ဆာလံ။ 87
သန့်ရှင်းသောတောင်တန်း၌၊ တည်ထောင်တော်မူရာဇိအုန်မြို့တံခါးများကို၊ ယာကုပ်အမျိုး၏နေထိုင်ရာရှိသမျှထက်၊ ထာဝရဘုရားနှစ်သက်တော်မူ၏။ အိုဘုရားသခင်၏မြို့တော်၊ သင့်ကိုရည်၍၊ မင်္ဂလာစကားများကိုမိန့်တော်မူသည်မှာ၊ 87.4 ပါဠိ - ၒရာဟဗ်အိဂျစ်ပြည်နှင့်ဗာဗုလုန်မြို့သည်၊ ငါ့အသိအကျွမ်းတော်၊ ဖိလိတ္တိ၊ တုရု၊ ကုရှပြည်များသည်၊ မြို့တော်ဖွားများပါတကားဟု၊ ငါကြော်ငြာမည်။ ဇိအုန်မြို့နှင့်စပ်၍၊ ထာဝရဘုရားကိုယ်တော်တိုင်မြဲမြံစေတော်မူရာ၊ ဤမြို့၊ ထိုမြို့ကိုဖွားမြင်သည်ဟုဝန်ခံကြသည့်အလျောက်၊ ထာဝရဘုရားက၊ ဤလူမျိုးကိုမြို့တော်ဖွားဟု၊ လူမျိုးတို့စာရင်းသွင်းတော်မူလိမ့်မည်။ သီချင်းဆိုသူနှင့်တီးမှုတ်သူတို့ကလည်း၊ ငါပျော်မွေ့ရာရှိသမျှတို့သည်၊ သင်၌ရှိကြသည်ဟု ကျူးဧကြလိမ့်မည်ဟူ၍တည်း။