ဆာလံ။ 59
အိုအကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုရန်သူတို့လက်မှလွတ်မြောက်စေ၍၊ တစ်ဘက်၌ထကြွသူတို့ထံမှဆောင်တော်မူပါ။ အဓမ္မပြုကျင့်သူတို့ထံမှလွတ်မြောက်စေ၍၊ လူသတ်တို့လက်မှကယ်တော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ကျူးလွန်ခြင်း၊ အကျွန်ုပ်၏ပြစ်မှားခြင်းကြောင့်မဟုတ်ဘဲ၊ ခွန်အားကြီးသူတို့သည်၊ အကျွန်ုပ်အသက်ကို ချောင်းမြောင်းလျက်စုရုံးကြပါ၏။ ပြစ်မှုလည်းမဟုတ်ဘဲ၊ ခင်းကျင်းပြေးဝင်လျက်နေကြပါပြီ။ အကျွန်ုပ်ကိုစစ်ကူရန်နိုးထ ကြည့်ရှုတော်မူပါ။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်၊ ဣသရေလလူမျိုး၏ဘုရားသခင်၊ လူမျိုးခြားတို့ကိုဒဏ်ခတ်ခြင်းငှာနိုးထတော်မူပါ။ သစ္စာမဲ့ကျူးလွန်သူတစ်ဦးတစ်ယောက်ကိုမျှသ နားတော်မမူပါနှင့်။
သူတို့သည် ညဉ့်ဦးယံ၌၊ ခွေးကဲ့သို့ဟိန်းတုံ့ဟိန်းလျက်၊ မြို့ကိုလှည့်လှည်တတ်ကြ၏။ ပါးစပ်ကအမြှုပ်ထွက်လျက်၊ နှုတ်ခမ်းတွင်သန်လျက်ပါလျက်၊ မည်သူကြားလိမ့်မည်နည်းဟု ဆိုတတ်ကြသည်တကား။ အိုထာဝရဘုရား၊ ကိုယ်တော်ပြုံးရယ်၍လူမျိုးခြားအပေါင်းတို့ကို ကဲ့ရဲ့တော်မူပါ၏။ အိုအကျွန်ုပ်၏စွမ်းအား၊ ဘုရားသခင်သည် အကျွန်ပ်ရဲတိုက်ဖြစ်တော်မူသောကြောင့်၊ ကိုယ်တော်ကိုဖူးမေျှာ်ပါမည်။ 10 ဘုရားသခင်သည်၊ ကရုဏာတော်နှင့်အကျွန်ုပ်ကိုကြိုတင်၍၊ ရန်သူတို့အပေါ်တွင် စီးကြည့်ခွင့်ရစေတော်မူလိမ့်မည်။ 11 အကျွန်ုပ်တို့ဒိုင်းလွှားဖြစ်တော်မူသောအိုအရှင်ဘုရား၊ လူမျိုးချင်းတို့သတိမလစ်ကြစေရန်၊ မကွပ်မျက်ဘဲ၊ အလုံးအရင်းတော်အားဖြင့် ခွဲလွှင့်နှိမ့်ချတော်မူပါ။ 12 သူတို့ပြောမိသောစကားဖြစ်သော၊ နှုတ်ထွက်အပြစ်ကြောင့်လည်းေကာင်း၊ ကျိန်ဆဲသောစကားနှင့် မုသာစကားများကြောင့်လည်းေကာင်း၊ မိမိတို့မာန၌ပင်ကျော့မိပါစေသော။ 13 အမျက်တော်အားဖြင့်၊ ကုန်ခမ်းစေလျက် ဖျက်ဆီးပယ်ရှားတော်မူပါ။ သို့မှ၊ ယာကုပ်အမျိုးမှစ၍၊ မြေကြီးအစွန်းအဖျားတိုင်အောင်၊ ဘုရားသခင်အုပ်စိုးတော်မူကြောင်း သိစေတော်မူပါ။ 14 သူတို့သည် ညဉ့်ဦးယံ၌၊ ခွေးကဲ့သို့ဟိန်းတုံ့ဟိန်းလျက်၊ မြို့ကိုလှည့်လည်ကြရာ၊ အစာရှာလျက်ခေါက်တုံ့ခေါက်ပြန်လည်၍၊ 15 မဝဘဲတစ်ညဉ့်လုံးနေရကြလိမ့်မည်။ 16 အကျွန်ုပ်မူကား၊ တန်ခိုးတော်အကြောင်းသီချင်းဆိုခြင်း၊ နံနက်ယံ၌ ကရုဏာတော်အကြောင်းကြွေးကြော်ခြင်းပြုပါမည်။ ဒုက္ခရောက်သောကာလ၌၊ ကိုယ်တော်သည်အကျွန်ုပ်၏ရဲတိုက်၊ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပြီ။ 17 အိုအကျွန်ုပ်၏စွမ်းအား၊ ဘုရားသခင်သည် အကျွန်ုပ်ရဲတိုက်၊ အကျွန်ုပ်၏ကရုဏာတော်အရှင်ဘုရားဖြစ်တော်မူသောကြောင့်၊ ကိုယ့်တော့်ထံကျူးဧပါမည်။