ဆာလံ။ 63
အိုဘုရားသခင်၊ အကျွန်ုပ်ဘုရားသခင်ဖြစ်သောကိုယ်တော်ကိုစိတ်ဇောနှင့်ရှာဖွေပါမည်။ ရေမဲ့၍သွေ့ခြောက်နွမ်းရိသောပြည်တွင်၊ အသက်ဝိညာဉ်သည် ကိုယ်တော် ကိုငတ်မွတ်လျက်၊ ကိုယ်ခန္ဓာလည်း မောဟိုက်တသသည်နှင့်အညီ၊ ဘုန်းတန်ခိုးတော်ကိုရှုမြင်ရန်၊ သန့်ရှင်းရာဌာနတော်တွင်ဖူးမေျှာ်ပါ၏။ အသက်ရှင်ခြင်းထက်၊ မေတ္တာကျေးဇူးတော်ကောင်းမြတ်သည့်အတွက်၊ ကိုယ်တော်ကို နှုတ်မြွက်ချီးမွမ်းသည်နှင့်အညီ၊ အသက်ထက်ဆုံးဩဘာဆက်ခြင်း၊ နာမတော်အားဖြင့်လက်အုပ်ချီခြင်းပြုလျက်၊ ဆီဥခြင်ဆီသဖွယ် ကိုယ်တော်နှင့်သာရောင့်ရဲ၍၊ ရွှင်လန်းသော နှုတ်ခမ်းဖြင့်ချီးမွမ်းပါမည်။ 6-7 အိပ်ရာပေါ်တွင်ကိုယ်တော်ကိုသတိရသော်၊ မစတော်မူသောအရှင်ဖြစ်တော်မူသောကြောင့်၊ ညဉ့်ယံပတ်လုံးဆင်ခြင်လျက်၊ အတောင်တော်အရိပ်တွင်ခိုလှုံကြွေးကြော်ပါမည်။ ကိုယ်တော်ကိုအကျွန်ုပ်၏အသက်ဝိညာဉ်ထက်ကြပ်လိုက်ရှာရာ၌၊ ညာလက်တော်ဖြင့်လှမ်းကိုင်တော်မူပါ၏။ အကျွန်ုပ်အသက်ကိုဖျက်ဆီးရန်ရှာကြံသူတို့မူကား၊ မြေပထဝီနက်ရှိုင်းရာသို့ဆင်းရလျက်၊ 10 ဓားဘေးသင့်၍ တောခွေးစာဖြစ်ရကြလိမ့်မည်။ 11 ဘုရင်မင်းသည်၊ ဘုရားသခင်ကြောင့်ရွှင်လန်းခွင့်၊ သစ္စာတော်ခံသူအပေါင်းတို့လည်း၊ ဂုဏ်ရောက်ခွင့်ရကြလိမ့်မည်။ မုသာသုံးသူတို့နှုတ်မှာမူ၊ ပိတ်လျက်နေရကြလတ္တံ့။