ဆာလံ။ 96
အချင်းမြေတစ်ပြင်လုံး၊ ထာဝရဘုရားထံသီချင်းသစ်ကိုဆိုလျက်၊ ထာဝရဘုရားအားသီချင်းဆိုကြလော့။ ထာဝရဘုရားထံသီချင်းဆိုလျက်၊ နာမတော်ကိုဩဘာဆက်လျက်၊ တစ်နေ့နောက်တစ်နေ့၊ အောင်မြင်တော်မူရာသတင်းကိုလွှင့်ကြလော့။ လူမျိုးခြားတို့၌ဘုန်းတော်ကိုလည်းေကာင်း၊ လူမျိုးခပ်သိမ်းတို့၌အံ့ဖွယ်ရာအမှုတော်များကိုလည်းေကာင်း၊ ကြော်ငြာကြလော့။ ထာဝရဘုရားသည်ကြီးမြတ်၍ အလွန်ချီးမွမ်းခြင်း၊ ဘုရားဟူသမျှထက် ခန့်ညားခြင်းကိုခံထိုက်တော်မူ၏။ လူမျိုးခြားတို့၏ဘုရားဟူသမျှသည်၊ အတုမျှသာဖြစ်ကြ၏။​ ထာဝရဘုရားမူကား၊ မိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏။ ဘုန်းတော်နှင့်ဂုဏ်တော်သည်၊ ရှေ့တော်၌လည်းေကာင်း၊ တန်ခိုးနှင့်အာနုဘော်သည်၊ သန့်ရှင်းရာဌာနတော်၌လည်းေကာင်း၊ တည်၏။ လူအမျိုးအနွယ်ခပ်သိမ်းတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူကြောင်းဝန်ခံ၍၊ ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူကြောင်းဝန်ခံကြလော့။ ပူဇော်သက္ကာပါလျက်၊ တံတိုင်းတော်များအတွင်းဝင်ကြလော့။ အချင်းမြေတစ်ပြင်လုံး၊ သန့်ရှင်းစွာဆင်ယင်၍၊ ထာဝရဘုရားကိုကိုးကွယ်လျက်၊ ရှေ့တော်၌တုန်လှုပ်ကြလော့။ 10 ထာဝရဘုရားစိုးစံတော်မူ၍၊ ဤလောကကိုမလှုပ်မရှားနိုင်အောင်တည်လျက်၊ လူအမျိုးမျိုးတို့ကိုမျှတစွာစီရင်တော်မူလိမ့်မည်ဟု လူမျိုးခြားတို့တွင်ပြောဆိုကြလော့။ 11 မိုးကောင်းကင်သည်ဝမ်းမြောက်ခြင်း၊ မြေပထဝီသည် ရွှင်လန်းခြင်း၊ သမုဒ္ဒရာနှင့်ကြွယ်ဝပြည့်စုံသမျှသည် ဟုန်းခြင်း၊ 12-13 လယ်ပြင်နှင့်ရှိရှိသမျှသည်ရွှင်မြူးခြင်းပြုကြစေ။ ထိုအခါတောရှိအပင်ဟူသမျှသည်၊ မြေကြီးသားတို့ကိုစီရင်ဆုံးဖြတ်ရန် ကြွရောက်ကြွလာတော်မူမည့်ထာဝရဘုရားရှေ့တော်တွင်၊ ကြွေးကြော်ကြလိမ့်မည်။ ကိုယ်တော်သည်လောကကို ဖြောင့်မတ်ခြင်းနှင့်လည်းေကာင်း၊ လူအမျိုးမျိုးကိုသစ္စာတော်နှင့်လည်းေကာင်း၊ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။