ဆာလံ။ 84
ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ စံရာတော်သည်၊ အလွန်နှစ်သက်ဖွယ်ဖြစ်လှပါ၏။ အသက်ရှင်တော်မူသောဘုရားထံ၊ နာမ်ခန္ဓာ၊ ရုပ်ခန္ဓာပါကြွေးကြော်ရာ၊ ထာဝရဘုရား၏တံတိုင်းတော်များကိုအကျွန်ုပ်စိတ်ဝိညာဉ်တသ၍မူးမော်လျက်ရှိလေစွတကား။ အိုဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ အကျွန်ုပ်၏ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ စာငှက်များသည်၊ အသိုက်ကိုလည်းေကာင်း၊ ပျံလွှားများလည်း၊ သားငယ်မွေးရာသိုက်မြုံကိုလည်းေကာင်း၊ ပူဇော်ရာပလ္လင်တော်များအထက်၊ ရှာ၍ရပါပြီ။ ကိုယ်တော်ကိုအစဉ်ချီးမွမ်းခွင့်ရသည့်အလျောက်၊ ဗိမာန်တော်၌နေထိုင်ရသူတို့သည် မင်္ဂလာရှိကြပါ၏။
လမ်းတော်မြတ်များကိုနှလုံးသွင်းလျက်၊ ကိုယ်တော်၌အားထားသောသူ၊ ငိုကြွေးရာချိုင့်ကိုလျှောက်သွားစဉ်၊ မိုးဦးကြောင့်ကောင်းကြီးများလွှမ်းခြုံ၍၊ စမ်းရေထွက်ရာအရပ်ဟုမှတ်သားသူတို့သည်၊ မင်္ဂလာရှိကြ၏။ အစဉ်တစိုက်အားတိုးတက်၍၊ ဇိအုန်မြို့တွင်ဘုရားသခင်ရှေ့ဖူးမေျှာ်ရကြပါ၏။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်ပဌနာကိုနာခံတော်မူပါ။ ယာကုပ်၏ဘုရားသခင်၊ နားညောင်းတော်မူပါ။ အကျွန်ုပ်တို့ဒိုင်းလွှားဖြစ်တော်မူသောဘုရားသခင်၊ ရှုကြည့်လျက်၊ ဘိသိက်တော်ခံမင်း၏မျက်နှာကို ထောက်ရှုတော်မူပါ။ 10 တံတိုင်းတော်အတွင်း၌ တစ်ရက်တာသည်၊ ရက်ပေါင်းတစ်ထောင်ထက်မြတ်သည့်အလျောက်၊ လူဆိုးတို့တဲများတွင် တစ်ဘဝလွန်သည်ထက်၊ အကျွန်ုပ်၏ဘုရားသခင့်ဗိမာန်တော့်အနီးပျပ်ဝပ်ခွင့်ကို သဘောကျပါ၏။ 11 ထာဝရဘုရားသခင်သည်၊ နေနှင့်ဒိုင်းလွှားဖြစ်တော်မူ၏။ ထာဝရဘုရားသည်၊ ကျေးဇူးတော်နှင့်ဘုန်းအသရေကိုသနား၍၊ စုံလင်စွာကျင့်ကြံသူတို့အား၊ ကောင်းသောအရာကိုငြင်းတော်မူမည်မဟုတ်။ 12 ဗိုလ်ခြေတို့အရှင်အိုထာဝရဘုရား၊ ကိုယ်တော်၌ကိုးစားသောသူသည် မင်္ဂလာရှိပါ၏။