ဆာလံ။ 42
ဒုတိယတွဲ။
အိုဘုရားသခင်၊ ချောင်းမြောင်းရေကိုသမင်ဒရယ်တောင့်တသကဲ့သို့၊ အကျွန်ုပ်စိတ်ဝိညာဉ်သည်၊ ကိုယ်တော်ကိုတောင့်တပါ၏။ ငါ့စိတ်ဝိညာဉ်သည်၊ အသက်ရှင်တော်မူသောဘုရားသခင်ကိုငတ်လှ၏။ မည်သည့်အခါမှ ရှေ့တော်သို့ရောက်၍၊ ဖူးမေျှာ်ရပါမည်နည်း။ သင့်ဘုရားကား၊ အဘယ်မှာနည်းဟုနေ့ရှိသမျှလှောင်ပြောင်ကြစဉ်၊ ငါ့မျက်ရည်သည်နေ့ညဉ့်မပြတ်စားသောက်ဖွယ်ဖြစ်ရလေစွ။ ဘုရားသခင့်ဗိမာန်တော်သို့သွားရာကြွေးကြော်ခြင်း၊ ထောမနာပြုခြင်းအသံမြွက်ဆိုလျက်၊ ဘုရားဖူးသူလူပရိသတ်ကိုငါဦးဆောင်ခဲ့ရကြောင်း သတိရ၍၊ ငါ့စိတ်ဝိညာဉ် ကြေကွဲလျက်ရှိ၏။ အိုငါ့စိတ်ဝိညာဉ်၊ အဘယ့်ကြောင့်ညှိုးငယ်ရသနည်း။ အတွင်း၌အဘယ့်ကြောင့် မငြိမ်မဝပ်ရှိရသနည်း။ ဘုရားသခင်ကိုမေျှာ်လင့်လော့။ ငါ့အားမျက်နှာသာပေးတော်မူ သောအရှင်ကို၊ ငါချီးမွမ်းခွင့်ရဦးမည်။
အိုအကျွန်ုပ်ဘုရားသခင်၊ စိတ်ဝိညာဉ်သည်၊ အတွင်း၌ညှိုးငယ်လျက်ရှိပါ၏။ သို့ဖြစ်၍ယော်ဒန်မြစ်ဖြာရာ၊ ဟေရမုန်တောင်တန်းနှင့်မိဇရကုန်းမှ၊ ကိုယ်တော်ကိုအကျွန်ုပ် သတိရပါ၏။ ရေကျတော်များဟုန်းသံဖြင့်၊ ချောက်အချင်းချင်းခေါ်တုံ့ခေါ်ရာ၊ လှိုင်းတံပိုးတော်ရှိသမျှသည်၊ အကျွန်ုပ်ကိုလွှမ်းမိုးပါပြီ။ နေ့အခါတွင်၊ မေတ္တာကျေးဇူးတော်ကိုထာဝရဘုရားသနားတော်မူသည့်အလျောက်၊ ညဉ့်အခါတွင်၊ ကိုယ့်အသက်သခင့်ထံပဌနာပြုလျက်၊ ဂုဏ်တော်သီဆိုခွင့်ကိုရဦး မည်။ အကျွန်ုပ်ကိုအဘယ့်ကြောင့်မေ့တော်မူပါသနည်း။ ရန်သူနှိပ်စက်ခံရ၍၊ မှိုင်ကာမှိုင်ကာ၊ အဘယ့်ကြောင့်သွားလာရပါသနည်းဟု ငါ့ကျောက်တောင်သဖွယ်ဖြစ်တော်မူသော ဘုရားသခင့်ထံလျှောက်ထားမည်။ 10 ငါ့ရန်သူတို့က၊ သင့်ဘုရားကား၊ အဘယ်မှာနည်းဟု နေ့ရှိသမျှလှောင်ပြောင်လျက်၊ ငါ့အရိုးကိုချိုးဘိသကဲ့သို့ကဲ့ရဲ့တတ်ကြ၏။ 11 အိုငါ့စိတ်ဝိညာဉ်၊ အဘယ့်ကြောင့်ညှိုးငယ်ရသနည်း။ အတွင်း၌အဘယ့်ကြောင့်မငြိမ်မဝပ်ရှိရသနည်း။ ဘုရားသခင်ကိုမေျှာ်လင့်လော့။ ငါ့အားမျက်နှာသာပေးတော်မူသော ငါ့ဘုရားသခင်ကိုချီးမွမ်းရဦးမည်။