ဆာလံ။ 50
အရှင်ထာဝရဘုရားသခင်သည်၊ ဗျာဒိတ်တော်ပေးလျက်၊ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင်မြေကြီးကိုခေါ်တော်မူ၏။ တင့်တယ်ခြင်းနှင့်ပြည့်စုံသောဇိအုန်မြို့တော်မှ၊ ဘုရားသခင်သည် ရောင်ခြည်လွှတ်တော်မူပြီ။ ငါတို့ဘုရားသခင်ကြွလာ၍၊ ဆိတ်ဆိတ်နေတော်မူမည်မဟုတ်။ ရှေ့တော်၌၊ မီးကျွမ်းလောင်လျက်၊ ပတ်လည်တော်၌၊ မိုးသက်မုန်တိုင်းသည်းထန်လျက်ရှိလိမ့်မည်။ လူမျိုးတော်ကိုစီရင်ဆုံးဖြတ်ခြင်းအလို့ငှာ၊ အထက်ကောင်းကင်သို့လည်းေကာင်း၊ မြေကြီးသို့လည်းေကာင်း၊ ခေါ်လျက်၊ မိသဟာယသက္ကာဖြင့်ငါနှင့်ပဋိညာဉ်ပြု၍၊ ကြည်ညိုသူတို့ကို အထံတော်သို့စုဝေးကြစေဟု မိန့်တော်မူသည့်အတိုင်း၊ ဘုရားသခင့်ကိုယ်တော်တိုင်၊ တရားမင်းဖြစ်၍၊ ဖြောင့်မတ်တော်မူခြင်းအကြောင်းကို၊ ကောင်းကင်ကြော်ငြာလိမ့်မည်။ အိုဣသရေလလူမျိုးတော်၊ နားထောင်ကြ။ သင်တို့ဘုရားဖြစ်သောငါဘုရားသခင်သည်၊ မိန့်ဆို၍သတိပေးမည်။ သင်တို့၏မိတ်သဟာယသက္ကာ၊ ငါရှေ့၌ အစဉ်ရှိသောမီးရှို့ရာသက္ကာများအတွက်၊ သင့်ကိုအပြစ်တင်မည်မဟုတ်။ သင်တို့တင်းကုပ်ရှိနွားပေါက်ကိုလည်းေကာင်း၊ သင့်ခြံရှိ ဆိတ်ထီးကိုလည်းေကာင်း၊ ငါခံယူမည်မဟုတ်။ 10 တောသားရဲရှိသမျှနှင့်၊ တောင်အထောင်အသောင်းများပေါ်နေတိရစ္ဆာန်များသည်၊ ငါပိုင်ဖြစ်၏။ 11 တောင်ပေါ်ရှိငှက်အသီးသီးကိုငါသိလျက်၊ လွင်ပြင်တွင်သွားလာသမျှကို မျက်မှောက်ပြု၏။ 12 အကယ်၍ ငါဆာမွတ်ခဲ့မူ၊ သင့်အားငါပြောမည်မဟုတ်။ ဤလောကနှင့်ကြွယ်ဝပြည့်စုံသမျှသည်၊ ငါပိုင်ဖြစ်၏။ 13 နွားထီးအသား၊ ဆိတ်ထီးအသွေးကို၊ ငါသုံးဆောင်ရမည်လော။ 14 ငါ့ဘုရားသခင့်ထံ၊ ကျေးဇူးတော်ချီးမွမ်းခြင်းကိုပူဇော်လျက်၊ မြင့်မြတ်သောဘုရားရှေ့သစ္စာဝတ်များကိုဖြေလော့။ 15 ဒုက္ခရောက်သည့်ကာလ ငါ့ကိုပဌနာပြုလျှင်၊ ငါကယ်လွှတ်သဖြင့်၊ ဘုန်းတော်ကိုချီးမြှောက်ခွင့်ရလိမ့်မည်။
16 လူဆိုးတို့အားလည်း၊ သင်သည် ငါ့ထုံးဖွဲ့ချက်များကိုကြားပြောခြင်း၊ ငါ့ပဋိညာဉ်တရားတော်ကိုနှုတ်မြွက်ခြင်းနှင့် မည်သို့ဆိုင်သနည်း။ 17 ဆုံးမပဲ့ပြင်ခြင်းကိုရွံရှာ၍၊ မိန့်ဆိုတော်မူချက်ကိုကျောခိုင်းပြီတကား။ 18 သင်သည်သူခိုးကိုမြင်သော်၊ သက်ဝင်လျက်၊ သူ့သားအိမ်ရာကိုပြစ်မှားသူတို့နှင့် ဆက်ဆံတတ်၏။ 19 နှုတ်ကိုဒုစရိုက်၌သွင်း၍၊ လျှာဖြင့်လိမ်လည်ခြင်းကိုစီမံတတ်၏။ 20 ထိုင်ပြီးလျှင်၊ ကိုယ့်ညီအစ်ကိုကိုစွဲဆိုလျက်၊ ကိုယ့်အမိ၏သားကိုအပြစ်တင်တတ်၏။ 21 ထိုသို့ပြုရာ၊ ငါဆိတ်ဆိတ်နေသဖြင့်၊ သင်နှင့်ထပ်တူဖြစ်ကြောင်း ထင်မှတ်သော်လည်း၊ သင့်အပြစ်ကို ငါဖော်ပြ၍၊ မျက်မှောက်တွင်ပင်၊ စီစဉ်ထားမည်ဟုငါဘုရားမိန့် ဆိုလေ၏။
22 ဘုရားသခင်မေ့လျော့သူတို့၊ ကယ်လွှတ်သူမရှိဘဲလျက်၊ ငါဆွဲဖြတ်ဒဏ်ကိုမခတ်စေခြင်းငှာ၊ ဤအချက်ဆင်ခြင်ကြလော့။ 23 ကျေးဇူးတော်ချီးမွမ်းခြင်းကိုပူဇော်သောသူသည်၊ ငါ့ဘုန်းကိုချီးမြှောက်လျက်၊ ငါဘုရားသခင့်ကယ်တင်ခွင့် ထင်ရှားရာလမ်းကိုပြင်ဆင်ရာရောက်၏။