ဆာလံ။ 92
1-3 ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍၊ မြင့်မြတ်သောဘုရား၏ နာမတော်ကိုကျူးဧခြင်းငှာလည်းေကာင်း၊ တယောနှင့်တကွ၊ ကြိုးဆယ်ပင်တူရိယာ၊ စောင်းများကိုကြည်နူးစွာတီး၍၊ နံနက်အချိန်ကျေးဇူးတော်ကို၊ ညဉ့်အချိန်သစ္စာတော်ကိုေဖာ်ပြခြင်းငှာလည်းေကာင်း၊ သင့်မြတ်၏။ အိုထာဝရဘုရား၊ အမှုတော်အားဖြင့်အကျွန်ုပ်ကိုဝမ်းမြောက်စေတော်မူသည်ဖြစ်၍၊ လက်တော့်အမှုရှိသမျှကြောင့်ကြွေးကြော်ပါမည်။ အိုထာဝရဘုရား၊ အမှုတော်များသည်ကြီးမြတ်လျက်၊ အကြံအစည်တော်များလည်း၊ နက်နဲလှ၍၊ ဉာဏ်တုံးသူမသိ၊ မိုက်မဲသူနားမလည်ပါတကား။ 7-8 မြက်ပင်ကဲ့သို့လူဆိုးတို့ပေါက်ပွား၍၊ ဒုစရိုက်ပြုကျင့်သူရှိသမျှတို့ပွင့်လန်းခြင်းမှာ၊ ကိုယ်တော်သည် ကာလအစဉ်မြင့်မြတ်သောထာဝရဘုရားဖြစ်သည့်အလျောက်၊ ထာဝရပယ်ရှားရာခံရခြင်းငှာတည်း။ အိုထာဝရဘုရား၊ ရန်ဘက်၊ ရန်သူတော်တို့ပျက်စီး၍၊ ဒုစရိုက်ပြုကျင့်သူရှိသမျှတို့ကွဲလွင့်ကြလိမ့်တကား။ 10 အကျွန်ုပ်မှာမူ၊ စိုင်ချိုကဲ့သို့ဦးချိုရှည်မြင့်ခြင်း၊ ဆီသစ်နှင့်လိမ်းကျံခြင်းခံရလျက်၊ 11 ရန်သူတို့ကိုစက္ခုဖြင့်စီးကြည့်၍၊ တစ်ဘက်၌ထကြွသောလူဆိုးတို့အကြောင်း၊ သောတဖြင့်ကြားရပါပြီ။
12 သူတော်ကောင်းတို့သည်၊ စွန်ပလွံပင်ကဲ့သို့ပွင့်လန်းလျက်၊ လေဗနုန်သစ်ကတိုးပင်ကဲ့သို့ကြီးပွားလျက်၊ 13 ထာဝရဘုရား၏ဗိမာန်တော်တွင်ကောက်စိုက်ရာ၊ ငါတို့ဘုရားသခင့်တံတိုင်းတော်များအတွင်းပွင့်လန်း၍၊ အသက်ကြီးသောကာလ၌၊ 14 စည်ပင်စိမ်းလန်းလျက်အသီးသီးသဖြင့်၊ 15 ငါ့ကျောက်တောင်ဖြစ်သောထာဝရဘုရားဖြောင့်မတ်၍၊ အဓမ္မနှင့်ကင်းတော်မူကြောင်း၊ ဖော်ပြခွင့်ရကြလိမ့်သတည်း။