ဆာလံ။ 62
ငါ့အသက်ဝိညာဉ်သည်၊ ဘုရားသခင်၌သာငြိမ်ဝပ်စွာနေရ၏။ ကယ်တင်ရာအကြောင်းသည်၊ အထံတော်မှရောက်လာ၏။ ကိုယ်တော်သာလျှင်၊ ငါ့အဖို့ကျောက်တောင်၊ ကယ်တင်ရာအကြောင်း၊ ရဲတိုက်သဖွယ်ဖြစ်တော်မူ၍၊ များစွာရွေ့ရမည်မဟုတ်။ လူတစ်ဦးကိုသတ်ရန်ယိမ်းယိုင်သောနံရံ၊ နဲ့သောခြံဝင်းကို ဖြိုဖျက်သကဲ့သို့၊ သင်တို့အပေါင်းသည် မည်မျှကြာတိုက်နေကြမည်နည်း။ ရာထူးမှတွန်းချခြင်းငှာသာကြံစည်ကြ၏။ မုသာကိုနှစ်သက်သည့်အလျောက်၊ နှုတ်ဖြင့်ကောင်းကြီးပေးလျက်၊ စိတ်နှလုံးဖြင့်ကျိန်ဆဲလျက်နေကြသည်တကား။
အချင်းငါ့အသက်ဝိညာဉ်၊ ဘုရားသခင်၌သာငြိမ်ဝပ်စွာနေလော့။ ငါစောင့်မေျှာ်ရာအကြောင်းသည် အထံတော်မှရောက်လာ၏။ ကိုယ်တော်သာလျှင်၊ ငါ့အဖို့ကျောက်တောင်၊ ကယ်တင်ရာအကြောင်၊ ရဲတိုက်သဖွယ်ဖြစ်တော်မူ၍၊ ငါရွေ့ရမည်မဟုတ်။ ငါကယ်တင်ခွင့်နှင့် ဂုဏ်ရောက်ခွင့်သည် ဘုရားသခင်၌တည်လျက်ရှိ၏။ ငါ့ကိုအားပေးသောကျောက်တောင်၊ ငါခိုလှုံရာကား၊ ဘုရားသခင်၌တည်လျက်ရှိ၏။ အချင်းလူမျိုးတော်၊ ဘုရားသခင်၌အခါခပ်သိမ်းကိုးစားလျက်၊ ရှေ့တော်၌ စိတ်နှလုံးကိုသွန်ပြကြလော့။ ဘုရားသခင်သည် ငါတို့အဖို့ခိုလှုံရာဖြစ်တော်မူ၏။ လူယုတ်တို့သည် အခိုးအငွေ့၊ လူမြတ်တို့သည် မုသာမျှသာဖြစ်ကြ၏။ အခိုးအငွေ့ဖြစ်လျက်၊ နှစ်မျိုးလုံးပင်၊ ချိန်ခွင်၌ ပေါလောနေ၏။ 10 အညှဉ်းအပန်း၌ကိုးစားခြင်း အလုအယက်ကြောင့်ဝင့်ဝါခြင်းမပြုကြနှင့်။ တိုးပွားသည့်ပစ္စည်းများကိုမစွဲလမ်းကြလင့်။ 11 ဘုရားသခင်သည် တစ်ကြိမ်တည်းဗျာဒိတ်ပေးတော်မူသည်မှာ၊ တန်ခိုးသည်ဘုရားသခင်နှင့်စပ်ဆိုင်သည်။ 12 အိုအရှင်ဘုရား၊ ကရုဏာလည်းကိုယ်တော်နှင့်စပ်ဆိုင်ပါသည်ဟူသော နှစ်ချက်ကိုငါကြားရ၏။ ကိုယ်တော်သည် လူအသီးအသီးတို့အား၊ ကိုယ့်အကျင့်အလျောက်ဆပ်ပေးတော်မူပါ၏။