ဆာလံ။ 5
အိုထာဝရဘုရား၊ အကျွန်ုပ်၏မြွက်ဆိုချက်ကိုနားညောင်း၍၊ စဉ်းစားချက်ကိုလည်းထောက်ရှုတော်မူပါ။ အိုအကျွန်ုပ်ဘုရင်၊ အကျွန်ပ်ဘုရားသခင်၊ အကျွန်ုပ်တောင်းလျှောက်သည်ဖြစ်၍၊ အော်ဟစ်သံကိုနားညောင်းတော်မူပါ။ အိုထာဝရဘုရား၊ နံနက်ယံ၌ အကျွန်ုပ်တောင်းလျှောက်သံကိုကြားရတော်မူလိမ့်မည်။ နံနက်ယံ၌ ပဌနာပြုလျက်စောင့်နေပါမည်။ ကိုယ်တော်သည် ဆိုးသွမ်းခြင်းကိုနှစ်သက်တော်မူသောဘုရားမဟုတ်ပါ။ အဆိုးသည် ကိုယ်တော်နှင့်အတူတည်းခိုရာမရပါ။ ရှေ့တော်၌မောက်မာသောသူတို့ရပ်တည်ရမည်မဟုတ်ပါ။ ဒုစရိုက်ပြုကျင့်သူရှိသမျှကို၊ ကိုယ်တော်မုန်းထား၍၊ မုသာသုံးသူတို့ကိုဖျက်ဆီးတော်မူမည်။ လူသတ်တို့နှင့်လှည့်စားသူတို့ကို ထာဝရဘုရားစက်ဆုပ်တော်မူ၏။ အကျွန်ုပ်မူကား၊ မေတ္တာကျေးဇူးတော်မြောက်မြားသည့်အလျောက်၊ စံရာတော်သို့ဝင်လာပါမည်။ ခန့်ညားသည့်အလျောက်၊ သန့်ရှင်းသောဗိမာန်တော်ရှေ့ပျပ်ဝပ်ရှိခိုး ပါမည်။ အိုထာဝရဘုရား၊ တပ်ပုန်းများကြောင့်၊ ဖြောင့်မတ်တော်မူခြင်းအတိုင်းလမ်းပြလျက်၊ အကျွန်ုပ်မျက်မှောက်၌နည်းလမ်းတော်ကို ဖြောင့်စေတော်မူပါ။ ထိုသူတို့နှုတ်၌သစ္စာမရှိ။ အတွင်းနှလုံးသည် ဆိုးယုတ်ခြင်းအတိ၊ လည်ချောင်းလည်းပွင့်နေသောသင်္ချၖိုင်းသဖွယ်ဖြစ်ပါလျက်၊ လျှာနှင့်ေမြှာက်ပင့်တတ်ကြပါ၏။ 10 အိုဘုရားသခင်၊ ထိုသူတို့ကိုအပြစ်စီရင်တော်မူ၍၊ ကိုယ့်အကြံအစည်ဖြင့်ပြိုလဲကြပါစေ၊ ကိုယ်တော်ကိုပုန်ကန်၍ကျူးလွန်မှုမြောက်မြားသည့်အလျောက်၊ နှင်ထုတ်တော်မူပါ။ 11 သို့မှကိုယ်တော်၌ခိုလှုံသူတို့သည်၊ ကွယ်ကာတော်မူမည်ဖြစ်၍၊ ကာလအစဉ်ရွှင်လန်းစွာကြွေးကြော်ကြပါမည်။ နာမတော်ကိုချစ်ခင်ကြည်ညိုသူတို့လည်း ကိုယ်တော်ကြောင့်အားရကြပါမည်။ 12 အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သူ့ကိုကောင်းကြီးပေး၍၊ ဒိုင်းလွှားသဖွယ်၊ ကျေးဇူးတော်နှင့်ကွယ်ကာခြံရံတော်မူလိမ့်မည်။