2
ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ​ဇာဗုလုန်။ ဒန်၊ ယောသပ်၊ ဗင်္ယာမိန်၊ နဿလိ၊ ဂဒ်၊ အာရှာတို့တည်း။
ယုဒသည် ခါနာန်အမျိုး ရှုအာ့သမီးတွင် ရသောသားများကား ဧရ၊ သြနန်၊ ရှေလ၊ သုံးယောက် တို့တည်း။ ယုဒ၏သားဦးဧရသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းသူဖြစ်၍ ကွပ်မျက်တော်မူ၏။ ချွေးမတာမာတွင် ရသောသားများကား၊ ဖာရက်နှင့်ဇေရတို့တည်း။ ယုဒသားပေါင်းကား၊ ငါးယောက်တို့တည်း။ ဖာရက်သားများကား၊ ဟေဇရုံနှင့်ဟာမုလတို့တည်း။ ဇေရသားများကား ဇိမရိ၊ ဧသန်၊ ဟေမန်၊ ကာလကောလ၊ ဒါရ၊ ပေါင်းငါးယောက်တို့တည်း။ ကာမိသားကား၊ မြေလှန်ရာပါဥစ္စာ၌လွန်ကျူးလျက် ဣသရေလလူမျိုးကို ဒုက္ခပေးသောအခါတည်း။ ဧသန့်သားကား၊ အာဇရိတည်း။ ဟေဇရုံရသောသားများကား ယေရမေလ၊ အာရံ၊ ကာလက်တို့တည်း။ 10 အာရံ့သား၊ အမိနဒပ်၊ အမိနဒပ်သား၊ ယုဒအနွယ်သားတို့တွင် အကြီးအကဲဖြစ်သူနာရှုန်၊ နာရှုန့်သား၊ စာလမ။ 11 စာလမသား၊ ဗောဇ။ ဗောဇသား၊ သြဗက်။ 12 သြဗက်သား၊ ယေရှဲတည်း။ ယေရှဲသားဦး၊ ဧလျာဘ။ 13 ဒုတိယသား၊ အဘိနဒပ်။ တတိယသား၊ ရှိမာ။ 14 စတုတ္တသား၊ နာသနေလ။ ပဥ္စမသား ရဒ္ဒဲ။ 15 ဆဌမသား၊ သြဇင်။ သတ္တမသား၊ ဒါဝိဒ်တို့တည်း။ 16 သူတို့နှမများကား ဇေရုယာနှင့်အဘိဂဲလတို့တည်း။ ဇေရုယာ့သားများကား အဘိရှဲ၊ ယွာဘ၊ အာသဟေလ၊ ပေါင်းသုံးယောက်တို့တည်း။ 17 အဘိဂဲလသားကား အာမသ။ အာမသအဘမှာ ဣရှမေလအမျိုးယေသာတည်း။
18 ​ေဟဇရုံ့သားကာလက်သည် မယားအဇုဘနှင့် ယေရုတ်တွင်ရသောသားများကား ယေရှာ၊ ရှောဗပ်၊ အာဒုန်တို့တည်း။ 19 အဇုဘသေပြီးမှ ဧဖရတ်ကိုသိမ်း၍၊ ဟုရကိုရပြန်၏။ 20 ဟုရသားကား ဥရိ။ ဥရိသားကား၊ ဗေဇလေလတည်း။ 21 ထိုနောက် ဟေဇရုံသည် အသက်ခြောက်ဆယ်ရှိသော်၊ မာခိရသမီး၊ ဂိလဒ်နှမနှင့် စုံဘက်၍ စေဂုပ်ကိုရ၏။ 22 စေဂုပ်သားကား ဂိလဒ်နယ်တွင်မြို့ရွာနှစ်ဆယ့်သုံးမြို့ကိုပိုင်သောယာဣရတည်း။ 23 ဂေရှုရနှင့်အာရံတို့သည် ထိုဟာဝုတ်ယာဣရမြို့ရွာများကိုလည်းကောင်း၊ ကေနတ်မြို့နှင့်နိဂုံးများကိုလည်းကောင်း၊ မြို့ပေါင်းခြောက်ဆယ်ကိုသိမ်းယူ၏။ ထိုသူရှိသမျှကား ဂိလဒ်အဘမာခိရ၏သားမြေးများတည်း။ 24 ကာလက်ဧဖရတ်မြို့၌ ဟေဇရုံသေပြီးနောက် သူ့မယားအဘိယသည် သားအာရှုရကိုဖွားမြင်၏။ အာရှုရသားကား တေကောတည်း။
