ဆာလံ။ 61
အိုဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်သံကိုကြား၍၊ ပဌနာကိုနားညောင်းတော်မူပါ။ စိတ်ညှိုးငယ်သောအခါ၊ မြေကြီးအစွန်းအဖျားမှ၊ အကျွန်ုပ်အော်ဟစ်ပါမည်။ တက်၍မရောက်နိုင်သောကျောက်တောင်တော်သို့ပို့တော်မူပါ။ ကိုယ်တော်ပင်အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူပါ၏။ တဲတော်အတွင်း၌အစဉ်အမြဲတည်လျက်၊ အတောင်တော့်အောက်၌ ခိုလှုံပါမည်။ အိုဘုရားသခင်၊ အကျွန်ုပ်၏သစ္စာကတိများကိုနာခံလျက်၊ နာမတော်ကိုခန့်ညားသူတို့ပိုင်ထိုက်ရာကို၊ အကျွန်ုပ်အားသနားတော်မူပါပြီ။ ဘုရင်မင်းအားတစ်နေ့၊ နောက်တစ်နေ့ထပ်ဆင့်လျက်၊ နှစ်ပေါင်းကိုလည်း လူမျိုးအဆက်ဆက်ရှည်စေတော်မူပါ။ ဘုရားသခင့်ရှေ့တော်၌အစဉ်စံနေစေလျက်၊ မေတ္တာကျေးဇူးတော်နှင့်သစ္စာတော်သည်၊ စောင့်ထိန်းစေတော်မူပါ။ ထိုသို့သောအားဖြင့်၊ နာမတော်အားကျူးဧခြင်းပြုမြဲပြုလျက်၊ အစဉ်အတိုင်းသစ္စာဝတ်ဖြေပါမည်။