14 ထာဝရဘုရားသည် ကပ်ရောဂါသင့်စေတော်မူသဖြင့် ဣသရေလလူမျိုးခုနစ်သောင်းဆုံးပါးကြ၏။ 15 ဘုရားသခင်သည် ယေရုရှလင်မြို့ကိုဖျက်ဆီးရန် စေတမန်တော်ကိုလွှတ်သည့်အတိုင်းဖျက်ဆီးမည့်ပြုရာ ထာဝရဘုရားရှုမြင်၍ ထိုဘေးဒဏ်မှစိတ်တော်ပြောင်းလဲသဖြင့် တော်ပြီ၊ သင့်လက်ကိုရုပ်သိမ်းလော့ဟု ဖျက်ဆီးသောစေတမန်တော်အားမိန့်တော်မူ၏။ ထိုအခါယေဗုသိလူမျိုး သြရနန်၏ကောက်နယ်တလင်းအနီးတွင် စေတမန်တော်ရပ်လျက်ရှိသတည်း။
16 ဒါဝိဒ်မင်းသည်မျှော်ကြည့်သဖြင့် မိုးမြေအကြားရပ်တန့်၍ ယေရုရှလင်မြို့အထက် ဓားလွတ်ကိုင်မိုးလျက်နေသော ထာဝရဘုရား၏စေတမန်တော်ကိုမြင်ရသော် လူကြီးတို့နှင့်တကွလျှော်တေဝတ်၍ ပျပ်ဝပ်ပြီးလျှင်၊ 17 ဒါဝိဒ်မင်းက၊ လူမျိုးကိုစာရင်းကောက်ရန်အမိန့်ပေးသူသည် အကျွန်ုပ်မဟုတ်ပါလော။ ပြစ်မှား၍ဒုစရိုက်ပြုမိသူကား အကျွန်ုပ်ပါတည်;။ ဤသိုးစုမှာမူ မည်သို့ပြုဘိသနည်း။ အိုအကျွန်ုပ်ဘုရားသခင်ထာဝရဘုရား အကျွန်ုပ်နှင့်ဆွေသားမျိုးချင်းတို့အပေါ်တွင်သာ လက်တော်သင့်ရောက်ပါစေသော။ လူမျိုးတော်ကိုဒဏ်ခတ်ရန် သင့်ရောက်တော်မမူပါစေလင့်ဟု ဘုရားသခင်အားတောင်းလျှောက်သည့်ကာလ၊ 18 ထာဝရဘုရား၏စေတမန်တော်က၊ ယေဗုသိလူမျိုးသြရနန်၏ကောက်နယ်တလင်း၌ ထာဝရဘုရားအဖို့ပူဇော်ရာပလ္လင်ကို ဒါဝိဒ်တက်သွား၍ တည်ရမည့်အကြောင်းဆင့်ဆိုရန် ဂဒ်အားမိန့်တော်မူရာ၊ 19 ထာဝရဘုရားနာမတော်ဖြင့် ဂဒ်ဆင့်ဆိုသည့်အတိုင်း ဒါဝိဒ်မင်းတက်သွားလေ၏။ 20 ဂျုံစပါးနယ်နေသောသြရနန်လှည့်ကြည့်၍ စေတမန်တော်ကိုမြင်ရလျှင် ပါရှိသောသားလေးယောက်တို့သည် ပုန်းရှောင်ကြ၏။ 21 ချဉ်းလာသောဒါဝိဒ်မင်းကို သြရနန်မော်ကြည့်၍မြင်ရလျှင် ကောက်နယ်တလင်းမှထွက်ပြီးသော် မျက်မှောက်တွင်ပျပ်ဝပ်ရှိခိုးလျက်နေစဉ်၊ 22 ဒါဝိဒ်မင်းက၊ လူမျိုးတွင်ကပ်ရောဂါရပ်စဲစေခြင်းငှါ ဤကောက်နယ်တလင်း၌ထာဝရဘုရားအား ပူဇော်ရာပလ္လင်တော်ကိုတည်လိုသောကြောင့် မယုတ်သောတန်ဖိုးနှင့်ရောင်းချလော့ဟုမိန့်ဆိုသော်၊ 23 သြရနန်က၊ အရှင်မင်းမြတ်၊ သဘောတော်ရှိရာပြုလုပ်ရန်ခံယူတော်မူပါ။ မီးရှို့ရာသက္ကာအဖို့ နွားများ၊ ထင်းအဖို့စွပ်ဖားများ၊ ဘောဇဉ်သက္ကာအဖို့ဂျုံစပါး ပါရှိသမျှကို ကျွန်တော်ဆက်သပါမည်ဟု တင်လျှောက်ရာ၊ 24 ဒါဝိဒ်မင်းက၊ ငါသည်တန်ဖိုးနှင့်မုချဝယ်ယူမည်။ ထာဝရဘုရားအဖို့ သင့်ဥစ္စာကိုငါမခံမယူ။ 25 အဖိုးမဲ့ရသောအရာကို မီးရှို့ပူဇော်မည်မဟုတ်ဟုမိန့်ဆိုသည့်အတိုင်း ရွှေချိန်ကျပ်ခြောက်ရာကို သြရနန်အား တလင်းအဖိုးပေးလေ၏။ 26 ထိုအရပ်၌ပင် ထာဝရဘုရားအားပူဇော်ရာပလ္လင်တော်ကိုတည်၍ မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို ပူဇော်ဆက်ကပ်လျက် ထာဝရဘုရားအား ပဌနာပြုလျှင်၊ မီးရှို့ပူဇော်ရာပလ္လင်တော်ပေါ်တွင် ကောင်းကင်မှကျသောမီးဖြင့်တုံ့ပြန်တော်မူပါ၍၊ 27 ထာဝရဘုရားအမိန့်တော်အတိုင်း စေတမန်တော်သည် ဓားအိမ်၌ဓားကိုပြန်သွင်းလေ၏။ 28-30 ထိုကာလ တော၌မောရှေလုပ်ခဲ့သော ထာဝရဘုရား၏စံရာတော်နှင့် မီးရှို့ပူဇော်ရာပလ္လင်တော်သည် ဂိဗောင်မြို့၊ မြင့်ရာဌာနတွင်တည်ရှိသည်နှင့်အညီ ထိုစံရာတော်သို့ ထာဝရဘုရားထံမေးလျှောက်ရန် စေတမန်တော့်ဓားဘေးအတွက်ဒါဝိဒ်မင်းမသွားဝံ့သောကြောင့် ယေဗုသိလူမျိုး သြရနန်၏ကောက်နယ်တလင်းတွင် ထာဝရဘုရားတုံ့ပြန်တော်မူကြောင်းသိမြင်လျှင် ၎င်းတလင်းမှာဆက်ကပ်ပူဇော်၍၊