25 ဟေဇရုံ့သားဦးယေရမေလ၏သားများကား၊ သားဦးအာရံ၊ ဗုန၊ သြရင်၊ သြဇင်၊ အဟိယတို့တည်း။ 26 အာတရအမည်ရှိသော အခြားမယားတွင် သြနံကိုရ၏။ 27 ယေရမေလ၏သားဦးအာရံ့သားများကား မာဇ၊ ယာမိန်၊ ဧကာတို့တည်း။ 28 သြနံ့သားများကား ရှမ္မဲနှင့်ယာဒတို့တည်း။ ရှမ္မဲသားများကား နာဒပ်နှင့်အဘိရှုရတို့တည်း။ 29 အဘိရှုရသည် မယားအဘိဟဲလတွင် အာဗန်နှင့်မောလိဒ်တို့ကိုရ၏။ 30 နာဒပ်သားများကား သေလက်နှင့်အပ္ပိမ်တို့တည်း။ သေလက်၌သားမရှိ။ 31 အပ္ပိမ့်သား ဣရှိ။ ဣရှိသား၊ ရှေရှန်။ 32 ရှေရှန့်သား၊ အာလဲတည်း။ ရှမ္မဲညီ ယာဒသားများကား၊ ယေသာနှင့်ယောနသန်တို့တည်း။ 33 ယေသာ၌သားမရှိ။ ယောနသန့်သားများကား၊ ပေလက်နှင့်ဇာဇတို့တည်း။ ယေရမေလသား မြေးတို့ကား ဤသည်တို့တည်း။
34 ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန်၌ယာဟအမည်ရှိသော အိဂျစ်အမျိုးသား ကျွန်ယောက်ျားတစ်ယောက်ရှိ၍၊ 35 ထိုကျွန်နှင့်သမီးတစ်ယောက်ကို ထိမ်းမြားသဖြင့် သားအတ္တဲကိုဖွားမြင်၏။ 36 အတ္တဲသား၊ နာသန်။ နာသန့်သား၊ ဇာဗဒ်။ 37-38 ဇာဗဒ်သား၊ ဧဖလလ။ ဧဖလလသား၊ သြဗက်။ သြဗက်သား၊ ယေဟု။ 39 ယေဟုသား၊ အာဇရိ။ အာဇရိသား၊ ဟေလက်။ 40 ဟေလက်သား၊ ဧလာသ။ ဧလာသသား၊ သိသမဲ။ 41 သိသမဲသား၊ ရှလ္လုံ။ ရှလ္လုံ့သား၊ ယေကမိ။ ယေကမိသား၊ ဧလိရှမာတည်း။
42 ယေရမေလ၏ညီ ကာလက်သားများကား သားဦးမေရှာနှင့်ဟေဗြုန်မှစသော မ​ေရရှအနွယ်တို့တည်း။ 43 မေရှာ့သားကား၊ ဇိဖတည်း။ ဟေဗြုန့်သားများကား ကောရ၊ တာပွာ၊ ရေကင်၊ ရှေမတို့တည်း။ 44 ရှေမသားကား၊ ရာဟံ။ ရာဟံ့သား၊ ယော်ကောင်တည်း။ 45 ရေကင့်သားကား၊ ရှမ္မဲ။ ရှမ္မဲသား၊ မောန။ 46 မောနသား၊ ဗက်ဇုရတည်း။ ကာလက်နှောင်းမယားဧဖာသည် ခါရန်၊ မောဇ၊ ဂါဇက်တို့ကိုဖွား မြင်၏။ 47 ခါရန့်သားကား၊ ဂါဇက်တည်း။ ယာဒဲသားများကား ရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖတို့တည်း။ 48 ကာလက်နှောင်းမယား မာခါသည် ရှေဗာနှင့်တိရဟာနတို့ကိုလည်းကောင်း၊ 49 မာဒမန္နာ့အဘရှာဖ၊ မာခဗေနအဘရှေဝ၊ ဂိဗာ့အဘတို့ကိုလည်းကောင်း၊ ဖွားမြင်၏။ ကာလက်သမီးကား အာခသတည်း။ 50 ထိုသူတို့သည် ကာလက်သားမြေးဖြစ်ကြကုန်၏။ ဧဖရတ်သားဦးဟုရသားများကား၊ ကိရယတ်ယာရိမ့်အဘရှောဗလ။ 51 ဗက်လင့်အဘစာလမ၊ ဗက်ဂါဒါ့အဘ ဟာရပ်တို့တည်း။ 52 ကိရယတ်ယာရိမ့်အဘ ရှောဗလသားများကား၊ ဟာရောနှင့်မနဟေသိအမျိုး တစ်ပိုင်းတည်း။ 53 ကိရယတ်ယာရိမ့်အဆက်အနွယ်များကား ဣသရိ၊ ဖုဟိ၊ ရှုမသိ၊ မိရှရိတို့တည်း။ မိရှရိမှ ဇောရာသိနှင့်ဧရှတောလိတို့ ဆင်းသက်ကြ၏။ 54 စာလမသားများကား ဗက်လင်၊ နေတောဖာသိ၊ အတရုတ်၊ ဗက်ယွာဘ၊ ဇောရာသိဖြစ်သူ မနဟေသိအမျိုးတစ်ပိုင်း၊ 55 ယာဗက်မြို့၌နေသော စာရေးစု၊ တိရသိ၊ ရှိမသိ၊ စုခသိတို့တည်း။ ထိုသူတို့သည် ရေခပ်အမျိုး၏ အဘဟမ္မတ်မှ ဆင်းသက်သောကေနိအမျိုးဖြစ်ကြကုန်၏။